Monday, December 22, 2014

မြန်မာ့မြေပေါ်မှာ မြန်မာလူမျိုးကို တရုတ်ရဲက သတ်တာ ခွင့်ပြုတဲ့ သိန်းစိန်အာဏာရှင်အုပ်စု။

မြန်မာ့မြေပေါ်မှာ မြန်မာလူမျိုးကို သတ်ဖြတ်ဖို့  တရုတ်ရဲကို ခွင့်ပေးတဲ့ အမျိုးသားသစ္စာဖောက် သိန်းစိန်အာဏာရှင်အုပ်စု။

မြန်မာ့မြေပေါ်မှာ မြန်မာ့မြေကြီးကို လုယူသိမ်းပိုက်ပြီး မြန်မာလူမျိုးကို သတ်ဖြတ်တဲ့ တရုတ်စာတမ်းနဲ့  လုံခြုံရေးတွေ ဒီလို တရားဝင် လူသတ်ခွင့်ရတာ ဘယ်သူ့ ကြောင့်လည်း၊ ဘယ်သူ့ မှာ တာဝန်ရှိသလည်း။ အင်္ဂလိပ်လို Security လို့ ရေးထားပေမယ့်၊ တရုတ်ဘာသာစကားလုံးက 警察 က Police ပါ။ မြန်မာ့မြေပေါ်မှာ တရုတ်ပုလိပ်ဆိုပြီး ခွင့်ပြုလိုက်တဲ့ သိန်းစိန်အာဏာရှင်အုပ်စု ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအပေါ် သစ္စာဖောက်ပြီ။

ငါတို့ လူမျိုး ငါတို့ နိုင်ငံ ငါတို့ ရေမြေတွေ အကုန်လုံး ကိုယ့်ကျွန်ဘ၀ရောက်နေရတာတင်မက ဒီထက်ကျော်လွန်ပြီး တိုင်းတစ်ပါးသားကျွန် ဖြစ်နေကြရပြီ။

တိုင်းတစ်ပါးအကျိုးသာ လိုလားတဲ့၊ တိုင်းတစ်ပါးသားကို ကျွန်ခံတဲ့၊ တိုင်းတစ်ပါးသားကို မြန်မာ့မြေပေါ်မှာ စော်ကားခွင့်ပေးတဲ့ သိန်းစိန်အာဏာရှင် အုပ်စုကို မဆန့် ကျင်ရဲသူ မဆန့် ကျင်လိုသူတွေဟာ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လူမျိုးအပေါ် ချစ်တဲ့ မျိုးချစ်စိတ် မရှိသူတွေဘဲ။

တိုင်းတစ်ပါးအကျိုးအတွက် သစ္စာမဲ့တဲ့ အမျိုးသားသစ္စာဖောက်တွေကြောင့် ကိုယ့်နိုင်ငံ ကိုယ့်မြေပေါ်မှာ ကိုယ့်နိုင်ငံသားတစ်ယောက် သေဆုံးသွားရတာ .... ။


No comments: