Saturday, August 9, 2014

အမျိုးသမီးများနှင့် ပတ်သက်၍ စစ်သားများအတွက် ဥပဒေများတဲ့၊ မြန်မာပြည်သူ အမျိုးသမီးတွေ မှတ်သားထားဖို့  သိထားဖို့ ။

အမျိုးသမီးများနှင့် ပတ်သက်၍ စစ်သားများအတွက် ဥပဒေများတဲ့၊ မြန်မာပြည်သူ အမျိုးသမီးတွေ မှတ်သားထားဖို့  သိထားဖို့ ။

ကိုယ်ဟန်ပျက်လောက်အောင် ကိုယ်နှုတ်အမူအယာလုပ်သည်နှင့် ပြစ်မှုပုဒ်မ(၅၀၉) အရ ထောင်ဒဏ် (၁)နှစ် အပြစ်ပေးခံရဖို့ ဥပဒေက ပြဌန်းထားပါတယ်။ သားပြောမယားပြော ပြောတာ၊ အိမ်မှာနေတုန်း လာချောင်းတာ တို့ ဆိုလျှင်တော့ အဆစ်တွဲ စစ်ဘက်ဥပဒေလေးတွေပါ ထည့်ပေါင်းပြီး ထောင် ၅ နှစ် အထက် ကျစေလောက် သည့် ဥပဒေ ရှိပါတယ်။

မိန်းကလေး တစ်ယောက်ကို တွေ့လို့ ရည်းစားစာပေးတာ၊ အလိုမတူဘဲ နမ်းတာ၊ လမ်းပိတ်စကား ပြောတာမျိုး ဆိုရင်တော့ ပုဒ်မ (၃၅၄) အရ ထောင် ၂ နှစ်အထိ ကျစေပါတယ်။ လူပျို စစ်သားတစ်ယောက်နဲ့ ရည်းစားဖြစ်လို့ လက်လွန် ခြေလွန် ဖြစ်ကာမှ မယူပါဘူးလို့ ဆိုလာရင်တော့ ပုဒ်မ(၄၁၇)၊ (၄၉၇) နဲ့ တပ်မတော်ဥပဒေပုဒ်မ ၄၁ (င) အရ ထောင် ၁ နှစ်မှ ၅ နှစ် အထိ ကျစေပါတယ်။ သူများ မယားကြာခိုလို့ကတော့ ဥပဒေပုဒ်မ(၇၁)နဲ့ နယ်ဘက် ပုဒ်မ (၄၉၇) အရ ခြွင်းချက်မရှိ ထောင်(၅)နှစ် အတိပါပဲ။

ဥပဒေဆိုတာ နောက်တန်းမှာ ရှေ့ တန်းမှာ မခွဲခြားသလို၊ အောက်ခြေတပ်သား အထက်အရာရှိ မခွဲခြားပါ။

ကဲ … မြန်မာပြည်သူ အမျိုးသမီးတွေ သိထား မှတ်ထားလိုက်ပါဦး။ ထို့ အတူ တပ်မတော်ရဲ့  ဂုဏ်သိက္ခာကို ကျစေတဲ့ ဒီလုပ်ရပ်လုပ်သူ ရမ်းကားသူများ ရှိရင်လည်း တပ်မတော်သားကောင်းတွေကိုယ်တိုင်က ဖော်ထုတ် အရေးယူ တိုင်ကြားပေးစေလိုပါတယ်။ ဒါမှသာလျှင် ပြည်သူချစ်တဲ့ တပ်မတော်အဖြစ် ဂုဏ်သိက္ခာ ရှိမှာပါ။



No comments: