Thursday, August 7, 2014

၁၉၈၈ ခုနှစ်၊ အာဏာရှင်နေ၀င်းရဲ့  နောက်ဆုံးမိန့် ခွန်းနဲ့  စကားထဲက ဇာတိပြတဲ့ ခြိမ်းခြောက်ရိုင်းစိုင်းမှု (မိန့် ခွန်းအပြည့်အစုံ)။

၁၉၈၈ ခုနှစ်၊ အာဏာရှင်နေ၀င်းရဲ့  နောက်ဆုံးမိန့် ခွန်းနဲ့  စကားထဲက ဇာတိပြတဲ့ ခြိမ်းခြောက်ရိုင်းစိုင်းမှု။

၁၉၆၂ ခုနှစ် ပြည်သူ့ အချုပ်အခြာအာဏာကို လက်နက်အားကိုးနဲ့  အာဏာသိမ်းခဲ့တဲ့ နေ၀င်းက တစ်ပါတီအာဏာရှင်စနစ်နဲ့  တိုင်းပြည်ကို ၂၆ နှစ်တာကြာအောင် အုပ်ချူပ်လာခဲ့ရာ ၁၉၈၈ ခုနှစ် ရောက်တော့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတစ်ရပ်လုံး နိုင်ငံတစ်ဝှမ်း ဆန္ဒပြကြတော့ နောက်ဆုံး နေ၀င်းအစိုးရ ပြုတ်ကျခဲ့ရပြီး အာဏာရှင်တစ်ပါတီစနစ်လည်း ပျက်သုန်းသွားခဲ့ရတယ်။

၁၉၈၈ ခုနှစ် မတ်လကနေစပြီး ဇူလိုင်လထိ ၅ လအတွင်းမှာ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး လျင်မြန်စွာ အရှိန်အဟုန်ကောင်းလာပြီး၊ မတ်လ ဇွန်လတွေမှာ အာဏာရှင်လက်ပါးစေ လုံထိန်းတပ်ဖွဲ့ တွေက ကျောင်းသားကျောင်းသူတွေကို ရက်ရက်စက် ပစ်ခတ်သတ်ဖြတ်မှုအပေါ် မခံမရပ်နိုင်ဖြစ်ကြတဲ့ ပြည်သူလူထုဟာ အာဏာရှင်ကို ပြန်လည်တုန့် ပြန်တဲ့အထိ ဖြစ်လာကြပြီး၊ အုပ်ချူပ်ရေးယန္တယားအတွင်း ယိုင်နဲ့ လှုပ်ခတ်လာချိန်မှာ အာဏာရှင်ကြီးနေ၀င်းဟာ ကောက်ကျစ်ယုတ်မာစွာနဲ့  ပြည်သူလူထုကို အချိုသပ်ပြီး တိုင်းပြည်ကို ပြန်လည်အုပ်စိုး ချုပ်ကိုင်ဖို့ အတွက် နားလှည့် ပါးရိုက် တစ်ပတ်ရိုက်ဖို့  စီစဉ်ပါတယ်။

၁၉၈၈ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့ မှာ အာဏာရှင်တစ်ပါတီဖြစ်တဲ့ နေ၀င်းရဲ့  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အရေးပေါ်ညီလာခံခေါ်ယူပြီး ရေဒီယိုနဲ့  ရုပ်မြင်သံကြားတွေကနေတစ်ဆင့် ပြည်သူလူထု ကြားသိမြင်တွေ့ စေတဲ့ မိန့် ခွန်းရှည်ကြီးကို အာဏာရှင်ကြီး နေ၀င်းက ပြောကြားခဲ့တယ်။

အာဏာရှင်ကြီးနေ၀င်းရဲ့  ဒီမိန့် ခွန်းရှည်ကြီးကို သေသေချာချာ ဖတ်ကြည့်စေချင်ပါတယ်။ အာဏာရှင်ကြီးနေ၀င်းရဲ့  ပြောစကားတွေဟာ အစပိုင်းမှာ ပြည်သူလူထုကို လေပြေလေးနဲ့  ပြောဆိုပြီး တစ်ဖြေးဖြေးနဲ့  ဇာတိရုပ်မဖျောက်နိုင်တဲ့ ဘီလူးလို ရိုင်းစိုင်းမောက်မာစွာနဲ့  ပြည်သူလူထုအပေါ် ရိုင်းပြစော်ကား ခြိမ်းခြောက်ပြောကြားတာကို တွေ့ မြင်ရပါလိမ့်မယ်။
အာဏာရှင်ကြီးနေ၀င်းရဲ့  ရိုင်းစိုင်းလွန်းလှသော ခြိမ်းခြောက်ပြောကြားသံကို ကြားလိုက်ရတော့ နားထောင်နေကြတဲ့ ပြည်သူလူထုဟာ ချက်ချင်းဘဲ တောက်ခေါက်သံတွေနဲ့  တီဗွီမျက်နှာပြင်ပေါ်မှာ မြင်တွေ့ နေရတဲ့ နေ၀င်းမျက်နှာကို ဖနောင့်နဲ့  ထပေါက်ချင်အောင် ဒေါသပေါက်ကွဲကုန်ကြတယ်။ အဆိုပါအချိန်က နေ၀င်းရဲ့  မိန့် ခွန်းကို နားထောင်မြင်တွေ့ ခဲ့ကြသူတွေ သိကြပါတယ်။

အာဏာရှင်ကြီးနေ၀င်းက သူ့ ရဲ့  မိန့် ခွန်းစစချင်းမှာဘဲ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ မှာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့  ကိုစိုးနိုင်တို့  အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်၊ မတ်လ ၁၆ ရက်နေ့  အင်းယားကန်ဘောင်မှာ ကျောင်းသားကျောင်းသူတွေ ရက်ရက်စက်စက်ပစ်သတ်ခံရတဲ့အဖြစ်အပျက်တွေမှာ နေ၀င်း အာဏာရှင်ရဲ့  လက်ပါးစေတွေလုပ်ရပ်တွေကို ဖုံးကွယ်ပြီး သွေးထွက်သံယိုအရေးအခင်းများဆိုတဲ့ စကားလုံးနဲ့  သုံးနှုံးပြီး စတင်စော်ကားပြောဆိုပါတယ်။

နေ၀င်းအာဏာရှင်အုပ်စုရဲ့ ၂၆ နှစ်တာ ဖိနှိပ်ချူပ်ခြယ်မှုနဲ့ မတရားအုပ်ချူပ်မှုတွကို ခါးသီးစွာခံစားနေကြရတဲ့ ပြည်သူလူထုရဲ့  ပေါက်ကွဲအုံကြွမှုတွေနဲ့  အာဏာရှင်စနစ် ကျဆုံးရေးကို လိုလားတောင့်တနေကြတဲ့ ပြည်သူလူထုရဲ့ ဆန္ဒတွေကြောင့် နည်းလမ်းတစ်ဖုံပြောင်းပြီး ပြည်သူလူထုအကြိုက် လိုက်လျောပြကာ အာဏာမပြုတ်ကျရေးအတွက်နဲ့ အာဏာရှင်စနစ်အသက်ဆက်နိုင်ဖို့ အတွက် ပါတီစုံစနစ်ကို ကျင့်သုံးဖို့  တစ်ပြည်လုံးလူထုဆန္ဒခံယူပွဲကျင်းပပေးမယ်ဆိုပြီး - လက်ရှိ အရှိန်အဟုန်ကောင်းလာနေတဲ့ အာဏာရှင်အစိုးရဆန့် ကျင်ရေး ဆန္ဒပြပွဲများအား လျော့ကျသွားစေရန်၊ အာဏာရှင်စနစ်အသက်ဆက်ဖို့  ပြင်ဆင်နိုင်ရန်ကို အချိန်ဆွဲဗျူဟာနဲ့  လှည့်ပတ်ဖို့  ရည်ရွယ်ပြောကြားခဲ့တယ်။

၁၉၆၂ ခုနှစ်မှာ ပြည်သူ့ အာဏာကို မတရားသိမ်းပိုက်ပြီးချင်းချင်း ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲကာ ကျောင်းသားကျောင်းသူများကို ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိခဲ့တဲ့ အာဏာရှင်နေ၀င်းဟာ လူသတ်ပွဲတွေ မကြာခဏဆိုသလို ဖန်တီးပေါ်ပေါက်စေခဲ့ပြီး၊ ၁၉၈၈ ခုနှစ် မတ်လ ဇွန်လမှာ ကျောင်းသားကျောင်းသူတွေကို ထပ်မံသတ်ဖြတ်ခဲ့တာကို သွယ်ဝိုက်ပြီး တာဝန်မကင်းဖူးဟုဆိုကာ သနားစရာ အသံပျော့လေးနဲ့  မိန့် ခွန်စာရွက်ကို တုန်တုန်ရီရီနဲ့ ကိုင်ကာ ပြောပါတော့တယ်။ တိုင်းပြည်တစ်ပြည်လုံးက မကျေမနပ် မခံမရပ်နိုင်ဖြစ်နေကြတဲ့ အခြေအနေကို သဘောပေါက်တဲ့ အာဏာရှင်နေ၀င်းဟာ ရုပ်ပျက်ဆင်းပျက် အာဏာပြုက်ကျပြီး အသက်ဘေးအန္တရယ်ပါ စိုးရိမ်ရတာကို သိရှိထိတ်လန့် ရုံမက၊ အာဏာရှင်စနစ် အလျဉ်းပျက်သုံးသွားမှာကို မလိုလားတဲ့အတွက် အဖတ်ဆယ်တဲ့အနေနဲ့ ရော အချိန်မှီအသက်ကယ် ပြင်ဆင်နိုင်ဖို့ ရော အာဏာရှင်တစ်ပါတီ မဆလပါတီဥက္ကဋ္ဌနေရာကနေ နှုတ်ထွက်ပါတယ်ဆိုပြီး ကန့် လန့် ကာနောက်ကွယ်ကို ၀င်ပြီး နောက်ကွယ်ကနေ ကြိုးကိုင်စီစဉ်ဖို့  ဟန်ပြင်ပါတော့တယ်။ တစ်ဦးတည်း နှုတ်ထွက်တာမဟုတ်ဘဲ သူ့ ရဲ့  အနီးကပ်လူယုံကြီးတွေကိုပါ အပါဆွဲထုတ်ကာ သူနဲ့ အတူ လုပ်နိုင်ဖို့  စီမံခဲ့တယ်။

ဒီအထိ ပြောကြားချက်တွေကို မျက်နှာက စိတ်မကောင်းစရာ အသံက တိုးပျော့ပျော့နဲ့  ကတုန်ကရင်ပြောဆိုနေတာကို ကြားသိမြင်တွေ့ နေကြသူအချို့ က အဟုတ်အောင်းမေ့ပြီး စုတ်တစ်သပ်သပ်နဲ့  သနားပြီး ပြောနေကြတာ လူမိုက်ကြီး နောင်တ ရရှာပြီပေါ့၊ ပါတီစုံစနစ်လည်း ကျင်းပပေးမယ်ဆိုတော့ ကျေးဇူးတင်သလို ဖြစ်နေကြတာ။

အာဏာရှင်ကြီး နေ၀င်း ဆက်ပြောတဲ့ နိုင်ငံရေးလောကက ထွက်ပြီး နိုင်ငံရေးကို ကျောခိုင်းတော့မယ်ဆိုတာ ကြေညာရင်း နိဂုံးချူပ်လိုပါတယ် ပြောပြီးနောက် - နိဂုံးချုပ်အဆုံးမသတ်နိုင်သေးဘဲ ဆက်ပြောလိုက်တဲ့ ပြောကြားချက်တွေကြောင့် ပြည်သူလူထုမှာ ဟာ ဟင် ဖြစ်ကုန်ကြကာ ပြောနေသူ အာဏာရှင်နေ၀င်းရဲ့ မျက်နှာအမူအယာနဲ့  လေသံဟာလည်း တစ်မဟုတ်ချင်း ပြောင်းလဲသွားပါတော့တယ်။

အာဏာရှင်ကြီးနေ၀င်းရဲ့  အာဏာရှင်ဇာတိကို မိန့် ခွန်းပြောနေလို့  နိဂုံးချူပ်ပါပြီပြောပြီးနောက်မှာ ထပ်ပြီး မကျေမနပ်နဲ့  ပြည်သူလူထုအပေါ်မှာ ပစ်ခတ်သတ်ဖြတ်ဖို့  ခြိမ်းခြောက်စကားပြောလိုက်ပါသေးတယ်။ နောက်ဆုံးမှာတော့ ၁၉၆၂ ခုနှစ်မှာ ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဒိုင်းနမိုက်နဲ့  ဖြိုခွဲဖျက်ဆီးမှု ကျောင်းသားကျောင်းသူတွေကို ပစ်ခတ်သတ်ဖြတ်မှုမှာ သူ့ တာဝန်မရှိကြောင်း တစ်ဖက်ရစကားနဲ့  ပြောပြီး အဆုံးသတ်သွားခဲ့တယ်။

အာဏာရှင်နေ၀င်းရဲ့  မိန့် ခွန်းရှည်ကြီးကို သေသေချာချာသာ ဖတ်ကြည့်ပါတော့။

အာဏာရှင်နေ၀င်းနဲ့  နေ၀င်းမျိုးဆက်တွေကို ကမ္ဘာကြေတောင် မကြေဖူး …… ။

အာဏာရှင်နေ၀င်း ပြောတဲ့ ရိုင်းစိုင်းမှုကို ကြည့်ချင်ရင်တော့ - http://www.youtube.com/watch?v=TDRK4z5JZxc














No comments: