Wednesday, December 31, 2014

တော်လှန်ရေးနေ့ ကို တပ်တော်နေ့  လုပ်ခံခဲ့ရပြီးပြီ၊ အခု လွတ်လပ်ရေးနေ့ ကို စစ်အင်အားတွေပြမှာ တပ်မတော်နေ့ ဘဲလား။

လွတ်လပ်ရေးနေ့ ကို တပ်မတော်နေ့ အသွင်ပုံသဏ္ဍန် လုပ်နေတဲ့ သိန်းစိန် မင်းအောင်လှိုင်တို့  လုပ်ရပ်ကို ဆန့် ကျင်ကြ။

လွတ်လပ်ရေးနေ့ ကို တပ်မတော်နေ့ လို ပုံသဏ္ဍန် စီစဉ်နေတဲ့၊ စစ်အင်အားတွေ ပြသမယ့် သိန်းစိန်တို့  မင်းအောင်လှိုင်တို့  လုပ်ရပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့  အမျိုးသားခေါင်းဆောင်ကြီးတွေ ဦးဆောင်ကြိုးပမ်းခဲ့ပြီး ရဟန်းရှင်လူပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆင်နွဲခဲ့လို့  ရရှိခဲ့တဲ့ လွတ်လပ်ရေးနဲ့  သမိုင်းဝင် လွတ်လပ်ရေးနေ့ ကို စော်ကားဖျက်ဆီးတာဘဲ။

တော်လှန်ရေးနေ့  (မတ်လ ၂၇ ရက်နေ့ ) လည်း တပ်မတော်နေ့ အဖြစ် ပြောင်းလဲ ခံခဲ့ရပြီးပြီ၊ အခုတစ်ခါ ထပ်ပြီး လွတ်လပ်ရေးနေ့  (ဇန်န၀ါရီလ ၄ ရက်နေ့ ) ကို နောက်ထပ် တပ်မတော်နေ့ တစ်ခုအဖြစ် လုပ်ကြဖို့  ကြံစည်နေတာ ပြည်သူလူထုအပေါ် ရမ်းကားချင်တိုင်း ရမ်းကား၊ ထင်ရာစိုင်း လုပ်ချင်တိုင်း လုပ်လို့  ရတယ်ဆိုတဲ့ လုပ်ရပ်မို့  ပြည်သူလူထုတစ်ရပ်လုံး ဆန့် ကျင်ကြပါ။




No comments: