Sunday, December 7, 2014

ဒီနေ့  သူရဲကောင်းစစ်သည်ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လွမ်းသူ့ ပန်းခွေချမှုမှာ ထူးဆန်းတာတွေ တွေ့ ရတယ်။

ယနေ့  ဒီနေ့  သူရဲကောင်းစစ်သည်ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လွမ်းသူ့ ပန်းခွေချမှုမှာ ထူးဆန်းတာတွေ တွေ့ ရတယ်။
 
(၁) မကြာသေးခင်က ကချင်ပြည်နယ်ဒေသမှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ တော်လှန်ရေးဗိုလ်လောင်းတွေအတွက် MPC လိုမျိုး ငြိမ်းချမ်းရေးစင်တာရှေ့ နေရာအပါအ၀င် ပြည်တွင်းပြည်ပ လွမ်းသူ့ ပန်းခွေချလှုပ်ရှားမှုတွေ လုပ်ခဲ့ကြတဲ့ အဖြစ်အပျက်နဲ့  မနှေးမနှောင်းဘဲ သူရဲကောင်းစစ်သည်ဗိမာန်ရှေ့ မှာ လွမ်းသူ့ ပန်းခွေချဖို့  စီစဉ်မှု တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာတာရယ်။
 
(၂) ဒီ သူရဲကောင်းစစ်သည်ဗိမာန်ရှေ့ မှာ လွမ်းသူ့ ပန်းခွေချဖို့  စီစဉ်မှု ဖိတ်ကြားစာတွေ တပ်မတော်အင်အားစုတွေကြားမှာ တမဟုတ်ချင်း လျင်မြန်စွာ ပြန့် နှံ့ ခဲ့ပြီး စည်းရုံးဝါဒဖြန့်  စိတ်ဓါတ်ရိုက်သွင်းတဲ့ လုပ်ရပ်တွေ ပေါ်ပေါက်ခဲ့ပြီး တပ်မတော်သားတွေနဲ့  တိုင်းရင်းသားအင်အားစုတွေကြား မုန်းတီးမှုတွေ ပိုမိုအောင် လှုံဆော်မှုတွေ လုပ်ခဲ့ကြတာရယ်။
 
(၃) မီဒီယာသတင်းဌာနတွေက သူရဲကောင်းစစ်သည်ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လွမ်းသူ့ ပန်းခွေချမယ့်သတင်းပေါ်ထွက်လာချိန်မှာ တွေ့ ဆုံမေးမြန်းမှု ပြုလုပ်တော့ အာဏာရှင်ကြီးတွေနဲ့  မပတ်သက်ဘဲ သာမန် အညတြစစ်သည်တော်တွေကို ဂုဏ်ပြုတဲ့အသွင်သဏ္ဍန်သာ ဖြစ်တယ်ဆိုပြီး အများပြည်သူလူထုအမြင် ရှုတ်ချဆန့် ကျင်ကန့် ကွက်မှုတွေ မပေါ်ပေါက်စေရန်နဲ့  တပ်မတော်သားတွေကို စည်းရုံးမှုမပျက်ပြားစေရန်အတွက် ပြောဆိုခဲ့တာရယ်။
 
(၄) သူရဲကောင်းစစ်သည်ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လွမ်းသူ့ ပန်ခွေချမှုအစီအစဉ်မှာ ဘယ်သူဘယ်ဝါတွေက တက်ရောက်ကြမယ်၊ အထူးပုဂ္ဂိုလ်တွေအနေနဲ့  ဖိတ်ကြားထားသလည်းဆိုတာကို ဖုံးကွယ်ထားခဲ့ကြတာရယ်။
 
(၅) သူရဲကောင်းစစ်သည်ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လွမ်းသူ့ ပန်ခွေချမှုကို တက်ရောက်လာကြတဲ့ အထူးပုဂ္ဂိုလ်ဟာ နေ၀င်းရဲ့  မြေးတွေ ဖြစ်နေရုံသာမက၊ တက်ရောက်လာကြတဲ့ သက်ကြီးရွယ်အို ရင်ဘတ်မှာ တံဆိပ်အသီးသီးတပ်ဆင်ထားကာ ဆင်တူ တိုက်ပုံ ခေါင်းပေါင်း ပုဆိုးအဆင်တွေဟာ အာဏာရှင်ကြီး နေ၀င်းရဲ့  မြေး ၀တ်ဆင်ထားတဲ့အတိုင်း ပုံစံတူ ဖြစ်နေတာရယ်။
 
(၆) အာဏာရှင်ကြီး နေ၀င်းရဲ့  မြေးတွေဟာ အရပ်ဝတ်စုံ ၀တ်ထားပေမယ့် အလေးပြုခြင်းကို တပ်မတော်သားတွေ အလေးပြုသလို လက်မြှောက် အလေးပြုတာဟာ စစ်တပ်အသွင်သဏ္ဍန်ဖြစ်နေတာရယ်။
 
(၇) ယနေ့  သူရဲကောင်းစစ်သည်ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လွမ်းသူ့ ပန်းခွေချမှုမှာ စစ်တက္ကသိုလ်အပါတ်စဉ် (၄၉) သာ အဓိက ဖြစ်နေတာရယ်။
 
(၈) ယနေ့  သူရဲကောင်းစစ်သည်ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လွမ်းသူ့ ပန်ခွေချမှုမှာ စစ်ဗိုလ်ချူပ်ကြီးဟောင်းများဖြစ်ကြတဲ့ သိန်းစိန်၊ ရွှေမန်းတို့ နဲ့  လက်ရှိ ကာချူပ်ဖြစ်တဲ့ မင်းအောင်လှိုင်ရယ် ဗိုလ်ချူပ်တစ်ဦးတစ်ယောက်ရယ်မှ လွမ်းသူ့ ပန်းခွေချခြင်း မရှိတာရယ် - တို့ ဟာ - 

အာဏာရှင်လက်ဟောင်းကြီး နေ၀င်းရဲ့  မိသားစုသြဇာအာဏာကို သန်းရွှေမိသားစုအသိုင်းအ၀ိုင်းရော သိန်းစိန် ရွှေမန်း မင်းအောင်လှိုင်တို့  အားလုံး မလွန်ဆန်ရဲသေးဘဲ အာဏာရှင်စနစ်တည်မြဲရေးအတွက် အတူတစ်ကွ အကွက်ကျကျ ကျရာနေရာမှာ အကြမ်းဘက်ရော အနုဘက်ရော ဆင်နွဲနေဆဲဆိုတာ ပေါ်လွင်နေပါတယ်။
 
 
 
 
 
 
 
 
 

No comments: