Sunday, February 22, 2015

အာဏာရှင်တွေရဲ့  ကောက်ကျစ်လိမ်ညာမှုတွေ ခေတ်အဆက်ဆက်မှာ ရှိခဲ့တယ်ဆိုတာရယ်၊ ကျောင်းသူကျောင်းသားလူငယ်တွေဟာ တိုင်းပြည်အတွက် အသက်တွေ ဘ၀တွေ ပေးဆပ်ခဲ့ရတယ်ဆိုတာ သိစေဖို့ ။

အာဏာရှင်တွေရဲ့  ကောက်ကျစ်လိမ်ညာမှုတွေ ခေတ်အဆက်ဆက်မှာ ရှိခဲ့တယ်ဆိုတာရယ်၊ ကျောင်းသူကျောင်းသားလူငယ်တွေဟာ တိုင်းပြည်အတွက် အသက်တွေ ဘ၀တွေ ပေးဆပ်ခဲ့ရတယ်ဆိုတာ သိစေဖို့ ။

“တရားလို ထိုင်ငိုခဲ့တဲ့ တရားခွင်”

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာ ဦးသန့် အရေးအခင်းမှာ ဖမ်းဆီးတရားစွဲခံရတဲ့ တရားခွင်တစ်ခုမှာ။...


တရားသူကြီးခေါင်းဆောင်ကတော့ ဒုတိယဗိုလ်မှူးကြီးကိုကြီး ( လေ )၊ လေဗိုလ်တို့  ရေဗိုလ်တို့ က ကုန်းဗိုလ်ထက် ပိုစမတ်ကျတယ်။ တရားရုံး အခင်းအကျင်း ပြောရရင် စမတ်ကျကျ စစ်ဗိုလ်ကြီးသုံးယောက်က ရှေ့မှာ ခုံကြီးတွေနဲ့ မိန့် မိန့် ကြီးထိုင်လို့ ၊ ကျောင်းသားလို့ လည်း ပြောသေးတယ်၊ သူတောင်းစားလောက်မှ ရုပ်မထွက်တဲ့ လူတစ်ရာ့သုံးလေးဆယ်က သူတို့ ရှေ့မှာ ငုပ်တုတ်ကလေးတွေ တိုးတိုးဝှေ့ ဝှေ့ ။

တစ်မျိုးပြီး တစ်မျိုး စွဲချက်တင်တာပေါ့ဗျာ။ ရုပ်ကလပ်ကြီး ခိုးသွားပါတယ်ပေါ့၊ အစိုးရအုတ်တွေ ခိုးတယ်ပေါ့၊ လမ်းမှာ မီးပွိုင့်ကို ခဲနဲ့  ထုတာလည်း ပါတယ်၊ ပုလိပ်ကို ထိုးတာလည်း ပါတယ်၊ သက်သေတွေကလည်း ဘာတွေမှန်း မသိတာ အများကြီးဗျ။

ဒါပေမဲ့ ရုပ်ကလပ်ကြီး လုသွားတဲ့ ကိစ္စမှာ တိုင်တန်းမယ့်သူ၊ သက်သေခံပေးမယ့်သူ လိုနေသေးတယ် ထင်တယ်။

တရားလိုပြ သက်သေ လျှောက်တင်လာပါတယ်။

“ဦးသန့် ရဲ့  ညီ ဦးခန့် ပါ” ..

တရားရုံးသက်သေနေရာရောက်တော့ တရားစွဲတဲ့ပုဂ္ဂိုလ်ကတော့ မေးခွန်းတွေ စမေးတာပေါ့။ ဒါပေမယ့် ဦးခန့် က စိတ်ဝင်စားပုံ မရပါဖူး၊ သူစိတ်ဝင်စားတာက တောက်တောက်ပြောင်ပြောင် စတိုင်နဲ့  မလိုင်နဲ့  ထိုင်နေတဲ့ စစ်ဗိုလ်ကြီးတွေရယ်၊ သူ့ရှေ့မှာ ငုပ်တုတ်လေးတွေ ထိုင်နေတဲ့ ကျောင်းသားဆိုတဲ့ စုတ်တီး စုတ်ဖတ်ကောင်လေးတွေရယ်ပဲ ...။

မျက်စိမျက်နှာကလည်း တဖြည်းဖြည်း ပျက်လာတယ်၊ မေးခွန်းပြီးလို့  သူ စ စကားပြောရမယ့် အချိန်လည်း ရောက်လာရော ဘာမှ မပြောနိုင်ဖူး၊ အသံလည်း ထွက်မလာဖူး။

စစ်ဗိုလ်တွေကို ကြည့်လိုက် ကျွန်တော်တို့ ကို ကြည့်လိုက် အသံသာ မထွက်တာ နှုတ်ခမ်းတွေက တုန်လာတယ်။

နောက် တော်တော်ကြာမှ စစ်ဗိုလ်ကြီးတွေဖက် လှည့်ပြီး "ခင်များတို့ ဗျာ ခင်များတို့ ဗျာ" နဲ့  ပြောနေတယ်။ မဆက်သေးပြန်ဖူး၊ ခုနကလိုပဲ ဟိုဖက်ကြည့်လိုက် ဒီဖက်ပြန်ကြည့်လိုက်။

ခဏနေတော့ "ခင်များတို့ ဗျာ၊ ခင်များတို့ ဗျာ" နဲ့  ပြောပြန်ရော၊ တော်တော်လေးကြာမှ အရှိန်ယူပြီးတော့မှ "ခင်များတို့ ဗျာ .. ဒီခလေးတွေကို ဒီကျောင်းသားလေးတွေကို ဘာမှ မလုပ်ကြပါနဲ့ ဗျာ" လို့ ကြိုးစားပြောပြီး ငိုတော့တာပါပဲ။ ငိုတယ်ဆိုကာမှ ရှိုက်ရှိုက်ပြီး ငိုတာကို ပြောတာ မဟုတ်ဖူးနော် ... အော် အော် ငိုတာပါ။

(ခွန်သာမြင့်)
၁၉၇၄ ခု ဦးသန့် အရေးအခင်း
တိုက်ပွဲဝင်သူများ၏ သမိုင်းမှတ်တမ်းမှ။

စစ်အာဏာရှင်စနစ်ဆိုးရဲ့ ခါးသည်းစွာ ဖိနှိပ်မှုအောက်မှာ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ ခွပ်ဒေါင်းတွေကို နှောင်းလူတွေ သတိရစေဖို့ ၊ သိစေဖို့ ။




No comments: