Saturday, August 9, 2014

ပြည်သူ့ အတွက် ဒို့ ရဲဘော်။

ပြည်သူ့ အတွက် ဒို့ ရဲဘော်။

၂၀၁၅ အကြို ပြည်သူလူထုထံ မဲဆွယ်ဖို့  ဗိုလ်ချူပ်ကြီးများရဲ့  နည်းဗျူဟာညွှန်ကြားချက်ကြောင့် ပြည်သူလူထုရှိရာ ဒေသတွေကို သွားရောက်ပြီး ဆေးကုပေးရတယ်၊ ရေဘေးဒုက္ခသည်တွေကို ကူညီပေးရတယ်။

ပြည်သူလူထုကို ဆေးဝါးကုသပေးနေကြတဲ့၊ ရေဘေးဒုက္ခသည်တွေကို ကူညီနေကြတဲ့အတွက်တော့ မွန်မြတ်တဲ့အလုပ်မို့  ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နေကြတဲ့ တပ်မတော်သားများကိုတော့ လေးစားပါတယ်။

သို့ သော်လည်း မေးခွန်းလေးများ ပေါ်ထွက်နေလို့ ပါ။

- ဒီလိုမျိုး ကူညီဆောင်ရွက်မှုများ ယခင်တုန်းကရော နှစ်စဉ်နှစ်တိုင်း ရှိခဲ့ဖူးပါသလား၊

- နောင်ကိုလည်း ဒီလိုမျိုး နှစ်စဉ်နှစ်တိုင်း ကူညီမှု မရှိတော့ဖူးဆိုရင် ဘယ်လိုမျိုး မြင်ပါသလည်း။

- အခြားသော ပြည်သူ့ လူထုကို ကူညီပေးနေကြတဲ့ ပရဟိတလူမှုအဖွဲ့ အစည်းတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်မှု ရှိနိုင်ပါသလား။

ရေဘေးဒုက္ခတွေ နှစ်ပေါင်းကြာရှည်စွာ ပြည်သူလူထု ကြုံတွေ့ နေရတာမို့  မြို့ ရွာတွေမှာ ရေနှုတ်မြောင်းတွေ ပိတ်ဆို့ နေတာ၊ ရေနှုတ်မြောင်းအသစ်တွေ မဖောက်လုပ်တာ၊ ရေဘေးကြုံရင် အသက်ဘေးအန္တရာယ်ကင်းဝေးအောင် ကြိုတင်စီမံပေးတာတွေကို ပြုလုပ်ဖို့  ကူညီနေကြတဲ့ ရဲဘော်တွေ အကြံဥာဏ်တွေလည်း ပေးခဲ့ကြပါဦး။

ပြီးတော့လည်း တပ်မတော်သားတွေ ပြည်သူလူထုအပေါ် ပြုကျင့်ရမယ့် စစ်သည်တော်ကျင့်ဝတ်တွေကိုလည်း အမြဲအစဉ် လိုက်နာပေးပါဦး။

၁။ ပြည်သူလူထုအပေါ်သစ္စာစောင့်သိ ရိုသေပါ။

၂။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ။

၃။ ပြည်သူလူထုနှင့် ယဉ်ကျေးစွာ ဆက်ဆံပါ။ ရေလို လလို ကျင့်ပါ။

၎။ ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ် ဦးထိပ်ထားပါ။

၅။ ပြည်သူလူထုအား လှောင်ပြောင်ခြင်း မထီမဲ့မြင်ပြုခြင်း စော်ကားမော်ကားပြုခြင်း ဆဲရေးတိုင်းထွာခြင်း ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို ရှောင်ကျဉ်ပါ။

၆။ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကျဉ်ပါ။

၇။ မိမိနှင့် မသက်ဆိုင်သော အမှုကိစ္စများတွင် ၀င်မစွက်မိဖို့ သတိပြုပါ။

၈။ ပြည်သူလူထုကို ဦးစားပေးပါ။ မိမိမှ အခွင့်အရေး ပိုမယူပါနှင့်။

၉။ ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ် ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူကျေနပ်ပါစေ။

၁၀။ ပြည်သူလူထု၏ ဘာသာအယူဝါဒ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားပါ။

ဒါနဲ့  ရဲဘော် - ပြည်သူ့ အတွက်ဆိုရင် အသက်ကိုတောင် ဘာမထီတဲ့ ရဲဘော် … ခါးလည်လောက်တောင် မရှိတဲ့ ရေမှာ သွားနေရင်း ၀တ်ထားတဲ့ အသက်ကယ်အင်္ကျီတွေကို ချွတ်ပြီး ရေဘေးဒုက္ခသည်တွေကို ပေးထားခဲ့ပါလား၊ လှေတွေကို ပေးထားခဲ့ပါလား။

နောက် ရေဘေး ထပ်ကြုံလို့  ရဲဘော်တို့  မရှိရင် သုံးလို့  ရအောင်ပါ။

ရဲဘော်တို့  ပြည်သူ့ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။







No comments: