Wednesday, August 6, 2014

အမိန့်  - နေပြည်တော်ကောင်စီဝင်တွေ တိုင်းဒေသကြီးနဲ့  ပြည်နယ်အစိုးရအဖွဲ့ ဝင်တွေ အမြန်လိုက်နာဆောင်ရွက်ပါ။

အရေးကြီးအမိန့် ။

သိပ်အရေးကြီးလို့  အမိန့် စာပို့ ဖို့ တောင် အချိန်မရလို့  အလျင်အမြန် ဖုန်းနဲ့  အထူး ညွှန်ကြားချက်ပါ။ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးရဲ့  အရေးပေါ်ညွှန်ကြားချက်၊ မဖြစ်မနေ လုပ်ရမယ်။

သြဂုတ်လ (၁၀) ရက်နေ့ မှာ ဘုန်းကြီး ၉ ပါး (သို့ ) ၁၀၅ ပါး ပင့်ပြီး ပရိတ်ရွတ်ကြဖို့ တဲ့။ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးရန်လင်းအောင်ရဲ့  အမိန့် ၊ ဒီအမိန့် ကို နေပြည်တော်ကောင်စီဝင်တွေ တိုင်းဒေသကြီးနဲ့  ပြည်နယ်အစိုးရအဖွဲ့ ဝင်တွေ အားလုံး လိုက်နာရမယ်။ လုပ်မယ့်အစီအစဉ်တွေကို မနေ့ က ဖုန်းနဲ့ အမိန့် ထုတ်တဲ့နေ့ တွင်းချင်းဘဲ ချက်ခြင်း ပြန်လည်တင်ပြရမယ်တဲ့။ အတော့်ကို အရေးကြီးတဲ့ နေ့ ချင်း အမိန့် ပါဘဲလား။

ရေကြီးတာတွေ မြေပြိုတာတွေ သဘာဝဘေးအန္တရာယ်တွေကို အန္တရာယ်ကင်းအောင် ထိုင်ပြီး ပရိတ်ရွတ်ဖတ်နေရုံနဲ့  ကင်းဝေးသွားမှာ ကျနေတာဘဲ။ ဒီလိုမျိုးရော လွန်ခဲ့တဲ့ နာဂစ်မုန်တိုင်းတုန်းက ကြိုတင်ပြီး လုပ်ပေးခဲ့ကြသလား။ ပြည်သူလူထုအပေါ် မေတ္တာထားပြီးများ လုပ်ပေးခဲ့သလား။

အခုတော့ သူတို့ တွေ သူတို့ မိသားစုတွေ အမျိုးအဆွေတွေ သေမှာကြတော့ ကြောက်တတ်နေလိုက်ကြတာ။ ဖြုတ်ဦးနှောက်နဲ့  သဘာဝဘေးအန္တရာယ်ကို ရွတ်ဖတ်ပြီး ကင်းဝေးအောင် လုပ်လို့ ရတယ်လို့  သေချာပေါက် တွေးကြတာဘဲ။

သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး လက်တွေ့ ပြင်ဆင်ဆောင်ရွက်မှုတွေ၊ ဘေးအန္တရာယ်ကျရောက်နေစဉ်မှာ အသက်ကယ်ဆယ်ရေးဆောင်ရွက်ချက်တွေ၊ နေရာပြန်လည်ချထားရေးနဲ့  နောက်ဆက်တွဲ ဘေးရောဂါတွေ မဖြစ်ရလေအောင် စီမံထားမှုတွေ မလုပ်ကြဘဲနဲ့  သူတို့  သေမှာ ကြောက်လွန်းနေပြီး တစ်လွဲလုပ်နေတာ။ လနဲ့  ကမ္ဘာနီးတာများ နှစ်တိုင်းမှာ ခဏခဏ ဖြစ်နေတာ အဆန်းလုပ်ပြီး၊ မြန်မာပြည်ဘဲ နီးကပ်တယ် အခြားနိုင်ငံတွေအနား မကပ်ဖူးတာ ကျနေတာဘဲ။ အခြားနိုင်ငံတွေမှာ လုပ်သင့်လုပ်ထိုက်တာ ကြိုတင်စီမံထားကြပါတယ်။ ခင်ဗျားတို့ ကြမှ ကွက်ပြီး ကြောက်တတ်နေလိုက်ကြပြီး လကို အတာချနေတယ်။

အဲ့ဒီ အမိန့် ထုတ်တဲ့သူနဲ့  အမိန့် ထုတ်ခိုင်းတဲ့သူနဲ့  နေပြည်တော်ကောင်စီဝင်တွေ တိုင်းဒေသကြီးနဲ့  ပြည်နယ်အစိုးရအဖွဲ့ ဝင်တွေကို မိုးကြိုးသာ ပစ်ချလိုက်ပါတော့။

(ပေးပို့ လာသော အစိုးရအဖွဲရုံးမှ ၀န်ထမ်းတစ်ဦးအား အထူးကျေးဇူးတင်ရှိပါသည်)။

မှတ်ချက် - တကယ်တော့ သြဂုတ်လဟာ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး နှစ်ပါတ်လည်ကျရောက်တဲ့ လဖို့  ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်းမှာ အသက်ဆုံးရှုံးခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ပြည်သူလူထုရဲ့ ၀ိညဉ်တွေရဲ့ ကြိမ်းဝါးသံတွေကို ကြောက်နေကြပြီး ပရိတ်ရွတ်တာပါ။



No comments: