Monday, December 22, 2014

ပြည်သူလူထုဘက်ကို ရပ်တည်ပြီး အာဏာရှင်ကို တုန့် ပြန်ဆန့် ကျင်ဖို့  သတ္တိရှင် တပ်မတော်သားကြီးတွေ သွေးကြောင်နေကြတယ်။

ပြည်သူလူထုဘက်ကို ရပ်တည်ပြီး အာဏာရှင်ကို တုန့် ပြန်ဆန့် ကျင်ဖို့  သတ္တိရှင် တပ်မတော်သားကြီးတွေ သွေးကြောင်နေကြတယ်။

“လူထုနဲ့  တိုင်းပြည်မျက်နှာကို ထောက်ပြီး ပြတ်ပြတ်သာသား ဆောင်ရွက်ကြ” တပ်မတော်ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းက ပြောခဲ့တာ။

တိုင်းပြည်အတွက် လူမျိုးအတွက် အသက်စွန့် ရဲတယ်၊ အသက်စွန့် ဖို့  စစ်ထဲဝင်တယ်၊ ပြည်သူလူထုအကျိုးအတွက် ဦးထိပ်ထားမယ်ဆိုတဲ့ တပ်မတော်သားတွေကို ပြတ်ပြတ်သားသား မေးမယ်။

ပြည်သူလူထုဘက်ကို ပါဝင်လက်တွဲအောင် ခေတ်ပေါင်းများစွာ၊ အချိန်ပေါင်းများစွာ၊ နားလည်မှုပေါင်းများစွာ၊ ခွင့်လွှတ်သည်းခံမှုပေါင်းများစွာနဲ့  ပြည်သူလူထုက တပ်မတော်သားတွေ ပါလာနိုးနိုးနဲ့  စည်းရုံးပြောဆို မျှော်လင့်စောင့်ဆိုင်း အားကိုးအားထားနဲ့  တောင်းပန်တစ်မျိုး မခံချင်အောင်တစ်မျိုး ချစ်ခင်မှုကို ပြသတာတစ်မျိုးနဲ့  အမျိုးမျိုး ကြိုးစားကြတယ်။ ဒါပေမယ့် ယခုထက်ထိ အာဏာရှင်အုပ်စုက ရဟန်းရှင်လူပြည်သူလူထုကို ပိုပိုပြီး ဖိနှိပ်ညဉ်းစဲ မတရားဖမ်းဆီး ရမ်းရမ်းကားကား သတ်ဖြတ်တာတွေ ခံနေရတယ်။ ဒါကို ပြည်သူ့ အတွက်ပါဆိုတဲ့ တပ်မတော်သားတွေ အကြောင်းအမျိုးမျိုးပြ ဆင်ခြေအမျိုးမျိုးနဲ့  ရှောင်လွဲနေကြတယ်၊ ပြည်သူလူထု မတရား အသတ်ခံနေရတာကို သိသိကြီး မြင်မြင်ကြီးနဲ့  ရပ်ကြည့်နေကြတယ်။

မိမိအသက်ကိုတောင် စွန့် ရဲတယ်ဆိုပြီး သတ္တိရှိကြပါတယ်ဆိုတဲ့ တပ်မတော်သားတွေ မိသားစုအတွက် ငဲ့ညာလို့ ၊ မိမိအသက်ဘေးအန္တရာယ်အတွက် စိုးရိမ်လို့ ပါဆိုရင် စစ်တပ်ထဲ မ၀င်ခဲ့ကြနဲ့ ။

သင်ကြားခဲ့တဲ့ ကျွမ်းကျင်တဲ့ စစ်ပညာတွေ တတ်မြောက်ထားကြတယ်၊ လက်ထဲမှာ မတရားမှုကို တုန့် ပြန်မယ်ဆိုတဲ့ စစ်လက်နက်တွေ ကိုင်ဆောင်ထားကြတယ်၊ စစ်ပွဲတိုက်ပွဲအတွေ့ အကြုံတွေ ရှိကြတယ်၊ ဒါပေမယ့် ပြည်သူလူထုအတွက် မားမားမတ်မတ် ရပ်တည်ပေးရဲတဲ့ သတ္တိ မရှိကြဖူး။

သတ္တိ မရှိရင်၊ မတရားမှုကို မဆန့် ကျင်ရဲရင်၊ ပြည်သူလူထုအတွက် ဦးထိပ်မထားရဲရင် စစ်ထဲကို ၀င်ခဲ့တုန်းက ဆိုခဲ့တဲ့ သစ္စာအဓိဋ္ဌာန်တွေ ပြန်အန်ထုတ်ပစ်လိုက်ကြပါ။ ကိုယ့်မျက်နှာကို ကိုယ် လက်ထဲမှာ ကိုင်ထားတဲ့ ဘက်နက်နဲ့  လှီးပစ်လိုက်ကြပါ။ လက်ထဲမှာ ကိုင်ထားတဲ့ စစ်လက်နက်တွေကို ပြည်သူလူထုလက်ထဲ ထည့်ပေးလိုက်ကြည့်စမ်းပါ။ တိုင်းပြည်နဲ့  လူမျိုးကို မတရားအုပ်ချူပ်နေတဲ့ အာဏာရှင်အုပ်စုကို သူရဲဘောကြောင်နေကြတဲ့ တပ်မတော်သားတွေ ကိုယ်စား ဘယ်လို ရဲရဲဝန့် ဝန့်  တုန့် ပြန်ကြမလည်းဆိုတာ ကြည့်ကြည်ပါ။

ပြည်သူလူထုဘက်ကို ရပ်တည်ပြီး အာဏာရှင်ကို တုန့် ပြန်ဆန့် ကျင်ဖို့  သတ္တိရှင် တပ်မတော်သားကြီးတွေ သွေးကြောင်နေကြတယ်။

ဒီအချိန်မှာ ပြတ်ပြတ်သားသား မေးမယ်၊ ပြည်သူလူထုဘက်က ရပ်တည်မှာလား အာဏာရှင်အုပ်စုဘက်က ရပ်တည်မှာလားဆိုတာ။



No comments: