Tuesday, February 24, 2015

အလုပ်သက်တမ်း အနှစ် ၃၀ အတွက် ဆုချီးမြှင့်ငွေက ကျပ်သုံးထောင်တဲ့၊ ဒီလောက်တောင် စေတနာ နည်းရသလား။

နှစ်သုံးဆယ်ကျော်တာဝန်ထမ်းဆောင်လို့ ဆိုပြီး ပြည်သူ့ ဝန်ထမ်းကောင်းအဖြစ် နိုင်ငံတော်သမ္မတရုံးကနေ ဆုငွေချီးမြှင့်တာ ကျပ်သုံးထောင်ဆိုတော့ အမေရိကန်ဒေါ်လာ ၃ ဒေါ်လာဝန်းကျင်ဘဲ ရှိတယ်။

အချို့ နိုင်ငံတွေမှာဆိုရင် ၅ နှစ်တစ်ခါ၊ ၁၀ နှစ်တစ်ခါ၊ ၂၀ နှစ်တစ်ခါ၊ ၂၅ နှစ်တစ်ခါ စသဖြင့် ၀န်ထမ်းသက်တမ်းကြာရှည်မှုကို ဆုချီးမြှင့်ကြတယ်။ သက်တမ်းရှည်ကြာတာကို ချီးမြှင့်တာ မပြောနဲ့  နှစ်တစ်နှစ်ကုန်လို့ ရှိရင် လစာတိုးတဲ့အပြင် ဘောနပ်စ်ဆုငွေ (Bonus) ကို အလုပ်ခွင်အတွင်း ကြိုးစားအားထုတ်မှုပေါ် မူတည်ပြီး ချီးမြှင့်ေ...လ့ရှိကြတယ်။ အနည်ဆုံး ဒေါ်လာ ၂၀၀ ကနေ ၂၀၀၀ ပျှမ်းမျှပမာဏ ရှိကြတယ်။

 အလုပ်သမားတစ်ယောက်အနေနဲ့  အလုပ်လုပ်သက် နှစ် ၃၀ ဆိုတာ အတော့်ကို ကြာတဲ့အလုပ်သက်တမ်းဘဲ။ ဒါကို ကျပ်သုံးထောင်ဆိုတော့ အတော့်ကို ဟာသမြောက်တဲ့ ချီးမြှင့်မှုလို့  ဆိုရမလို၊ အလုပ်သမားတွေ ပြည်သူပြည်သားတွေအပေါ် ထားရှိတဲ့ စေတနာတရား ဘယ်လောက်တောင် ခေါင်းပါးလွန်းတယ်ဆိုတာ ပြတာဘဲ။

ကျပ်သုံးထောင်ဆိုတာ သန်းရွှေတို့  သိန်းစိန်တို့  သားသမီးတွေရဲ့  တစ်ခါစား မုန့် ဖိုးလောက်တောင် မရှိပါဖူး။

အာဏာရှင်လက်အောက်က မြန်မာပြည်သူပြည်သား အလုပ်သမားများရဲ့  ဆိုးရွားလှတဲ့ ဘ၀တွေပါလား။

(ဆုချီးမြှင့်ငွေစာ ဓါတ်ပုံ - ကျော်ထွန်းဦးထံမှ မျှယူပါသည်)။


No comments: