Tuesday, December 30, 2014

“အာဏာရှင်ကို ယုံရင် ခံရမယ်”

“အာဏာရှင်ကို ယုံရင် ခံရမယ်”

အာဏာရှင်ကို ယုံပြီ ရုပ်လုံး မပြနဲ့ ၊

အာဏာရှင်ကို ယုံပြီး ရုပ်လုံး ပြရင်၊

အာဏာရှင် အစွယ်သွားနဲ့  ၀ါးစား ခံရလိမ့်မယ်။

အာဏာရှင်ကို ယုံပြီး မီးရောင်အောက် မရပ်နဲ့ ၊

အာဏာရှင်ကို ယုံပြီး မီးရောင်အောက် ရပ်ပြတော့၊

အာဏာရှင်ရဲ့  မီးရှို့ သတ်ခြင်း ခံရလိမ့်မယ်။

အာဏာရှင်ကို ယုံပြီး ဘ၀ ပုံမအပ်နဲ့ ၊

အာဏာရှင်ကို ယုံပြီး ဘ၀ပုံအပ်တော့၊

အာဏာရှင်ရဲ့  ဘ၀သတ်ခြင်း ဆွေစဉ်မျိုးဆက်ခံရလိမ့်မယ်။

အာဏာရှင်ကို ယုံပြီး မညှိနှိုင်းနဲ့ ၊

အာဏာရှင်ကို ယုံပြီး ညှိနှိုင်းတော့၊

အာဏာရှင်ရဲ့  တအိအိနဲ့  လုံးပါးပါးခြင်း ခံရလိမ့်မယ်။

အာဏာရှင်ရဲ့  မက်လုံးကို မယုံကြည်နဲ့ ၊

အာဏာရှင်ရဲ့  မက်လုံးကို ယုံကြည်တော့၊

အာဏာရှင်ရဲ့  ဆုံးမမှုကို ကုန်းပြီး ခံရလိမ့်မယ်။

အာဏာရှင်ကို ယုံပြီး UG ကနေ OG မလုပ်နဲ့ ၊

အာဏာရှင်ကို ယုံပြီး UG ကနေ OG လုပ်တော့၊

အာဏာရှင်ရဲ့  ကြက်ကလေး ငှက်ကလေး ဖမ်းသလို ခံရလိမ့်မယ်။

(အဖမ်းခံရပြီး နောက်ပိုင်း ချက်ချင်းလွှတ် ချက်ချင်းလွှတ် အော်ရ တောင်းဆိုရ ဆုတောင်းရတာလည်း ခေတ်ပေါင်း နှစ်ပေါင်း မနည်းလှတော့ဖူး၊ ချက်ချင်းလွှတ်လို့  အော်လွန်းနေရတာလည်း ဂုဏ်ယူနေစရာ မဟုတ်ဖူး၊ အဖမ်းခံရလို့  ထောင်ထဲ အကုန်ရောက်နေကြရင်လည်း အလုပ်မဖြစ်တော့ဖူး၊ အာဏာရှင်ရဲ့  “ဖမ်းတယ်-လွှတ်တယ်” ကစားနည်းလည်း ကြုံရပေါင်း မနည်းလှဖူး၊ နှစ်ပေါင်းရှည်ကြာ ထောင်ကျခြင်းဟာလည်း တော်လှန်ရေးမှာ ဂုဏ်ယူဖို့ သက်သက် ထင်နေရင်လည်း မကောင်းဖူး၊ တစ်ပြား တစ်မတ် အခွင့်အရေးရနေတာကို ကျေနပ်နေတာလည်း ပြည်သူ့ ဘက်တော်သား တော်လှန်ရေးသမား မဟုတ်ဖူး၊ ကိုယ့်တစ်မျိုးထဲ ကောင်းစားဖို့  အာဏာရှင်ရဲ့  ပေးကမ်းစွန့် ကြဲတာလေး ပီတိဖြစ်နေရင်လည်း အရှက်တရား မရှိဖူး၊ ပြောတော့ နိုင်ငံရေး အော်တော့ ဒို့ အရေး ကြုံးဝါးတော့ တော်လှန်ရေး လုပ်တော့ ကိုယ့်အရေး လုပ်နေတာလည်း သစ္စာမရှိဖူး၊ ဒီတော့ ဆင်ခြေပေး အကြောင်းပြ အာဏာရှင်နဲ့  သိသိသာသာ မသိမသာ ကိုယ်ကျိုးလေးနဲ့  မှိန်းပြီး နပ်နေ လုပ်နေတာတွေ “အာဏာရှင်ကို ယုံရင် ခံရမယ်”ဆိုတာ ကိုယ့်အလှည့်ရောက်ရင် သိလိမ့်မယ်။

တစ်ခွန်းဘဲ ပြောမယ် .. “အာဏာရှင်ကို ယုံရင် ခံရမယ်” ။

၂၀၁၅ နှစ်သစ်မှာ အာဏာရှင် သိန်းစိန်တို့  ဘီလူးဆိုင်း ကမှာ ဧကန် မလွဲဘဲ။

တစ်ခုတည်းသော နည်းလမ်းဟာ လူထုပျောက်ကြားနည်းနဲ့  ရသမျှ နည်းလမ်းပေါင်းစုံနဲ့  အာဏာရှင်အုပ်စုကို ဖြုတ်ချဖို့ ဘဲ။


No comments: