Wednesday, December 3, 2014

ဗမာ ဗမာ ဗမာ မုန်းတယ် ပြောနေကြတဲ့သူတွေကို မေးကြည့်ချင်တယ်။

ဗမာ ဗမာ ဗမာ မုန်းတယ် ပြောနေကြတဲ့သူတွေကို မေးကြည့်ချင်တယ်။
 
သမ္မတ သိန်းစိန် ဗမာ မဟုတ်ဖူးလား။
 
ရွှေမန်း ဗမာ မဟုတ်ဖူးလား။
 
မင်းအောင်လှိုင် ဗမာ မဟုတ်ဖူးလား။
 
နေ၀င်းလက်ထက် သန်းရွှေလက်ထက် သိန်းစိန်လက်ထက် အာဏာရှင်အုပ်စုထဲမှာ ဗမာတွေချည်းဘဲလား။ 

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးကာလအတွင်းနဲ့  ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းမှာ ရဟန်းသံဃာတော်တွေနဲ့  ကျောင်းသားပြည်သူတွေကို ရိုက်ပုတ် ပစ်ခတ်သတ်ဖြတ်ခဲ့ကြတဲ့သူတွေအထဲမှာ ဗမာ မဟုတ်တဲ့သူတွေရော မပါကြဖူးလား။
 
ခေတ်အဆက်ဆက်က အာဏာရှင်တွေကို တွန်းလှန်ဆန့် ကျင်ကြလို့  ဖမ်းဆီးထောင်ချ ညဉ်းပမ်း သတ်ဖြတ်ခံကြရတဲ့အထဲမှာ ဗမာတွေ မပါကြဖူးလား။
 
နယ်စပ်ဒေသအသီးသီးမှာ တိုင်းရင်းသားအင်အားစုတွေနဲ့ အတူတူ အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်ကြတဲ့အထဲမှာ ဗမာတွေ မပါကြဖူးလား။ 

ခေတ်အဆက်ဆက်မှာ အာဏာရှင်တွေနဲ့  ပေါင်းပြီး ဖောက်ပြန်ကြ ကိုယ်ကျိုးစီးပွားရှာ ကြီးပွားချမ်းသာသွားကြတဲ့ သစ္စာဖောက်လောက်ကောင်တွေအထဲမှာ ဗမာမဟုတ်သူတွေ မပါကြဖူးလား။
 
ယခုလက်ရှိ အာဏာရှင်စနစ်နဲ့  အာဏာရှင်အုပ်စုကို ရဲရဲဝန့် ဝန့်  ဆန့် ကျင်တော်လှန်နေကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေထဲမှာ ဗမာ မပါဖူးလား။ 

အာဏာရှင် သွေးခွဲတိုင်း လိုက်မယောင်နဲ့ ၊ အာဏာရှင်အလိုကျ လိုက်မပြောနဲ့ ၊ အာဏာရှင်စနစ်သက်ဆိုးရှည်အောင် ဘေးကနေ မောင်းတီးမပြနဲ့ ၊ 

အာဏာရှင်နဲ့  ဗမာနဲ့ မရောထွေးနဲ့ ၊ အာဏာရှင်ကို အာဏာရှင်လို့  မြင် .... ။ 

အာဏာရှင်နဲ့  ပေါင်းပြီး ကိုယ်ကျိုးရှာ ဖောက်ပြန်သူကို ဖောက်ပြန်သူလို့  မြင် ... ။
 
ဗမာ ဗမာ ဗမာ မုန်းတယ် ဆိုပြီး မျက်စိစုံမှိတ် အော်နေရင် သိန်းစိန်တို့  ရွှေမန်းတို့  မင်းအောင်လှိုင်တို့ ကို ပေါ်ပေါ်တင်တင် မုန်းပြရဲကြ ... ။
 
တိုင်းပြည်ကို တကယ်ချစ်ရင် ပြည်ထောင်စု စိတ်ဓါတ် တကယ်ရှိရင် ဗမာအပါအ၀င် တိုင်းရင်းသားညီအကို မောင်နှမတွေ အားလုံး ဘုံရန်သူ အာဏာရှင်ကိုသာ တိုက်ကြ .... ။
 
ဗမာ မုန်းတယ် ... ဗမာ မုန်းတယ် .. ဗမာ မုန်းတယ်ဆိုပြီး အော်ကြမယ့်အစား အာဏာရှင် မုန်းတယ် အာဏာရှင် မုန်းတယ် .. အာဏာရှင် မုန်းတယ်ဆိုပြီး အော်ကြစေချင်ပါရဲ့ ။
 
 
 

No comments: