Wednesday, September 24, 2014

မြန်မာနိုင်ငံရဲ့  သမ္မတရာထူးအပါအ၀င် နိုင်ငံ့ခေါင်းဆောင်အဖြစ် လုံးဝ လက်မခံနိုင်သူများ။

မြန်မာနိုင်ငံရဲ့  သမ္မတရာထူးအပါအ၀င် နိုင်ငံ့ခေါင်းဆောင်အဖြစ် လုံးဝ လက်မခံနိုင်သူများ။

အာဏာရှင်နေ၀င်းနဲ့  သန်းရွှေတို့ ရဲ့  အမျိုးနွယ်ဝင်ဖြစ်သူ မည်သူကိုမျှ မြန်မာနိုင်ငံရဲ့  သမ္မတရာထူးအပါအ၀င် နိုင်ငံ့ခေါင်းဆောင်အဖြစ် လုံးဝ လက်မခံပါဖူး။

စစ်အာဏာရှင်အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ မဆလ န၀တ နအဖအစိုးရအဖွဲ့ ဝင် ဖြစ်ခဲ့ကြသူများအားလုံး၊ ဗိုလ်ချုပ် ဗိုလ်ချုပ်ကြီးများအားလုံးကို မြန်မာနိုင်ငံရဲ့  သမ္မတရာထူးအပါအ၀င် နိုင်ငံ့ခေါင်းဆောင်အဖြစ် လုံးဝ လက်မခံပါဖူး။

စစ်အာဏာရှင်အစိုးရလက်ထက် စစ်အာဏာရှင်နဲ့  ပူးပေါင်းပြီး ကြွယ်ဝချမ်းသာခဲ့ကြတဲ့ ကြွယ်ဝချမ်းသာနေကြသူ ကိုယ်ကျိုးသမား စီးပွားရေးသမားကြီးများဖြစ်ကြတဲ့ ခရိုနီများကို မြန်မာနိုင်ငံရဲ့  သမ္မတရာထူးအပါအ၀င် နိုင်ငံ့ခေါင်းဆောင်အဖြစ် လုံးဝ လက်မခံပါဖူး။

လက်ရှိသမ္မတ သိန်းစိန်အပါအ၀င် ရွှေမန်းနဲ့ တစ်ကွ အာဏာရှင်ပါတီ ကြံ့ ဖွတ်ပါတီခေါင်းဆောင်များကို မြန်မာနိုင်ငံရဲ့  သမ္မတရာထူးအပါအ၀င် နိုင်ငံ့ခေါင်းဆောင်အဖြစ် လုံးဝ လက်မခံပါဖူး။

အာဏာရှင်စနစ်ကို ကျင့်သုံးလိုကြတဲ့၊ မြေတောင်မြှောက်ပေးလိုကြတဲ့၊ အသက်ဆက်လိုကြတဲ့၊ ပံ့ပိုးအားပေးကြတဲ့သူတွေကို မြန်မာနိုင်ငံရဲ့  သမ္မတရာထူးအပါအ၀င် နိုင်ငံ့ခေါင်းဆောင်အဖြစ် လုံးဝ လက်မခံပါဖူး။


No comments: