Monday, November 24, 2014

ကိုပါကြီးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေးကော်မရှင် ရိုးသားဖြောင့်မတ်မှု ရှိပါရဲ့ လား။

ကိုပါကြီးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေးကော်မရှင် ရိုးသားဖြောင့်မတ်မှု ရှိပါရဲ့ လား။
 
မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေးကော်မရှင်ကနေ ကိုပါကြီးရဲ့  ဇနီးဖြစ်သူ မသန္တာထံ ထွက်ဆိုချက်များကို စာနဲ့  ရေးသားပြီး နိုဝင်ဘာ ၂၅ ရက်အရောက်ပေးပို့ဖို့  အကြောင်းကြားတာ သိရပါတယ်။
 
- မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင်အနေနဲ့  မသန္တာနဲ့  လူချင်းဆုံပြီး တိုက်ရိုက် မေးမြန်းပြောဆိုမှုတွေ ဘာကြောင့် မလုပ်နိုင်ရတာလည်း၊
 
- ထွက်ဆိုချက်တွေကို စာနဲ့  ရေးသားပေးပို့ ရမယ်ဆိုတဲ့ တောင်းဆိုတဲ့အချက်မှာ ထွက်ဆိုချက်ဆိုတာ မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေးကော်မရှင်နဲ့  မသန္တာတို့  မျက်နှာချင်းဆိုင်တွေ့ ဆုံပြီး နှစ်ဘက်သော သက်သေများရှေ့ မှောက်မှာ မေးမြန်းမှုတွေ ပြန်လည်ဖြေကြားချက်ကို ပြောဆိုတဲ့ နှစ်ဘက်ပြောကြားမှုတွေကို မှတ်တမ်းအနေနဲ့  စာနဲ့ ဖြစ်စေ အသံနဲ့ ဖြစ်စေ မှတ်တမ်းတင်ခြင်းသာ ဖြစ်သင့်တာပါ။
 
ယခုလို လူကိုတိုင်တွေ့ ဆုံမှု မပေးဘဲ မည်သည့်အကျိုးအကြောင်း ဖော်ပြမှုမှ မရှိဘဲ ထွက်ဆိုချက်တွေကို စာနဲ့ ရေးပြီး ရက်ပိုင်းလောက်လေးအတွင်း အလျင်အမြန် ပို့ ပေးဖို့  တစ်ဘက်သတ် ပြောဆိုချက်ဟာ မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေးကော်မရှင်အနေနဲ့  မရိုးသားသော လုပ်ရပ်ဖြစ်တယ်လို့  သုံးသပ်ပါတယ်။
 
 
 
 

No comments: