Tuesday, July 29, 2014

“ဦးနှောက်ကြောင်ကြောင် စိန်ပြောင်ပြောင် ရေဝေးကိုသာ သွားလိုက်ပါလား”

“ဦးနှောက်ကြောင်ကြောင် စိန်ပြောင်ပြောင် ရေဝေးကိုသာ သွားလိုက်ပါလား”

၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးကာလအတွင်း အာဏာရှင်နေ၀င်းရဲ့  တစ်ပါတီအာဏာရှင်စနစ်ပြုတ်ကျပြီးချိန်၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဖို့  ပြည်သူလူထုက တောင်းဆိုနေတာကို အသစ်တက်လာတဲ့ ပူပူနွေးနွေး ကြားဖြတ်သမ္မတ ဒေါက်တာမောင်မောင်က သြဂုတ်လ ၁၉ ရက်နေ့ မှာ “ပါတီစုံစနစ်ကို ကျင့်သုံးဖို့  ပြည်သူ့ ဆန္ဒခံယူပွဲကြီး ခံယူပါဦးမယ်” ဆိုပြီး ပြည်သူ့ ဆန္ဒလေ့လာရေးကော်မရှင်ကို ဖွဲ့ စည်းမယ်လည်းဆိုရော ဒီလောက်တောင် ပြည်သူလူထုက အုံးအုံးကြွကြွ တောင်းဆိုနေတာတောင် ဝေ့လည်ကြောင်ပတ်လုပ်နေပြီး၊ ကလိမ်ကကျစ်ကြဖို့  အချိန်ဆွဲဗျူဟာတွေနဲ့  ပြောနေတယ်ဆိုပြီး၊ နောက်နေ့  ပြည်သူလူထုအင်အားမြောက်မြားစွာဟာ အရင်နေ့ တွေကထက် ပိုများပြီး လမ်းမကြီးတွေပေါ်မှာ ကြွေးကြော်အော်ဟစ်ကြတာကတော့ “နဖူးပြောင်ပြောင် ဦးမောင်မောင် အရူးထောင်ကို ပို့ လိုက်ပါလား” တဲ့။

အခုလည်း ဒီလိုဘဲ ရူးချင်ယောင်ဆောင်ကာ ပတ်ချွဲနေတဲ့ ပျော့အိအိနဲ့ နံတဲ့ သိန်းစိန်တို့ ကလည်း ၄၃၆ ကို ပြင်ဖို့ အရေး ကလိမ်ကကျစ်လုပ်နေပြီး၊ တစ်ခါထပ်ပြီး PR အချိုးကျစနစ်ကို ကျင့်သုံး မကျင့်သုံးဖို့ ကော်မရှင် ဖွဲ့ ပြန်ပြီ။ ပြည်သူလူထုက ၄၃၆ ကို ပြင်ပေးဖို့ ၊ PR စနစ်ကို ကန့် ကွက်ကြောင်း ပြောဆိုနေတာတောင် ဝေ့လည်ကြောင်ပတ် အရူးကွက်နင်းပြပြီး မြန်မာပြည်အနာဂတ်ကို ထပ်ပြီး ဖျက်ဆီးဖို့  လုပ်နေပြန်ပြီ။

၁၉၈၈ ခုနှစ်က သမ္မတဟောင်း ဒေါက်တာ မောင်မောင်ကို ပြည်သူလူထုက လမ်းမတွေပေါ်ကနေ တစ်ခဲနက် ကြွေးကြော်အော်ခဲ့ကြတဲ့ “နဖူးပြောင်ပြောင် ဦးမောင်မောင် အရူးထောင်ကို ပို့ လိုက်ပါလား” ဆိုတဲ့စကားအတိုင်း အခုလည်း ပြည်သူလူထုက “ဦးနှောက်ကြောင်ကြောင် စိန်ပြောင်ပြောင် ရေဝေးကိုသာ သွားလိုက်ပါလား” လို့  ပြောရတော့မယ်။

PR အချိုးကျစနစ်ကို ကျင့်သုံး မကျင့်သုံးဖို့ ဘာကော်မရှင်မှ ဖွဲ့ စရာ မလိုပါဖူး။ ပြည်သူ့ လွှတ်တော်အတွင်း အကြံအဖန်သမားများ ၀င်ရောက်ခွင့်ကို ဖန်တီးသည့် PR အချိုးကျစနစ်အား ကန့် ကွက်ပါတယ်လို့  ရှင်းရှင်း ပြောပါတယ်။


No comments: