Sunday, August 24, 2014

အီဘိုလာ (Ebola) ရောဂါ၊ ZMapp ဆေးဝါးနဲ့  မြန်မာပြည်ရဲ့  ဤဗိုလ်လာ ဘေးအန္တရာယ်။

အီဘိုလာ (Ebola) ရောဂါ၊ ZMapp ဆေးဝါးနဲ့  မြန်မာပြည်ရဲ့  ဤဗိုလ်လာ ဘေးအန္တရာယ်။

ဇီမက်လို့ ခေါ်တဲ့ ဆေးနဲ့  စမ်းသပ်ကြည့်လို့  လောလောဆယ် အီဘိုလာရောဂါဝေဒနာသည်နှစ်ဦး အခြေအနေကောင်းသွားတယ်ဆိုတဲ့ သတင်းပေါ်ထွက်လာခဲ့ပါတယ်။ ဇီမက်ဆေးရဲ့  အဓိကလုပ်ဆောင်ချက်ကတော့ ဗိုင်းရပ်ဆဲလ်တွေ အလုပ်မလုပ်နိုင်အောင် ပြုလုပ်တဲ့ ဆေးဖြစ်တယ်လို့  သိရှိရပါတယ်။

ဒီဆေးကို လောလောဆယ်မှာ စမ်းသပ်အဆင့်အနေနဲ့ သာ ရှိပြီး လူသားတွေကို ကုသပေးဖို့  ခွင့်ပြုတဲ့အနေအထား မဖြစ်သေးပါဖူး။

သို့ သော်လည်း အီဘိုလာလို ရောဂါမျိုး ပျောက်အောင် ကုသနိုင်ပြီး ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်တွေက အီဘိုလာဝေဒနာရှင်တွေအတွက် များများစားစား ထုတ်လုပ်ပေးနိုင်တယ်ဆိုရင်တော့ ကပ်ရောဂါဘေးကြီးတစ်ခုကနေ ကင်းလွတ်နိုင်မယ်လို့  မျှော်လင့်မိပါတယ်။

အခုတစ်လော မြန်မာပြည်မှာ အီဘိုလာရောဂါ ရောက်ရှိမှု ကျိန်းသေမသိရသေးပေမယ့်၊ နှစ်ပေါင်းမြောက်မြားစွာကတည်းက ရှိနေတဲ့ “ဤဗိုလ်လာ” ဒုက္ခကတော့ အခုထိ ပြည်သူလူထု ခံနေရတုန်းပဘဲလို့  ပြောနေကြပါတယ်။ “ဤဗိုလ်လာ” ဆိုတာကတော့ နိုင်ငံ့အုပ်ချူပ်ရေးမှာ အာဏာရှင်ဗိုလ်ချူပ်ကြီး နေ၀င်းလက်ထက်က စလို့  ယခုလက်ရှိ ဗိုလ်ချူပ်ကြီးဟောင်းများ ရှိနေတာကို ဆိုလိုတာပါတဲ့ဗျာ၊ ဤ (ဒီ) ဗိုလ်လာလိုက် ဟိုဗိုလ်လာလိုက်နဲ့  ဆိုတာပေါ့၊ ပြည်သူလူထု ဘေးဆိုးကျရောက်ခံနေရတာမို့  “ဤဗိုလ်လာ” က “အီဘိုလာ” ထက် ဆိုးပါကြောင်း။

(ဇီမက် ZMapp ဆေးအကြောင်း http://wapo.st/1l3qyOH )။


No comments: