Thursday, February 19, 2015

ဘိန်းဘုရင်တွေနဲ့  အာဏာရှင်တွေ .... ။

ဘိန်းဘုရင်တွေကို ဘယ်သူတွေ မြန်မာပြည်တွင်းမှာ တရားဝင် ခိုလှုံခွင့်ပေးခဲ့သလည်း၊ ဘိန်းဘုရင်တွေကို ဘယ်သူတွေ နိုင်ငံသားအဖြစ် သတ်မှတ်ပေးခဲ့သလည်း၊ ဘိန်းဘုရင်တွေကို ဘယ်သူတွေ ဂုဏ်ထူးဆောင်ပြန်တမ်းဝင်အရာရှိအဖြစ် အခမ်းအနားကြီးနဲ့  ပြုလုပ်ပေးခဲ့ကြသလည်း၊ ဘိန်းဘုရင်တွေ ငွေမည်းကနေ ငွေဖြူဖြစ်အောင် ဘယ်သူတွေ ဖန်တီးပေးခဲ့ကြသလည်း၊ ဘိန်းဘုရင်တွေ နိုင်ငံ့စီးပွားရေးလုပ်ငန်းကြီး စီမံကိန်းတွေကို ပိုင်ဆိုင် လုပ်ပိုင်ခွင့်ရအောင် ဘယ်သူတွေ ခွင့်ပြုခဲ့ကြသလည်း၊ ဘိန်းဘုရင်တွေ မြေတွေ တိုက်တာအိုးအိမ်တွေ ပိုင်ဆ...ိုင်ခွင့်ရအောင် ဘယ်သူတွေ ၀ယ်ယူခွင့်တွေ စီမံပေးခဲ့ကြသလည်း၊ ဘိန်းဘုရင်တွေ မူယစ်ဆေးဝါးတွေ ဖြန့် ချီရောင်းချမှု ကြီးမားအောင် ဘယ်သူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြသလည်း၊ ဘိန်းဘုရင်တွေထံက လာဘ်လာဘ လက်ဆောင်တွေ ငွေတွေ ဘယ်သူတွေ ရရှိခဲ့ကြသလည်း။ ဘိန်းဘုရင်တွေ သမီးပျိုလေးတွေကို ခြေတော်တင် ဖျက်ဆီးလို့ ရအောင် ဘယ်သူတွေ မသိချင်ယောင်ဆောင်ရုံမက အားပေးခဲ့ကြသလည်း၊ ဘိန်းဘုရင်တွေ လုပ်သမျှ ပြုံးပြုံးပျော်ပျော်ကြီးနဲ့  ခံကြသူတွေက ဘယ်သူတွေလည်း .... ။

 ဘိန်းဘုရင်တွေနဲ့  အာဏာရှင်တွေ .... ။




No comments: