Thursday, August 14, 2014

ရိုင်းစိုင်းယုတ်မာတဲ့အဖိုးက တိုင်းပြည်ကို အနှစ် ၂၆ နှစ်တာ ဒုက္ခပေးခဲ့တယ်၊ ယခု ကောက်ကျစ်စဉ်းလဲတဲ့ မြေးတွေက ထပ်ပြီး ဒုက္ခပေးဖို့  လုပ်နေကြတယ်။

ရိုင်းစိုင်းယုတ်မာတဲ့အဖိုးက တိုင်းပြည်ကို အနှစ် ၂၆ နှစ်တာ ဒုက္ခပေးခဲ့တယ်၊ ယခု ကောက်ကျစ်စဉ်းလဲတဲ့ မြေးတွေက ထပ်ပြီး ဒုက္ခပေးဖို့  လုပ်နေကြတယ်။

“အေးနေဝင်တို့ အာဏာရူးပုံ-အပိုင်း(၁) - "စစ်စိမ်းရောင်ကားများဖြင့် ရမ်းနေဆဲအေးနေဝင်း”

13 August 2014

ကျနော့အနေနဲ့တစ်ဘက်သားကို သုံးသပ်တဲ့အခါမှာ ကောလဟလနဲ့ အမုန်းတရားကို လုံးဝအခြေခံမှာမဟုတ်ဘဲ အနီးစပ်ဆုံးနဲ့ယုံကြည်ရတဲ့ကိုးကားမှုမျိုးကိုသာ အခြေခံရေးသားမယ်ဆိုတာ ဦးစွာပထမတင်ပြလိုပါတယ်။

အေးနေဝင်တို့ဟာ ၂၀၁၃ ဒီဇင်ဘာဝန်းကျင်လောက်မှာ ထောင်ကပြန်ထွက်လာပါတယ်။ ဒီမှာအေးနေဝင်တို့ဟာ တခြားလူ (ဦးခင်ညွန့်စသည်)တို့နဲ့မတူပဲ အရွယ်လည်းရှိတဲ့အလျောက် သူတို့ရဲ့အာဏာရူးမှု၊ နောင်တမရသေးဘဲ အခုချိန်ထိအရှိန်အဝါသုံးရန်ကြိုးပမ်းနေမှုတို့ကို အံ့ဩဖွယ်ကောင်းအောင်တွေ့လိုက်ရတဲ့အတွက် ပြည်သူလူထုသိအောင် ရေးသားတင်ပြလိုက်ပါတယ်။

အေးနေဝင်နဲ့ သူ့မိသားစုဟာ ၂၀၁၄ မတ်လကုန်ပိုင်းမှာ အမှတ်(၁)မင်္ဂလာဒုံတပ်မတော်ဆေးရုံမှာ အလှူလုပ်ခဲ့တယ်လို့ သတင်းရပါတယ်။ ပုံမှန်အလှူလုပ်တာကို ဘာမှမပြောလိုပေမယ့် သူတို့လုပ်ပုံကသူတို့ စစ်တပ်ကိုဩဇာညောင်းတယ်လို့ ဖေ့ဘုတ်မှာတင်ဖို့ အရေးအလှူလုပ်သလိုဖြစ်နေပါတယ်။

အဲ့ဆေးရုံမှာ တာဝန်ကျအရာရှိတစ်ဦးက သူမျက်မြင်တွေ့ခဲ့ရတဲ့အတိုင်းအခုလိုပြောခဲ့ပါတယ်။

"အေးနေဝင်တို့ညီအကိုသုံးယောက်က တစ်ယောက်ကို Cadillac (သို့) Lincoln ကားတစ်စီးစီနဲ့ လာပါတယ်။ အံ့ဩဖို့ကောင်းတာက စစ်စိမ်းရောင်ကားနှစ်စီးကို ရှေ့ပိတ်၊နောက်ပိတ် နှစ်စီးညှပ်ပြီး (သူနဲ့အတူထောင်ထဲကထွက်လာသူတွေလို့ယူဆရတဲ့) လူတွေကို ယခုနိုင်ငံတော်အဆင့် လူကြီးများလုံခြုံရေးယူသလို လည်ကတုံး၊ ပုဆိုးအပြည့်နဲ့ပါလာတာတွေ့ရပါတယ် (ပုံတွင်မျှားအမည်းပြထား)။ စစ်စိမ်းရောင်ကားကို ရဲကားတွေလို နီ၊ပြာ မီးတန်းတပ်ထားတာလည်း တွေ့ရပါတယ်။ ပိုဆိုးတာက ဗိုလ်ချုပ်ထွန်းထွန်း(ဆေးရုံအုပ်/မျှားအနီပြထား)နဲ့တွေ့တဲ့အခါမှာ သူတို့မိသားစုကခပ်တည်တည်နဲ့ ရှေ့ဆုံးခုံမှာဝင်ထိုင်ပြီး သူ့လူမိုက်လိုလို၊လုံခြုံရေးလိုလိုလူတွေက သူတို့အနောက်မှာမတ်တတ်ရပ်စောင့်ပါတယ်။

ကျနော်တို့တပ်အစဉ်အလာအရ ရာထူးကြီးတဲ့လူကသာထိပ်ခုံမှာထိုင်ရပါတယ်။ လေးစားလွန်းရင်အိမ်ရှင်နဲ့ ဧည့်သည်တန်းတူသာထိုင်ပါတယ်။ အခုလိုလုပ်တော့ ဆေးရုံအုပ်ကဘာမှမပြောပေမဲ့ သူတို့အာဏာရူးတာ အားလုံးကိုချပြသလိုဖြစ်သွားပါတယ်။ သူတို့တကယ်လုပ်ချင်တာက ရှိုးပွဲလိုဟာမျိုးနဲ့ စစ်ဆေးရုံမှာ စစ်သည်တွေနဲ့ပျော်ဟယ် ပါးဟယ်လုပ်ချင်ပေမဲ့ အထက်ကခွင့်မပြုဘူးလို့သိရပါတယ်။ သူ့လူတွေကလည်း ကင်မရာရော၊ ဖုန်းတွေနဲ့ရော ဓာတ်ပုံလိုက်ရိုက်နေတာတွေ့ရပါတယ်" ဟူပြောပါတယ်။

ဒီလိုကားကိုစစ်စိမ်းရောင်သုတ်ပြီး ရဲကားတွေလို နီ၊ပြာ မီးတန်းနဲ့ လူမိုက်တစ်သိုက်နဲ့ လျှောက်သွားနေတဲ့ အေးနေဝင်းတို့ကို အစိုးရက ဘာမှအရေးမယူဘူးလားလို့မေးလိုပါတယ်။

ဒုတိယပိုင်းအနေနဲ့အေးနေဝင်းကို အသက်ပြန်သွင်းနေတဲ့ အဓိကလူတွေဖြစ်တဲ့ သန္တာလှိုင် (မော်ဒယ်)၊ ကျော်ဇင်သိန်း (ဒုဗိုလ်ချုပ်ကြီးသာအေး သားမက်ဟောင်း)၊ ဂုဏ်ရည်အေးကျော် (မော်ဒယ်)၊ အတီး (Mikko coffemix) ကျော်ဇောအောင် (လေချုပ်ဟောင်းတင်ထွန်း သားမက်) အကြောင်းတွေကို ဓာတ်ပုံများနဲ့တကွ အတိအကျ တင်ဆက်ပေးပါ့မယ်။

ကျနော် 'သတင်းထောက် X' ပါ။ ကောလဟလနဲ့အမုန်းတရားကိုလုံးဝအခြေခံမှာမဟုတ်ဘဲ အနီးစပ်ဆုံးနဲ့ယုံကြည်ရတဲ့ကိုးကားမှုမျိုးကိုသာ အခြေခံရေးသားမယ်ဆိုတာ ထပ်မံပြောကြားလိုပါတယ်။

ဗိုလ်ချုပ်ထွန်းထွန်း (ဆေးရုံအုပ်/မျှားအနီပြထား)၊ အေးနေဝင်း လုံခြုံရေး (ပုံတွင် မျှားအမည်းပြထား)။

http://8888newgenerations.blogspot.ca/2014/08/blog-post_917.html#.U-taFe2hRrA.facebook မှ ရေးသားချက်အား ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။


No comments: