Monday, August 11, 2014

လောက်ကောင်တစ်ဦးရဲ့  လုပ်ရပ်များ (သို့ ) ဒေါက်တာ မတင်ဝင်းရဲ့  အာဏာရှင်တွေအပေါ် ပေါင်းဖက်မှု။

လောက်ကောင်တစ်ဦးရဲ့  လုပ်ရပ်များ (သို့ ) ဒေါက်တာ မတင်ဝင်းရဲ့  အာဏာရှင်တွေအပေါ် ပေါင်းဖက်မှု။

အင်တာနက်စာမျက်နှာပေါ်မှာ ဒေါက်တာ မတင်ဝင်းရဲ့  ဓါတ်ပုံနဲ့ နောက်မှာ မြင်တွေ့ ရတဲ့ ကျောက်စာတိုင်ရယ်၊ မှတ်ချက်ရေးသားမှုတွေကို အင်တာနက်ပေါ်မှာ မြင်တွေ့ လိုက်ရတော့ ဒေါက်တာ မတင်ဝင်းဟာ အာဏာရှင်တွေရဲ့  ဒေါက်တိုင်စစ်စစ်ကြီးတစ်ယောက်ဆိုတာ ပြောပြချင်ပါရဲ့ ။

ကြေးမုံ မြန်မာ့အလင်းသတင်းစာတွေထဲမှာ ခေတ်အဆက်ဆက်ကတည်းက အာဏာရှင်တွေအကြိုက မူဝါဒရေးရာနဲ့  သမိုင်းရေးရာဆောင်းပါးတွေကို ရေးသားပေးနေခဲ့သူဖြစ်ရုံမက အာဏာရူးဗိုလ်ချူပ်ကြီးများနဲ့  ထိပ်တန်းအရာရှိကြီးများ အသိုင်းအ၀ိုင်းကို အနီးကပ် ပညာရပ်တွေ ပို့ ချသင်ကြားပေးခဲ့သူလည်း ဖြစ်ပါတယ်။ ယခုလက်ရှိထိလည်း အမာခံကျောထောက်နောက်ခံကြီး ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်အချိန်ကာလတုန်းက ဒေါက်တာ မတင်ဝင်းက နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ ဖွတ်တွေကို ရွေးပေးဖို့  တိုက်တွန်းတဲ့ ဟောပြောမှုတစ်ခု ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ကြီးမှူးကျင်းပတဲ့ လစဉ်ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲမှာ ဒေါက်တာ မတင်ဝင်းက “သမိုင်းစဉ်တွင် နေရာယူခြင်းနှင့် လူမှန်ရွေး၍ နေရာပေးခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောပါသတဲ့။ အာဏာရူေးတွကို မဲပေးဖို့  ဇောင်းပေးပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်က စလို့  မြန်မာနိုင်ငံရဲ့  သမိုင်းစဉ်ကြီးမှာ နေရာယူခဲ့ကြတဲ့ ပြည်သူ့ အာဏာကို လက်နက်နဲ့  ခြိမ်းခြောက်သိမ်းပိုက်ပြီး နေရာယူခဲ့ကြတဲ့ နေရာယူနေကြတာ မဆလ န၀တ နအဖ ခေတ်အဆ်ဆက်က အာဏာရူး နေ၀င်း သန်းရွှေ ဦးဆောင်တဲ့ ဗိုလ်ချူပ်ကြီးတွေ၊ အမျိုးသမီးရေးရာ ယခု ကြံ့ ဖွတ်ထိပ်တန်းခေါင်းဆောင်တွေအဆုံး အဲ့ဒီလူတွေဟာ လူမှန်တွေ မဟုတ်ဖူးဆိုတာ ပြည်သူလူထုတစ်ရပ်လုံး သိကြပါတယ်။

နောက် နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲမှာ ကိုယ့်လူကိုယ်တင် လက်ဝါးချင်းရိုက် စည်းဝါးကိုက်ပြီး ကိုယ့်အချိုးနဲ့ ကိုယ်ချိုးနေကြတဲ့ သိန်းစိန်တို့  ကြံ့ ဖွတ်တွေ၊ တစညလို အာဏာရူးအိုကြီးတွေရဲ့  ကိုယ်စားလှယ်တွေ၊ အမြှောင်အကပ်လုပ်တတ်ကြပြီး အရိုးအရင်းစားရလို့  စားရငြား စားခွက်ဝင်လုဖို့  ချောင်းနေခဲ့ကြတဲ့သူတွေဘက်ကနေ လိုက်ပြီး ဒေါက်တာ မတင်ဝင်း အာဏာရှင်အကြိုက် လိုက်ပြီး “သမိုင်းစဉ်တွင် နေရာယူခြင်းနှင့် လူမှန်ရွေး၍ နေရာပေးခြင်း” ခေါင်းစဉ်နဲ့ ဟောပြောခဲ့တာပါ။

သမိုင်းလိမ်တွေ ဆောင်းပါးတွေ အဆွယ်တရားဟောပြောမှုတွေကို လုပ်ရုံတင်မကဖူး အဆိုးဆုံးကတော့ ဒေါက်တာ မတင်ဝင်းဟာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ ဟောပြောပို့ ချမှု ပုံမှန်ပြုလုပ်ပေးခဲ့တာပါဘဲ။ ဒီအပြင် ဒေါက်တာ မတင်ဝင်း ဟာ အာဏာရူးဗိုလ်ချူပ်ကြီေးတွရဲ့  ထိပ်တန်းစစ်တက္ကသိုလ်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (National Defence College) မှာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့တာပါ။

ဒီ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ဆိုတာ အနိမ့်ဆုံးအဆင့် ဗိုလ်မှူးကြီးတွေ တက်ရောက်ကြရတဲ့ ထိပ်တန်းစစ်တက္ကသိုလ် ဖြစ်ပါတယ်။ အဲ့ဒီ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ် (၁) ကို ၁၉၉၄ ခုနှစ်ကနေ စတင်ခဲ့ပြီး အာဏာရူးကြီး သန်းရွှေရဲ့  အမာခံ စိတ်ချရတဲ့ လူယုံတော်ကြီး စစ်ဗိုလ်မှူးကြီးတွေကိုသာ ရွေးချယ်ပြီး သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကနေ ဆင်းခဲ့တဲ့သူတွေထဲက ဗိုလ်ချူပ်ကြီးတွေ ဖြစ်လာပြီးနောက် တိုင်းပြည်နဲ့  လူမျိုးကို ယခုထိတိုင် ဒုက္ခပေးနေတုန်းပါ။

ဒီနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ စီးပွားရေးဆိုင်ရာ ပို့ ချဆွေးနွေးမှုများကို စီးပွားရေးတက္ကသိုလ်က ပါမောက္ခချူပ်တွေ ပါမောက္ခတွေက ပို့ ချပြီး၊ နိုင်ငံတကာရေးရာ ပို့ ချဆွေနွေးမှုများကိုတော့ နိုင်ငံတကာဆက်ဆံရေးပညာဌာနနဲ့  ဥပဒေဌာနက ပါမောက္ခတွေက ပို့ ချဆွေးနွေးပါတယ်။ စစ်ရေးဆိုင်ရာ ပို့ ချမှုတွေကိုတော့ စီနီယာကျတဲ့ စစ်တပ်အရာရှိကြီးတွေက ပို့ ချပါတယ်။ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချူပ်ကြီးတွေ ဒုဗိုလ်ချူပ်ကြီးတွေဟာ ဒီ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ တက်ရောက်သင်ကြားခဲ့ဖူးသူတွေချည်း ဖြစ်ပါတယ်။

သိန်းစိန်တို့  လုပ်နေတဲ့ ညူကလီးယား စီမံကိန်းတွေ၊ ဥမင်လှိုဏ်ခေါင်းကိစ္စတွေ၊ အင်တာနက်ပိုင်းဆိုင်ရာ သတင်းဆိုင်ရာ တိုက်ခိုက်ထိုးနှက်မှုတွေ၊ စိတ်ဓါတ်ရေးရာ တိုက်ခိုက်မှုတွေ၊ ၀ါဒဖြန့် ချီရေး ဖန်တီးထိုးနှက်မှုတွေဟာ ဒီပို့ ချချက်တွေထဲကနေ ပေါက်ဖွားလာခဲ့ပြီး လက်တွေ့ အကောင်အထည်ဖေါ်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဒီလို ထိပ်တန်း စစ်တက္ကသိုလ်ကြီးဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ ဒေါက်တာ မတင်ဝင်းဟာ အကြံပေးပုဂ္ဂိုလ်အဖြစ် နိုင်ငံရေးဆိုင်ရာ ပို့ ချဆွေးနွေးမှုများကို ပြုလုပ်ခဲ့တယ်။

ရဟန်းရှင်လူပြည်သူတွေကို လက်နက်နဲ့  သတ်ဖြတ်ညဉ်းပမ်းနှိပ်စက်နေကြတဲ့ အာဏာရူးဗိုလ်ချူပ်ကြီးတွေ ဗိုလ်မှူးကြီးတွေကို ဒီလိုမျိုး အဆိပ်ပင် ရေလောင်းနေတဲ့ ဒေါက်တာ မတင်ဝင်းတို့ လို လောက်ကောင်တွေဟာ ပြည်သူ့ ရင်သွေး ကျောင်းသားကျောင်းသူများ သွေးမြေကြခဲ့ကြရတဲ့ မျက်နှာကိုမှ မထောက်ထားဘဲ အာဏာရူးတွေရဲ့  မျက်နှာကိုသာ ထောက်နေကြတဲ့ ဒေါက်တိုင်ကြီးတွေ ဖြစ်ကြပါတယ်။

ဒေါက်တာ မတင်ဝင်းလို လူစားမျိုးတွေ ရှိကြပါသေးတယ်။ ခေတ်ဟောင်းမှာရော ယခုခေတ်မှာရော ရှိနေကြတာမို့  အချက်အလက်တွေနဲ့  ဖော်ထုတ်ကြပြီး အများပြည်သူသိအောင် ဆောင်ရွက်ကြဖို့  လိုပါတယ်။ ဒါမှသာ နောက်ကွယ်ကနေ ပြည်သူပြည်သားတွေကို နောက်ကျော ဒါးနဲ့ ထိုးပြီး၊ အာဏာရှင်တွေကိုကြတော့ ဖက်ပေါင်းနေကြတဲ့ အဆိုပါသူတွေရဲ့  လုပ်ရပ်ကို သိသာထင်ရှားစွာ မြင်တွေ့ ရပြီး ပြည်သူလူထုအနေနဲ့  အဆိုပါလောက်ကောင်တွေရဲ့  ဒုက္ခဘေးက ရှောင်ရှားနိုင်မှာပါ။

နစ်နေမန်း။






No comments: