Thursday, August 28, 2014

သက်နိုင်ထွန်းအကြောင်း လူသိရှင်ကြား ဖော်ထုတ်ပါပြီ၊ သမ္မတဆိုသူ သိန်းစိန် ဘာလုပ်မှာလည်း။

သက်နိုင်ထွန်းအကြောင်း လူသိရှင်ကြား ဖော်ထုတ်ပါပြီ၊ သမ္မတဆိုသူ သိန်းစိန် ဘာလုပ်မှာလည်း။

သို့ -

သမ္မတကြီး ဦးသိန်းစိန် ( ဥက္ကဌ )

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၊ နေပြည်တော်။

ယခုရက်ပိုင်း အွန်လိုင်းစာမျက်နှာများပေါ်တွင် ပျံ့နှံ့လျှက်ရှိသော မန္တလေးတိုင်း ကြံ့ခိုင်ရေးပါတီ တိုင်းကော်မတီဝင် နှစ်ဦးဖြစ်သော ဦးသောင်းဝေနှင့် ဦးတင်ထွန်းတို့ရဲ့ ရွံ့ရှာစက်ဆုပ်ဖွယ် ကိစ္စများကို တွေ့မြင်သိရှိရပြီး၊ ၄င်းတို့ထက် ပိုမိုဆိုးရွားသော ဝန်ကြီးချုပ်ဦးရဲမြင့်၏ လက်ရုံးတပည့် ဖြစ်သူ ဒုဗိုလ်မှူးကြီးသက်နိုင်ထွန်းအကြောင်း တင်ပြအပ်ပါသည်။

ဒုဗိုလ်မှူးကြီးသက်နိုင်ထွန်း ဆိုသူမှာ မန္တလေးမြို့တော် စည်ပင်သာယာတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် ဝန်ကြီးချုပ်ဦးရဲမြင့်မှ တိုက်ရိုက်တာဝန်ပေး ခန့်ထားသူဖြစ်ပါသည်။ မန်းလေးစည်ပင်သာယာတွင် မြို့တော်ဝန် ဦးအောင်မောင်းအပါဝင် အားလုံးက ကြောက်ရွံ့မုန်းတီးသူ တစ်ယောက်ဖြစ်ပါသည်။

ယခုလက်ရှိဌာနတွင်း၌ ရာထူးတိုး ရာထူးခန့် စာမေးပွဲများ ဖြေဆိုရချိန်တွင် ဌာနတွင်းမှ ဝန်ထမ်းမိန်းကလေးများအားလုံးမှာ ဦးသက်နိုင်ထွန်း၏ လက်အတွင်းသို့ သက်ဆင်းရရှာသည်မှာလည်း အားလုံးအသိပင်ဖြစ်ပါသည်။ ငွေကိုလည်းယူတယ် လူကိုလည်း ယူတယ်ဆိုတဲ့ မန္တလေးစည်ပင်သာယာ သမိုင်းမှာတော့ ရာဇဝင်တွင်မည့်သူပဲ ဖြစ်ပါတယ်ခင်ဗျ။

ဝန်ကြီးချုပ်ရဲ့ မြှောက်စားအရေးပေးခြင်းခံရသလို ဦးသက်နိုင်ထွန်းမှလည်း ဦးရဲမြင့်စေခိုင်းသမျှ စည်ပင်သာယာတွင် တာဝန်ကျေစွာ ချုပ်ကိုင်ခြယ်လှယ်နိုင်သူ တစ်ယောက်ဖြစ်ပါသည်။
ယခုတွဲလျှက်ဖော်ပြသော သနားကြင်နာဖွယ် အမျိုးကောင်းသမီး မြန်မာမိန်းကလေးတစ်ဦးဖြစ်သူ မခင်ကိုထွဋ္ဋ်ဆိုသူ သမီးငယ်လေးမှာလည်း ဦးသက်နိုင်ထွန်းရဲ့ လူမဆန်သောလုပ်ရက်များကြောင့် ၄င်း၏ဆရာဖြစ်သူ ဝန်ကြီးချုပ်ဦးရဲမြင့်ထံ အကြိမ်ကြိမ် အသနားခံတင်ပြတိုင်ကြားပါသော်လည်း မည်သို့မျှ ကူညီဖြေရှင်းပေခြင်းမရှိပါ။

မခင်ကိုထွဋ္ဋ်ခမျာ အုပ်စုဖွဲ့၍ ခြိမ်းခြောက်ခြင်းပင် ခံခဲ့ရရှာပါသေးသည်။ ဦးသက်နိုင်ထွန်းနှင့်ရသော သားယောက်ျားလေးတစ်ယောက်ကို ၁၃နှစ်ကြာအောင် မိခင်မေတ္တာပြည့်ဝစွာဖြင့် ဝတ္တရားကျေပွန်စွာ စောင့်ရှောက်မွေးမြူလျှက်ရှိသော ဂရုဏာသက်ဖွယ် မြန်မာမိန်းကလေးတစ်ယောက်၏ ဘဝကို စာနာစိတ်ဖြင့် ရေးသားဖော်ပြရခြင်း ဖြစ်ပါသည်။

မန္တလေးမြို့၌ ဦးရဲမြင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးချိန်မှစ၍ စီးပွားရေးလုပ်ငန်းပေါင်းစုံနဲ့ လယ်၊ယာမြေများအားလုံးမှာ တရုတ်နိုင်ငံသားများ လက်အတွင်းသို့ ရာသက်ပန် ရောက်ရှိသွားပါပြီ ဖြစ်ပါသည်။ ထို့ပြင် ၄င်း၏ လူယုံလက်ပါးစေများကြောင့် အမျိုးကောင်းသမီးလေးများပါ နစ်နာပျက်စီးခံနေရပါသဖြင့် မျိုးချစ်စိတ်ရှိသူ တာဝန်သိပြည်သူတစ်ဦးအနေဖြင့် ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် မျိုးစောင့်ဥပဒေကို လွှတ်တော်သို့ သဝဏ်လွှာပို့ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ဆက်လက်အောင်ပွဲဆင်နိုင်ရန် ကြံရွယ်ထားသော သမ္မတကြီးခင်ဗျား ကျွန်တော်တို့ ဘိုးဘွားတွေ ပိုင်ဆိုင်ခဲ့တဲ့ တောတောင်ရေမြေနဲ့ အနာဂတ်မျိုးဆက်သစ် သားပျိုသမီးပျိုလေးများ ဘဝကို စိတ်ချယုံကြည်မှုရအောင် အရင်ဆုံး စောင့်ရှောက်နိုင်ပါစေလို့ တင်ပြလိုက်ပါသည်။



No comments: