Friday, February 27, 2015

ဖေ့စ်ဘွတ်ပေါ်မှာ ရေးလို့  ဖမ်းတယ်ဆိုရင် -

ဖေ့စ်ဘွတ်ပေါ်မှာ ရေးလို့  ဖမ်းတယ်ဆိုရင် -

အဆဲမျိုးစုံနဲ့  ဆဲပြီး နှောင့်ယှက်နေကြတဲ့သူတွေကို အရင်ဆုံး ဖမ်းပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခဲ့တဲ့ ရဲထွဋ်ရဲ့  မိန်းမကို အရင်ဆုံး ဖမ်းပါ။...

လူမျိုးရေးနဲ့  ဘာသာရေးပဋိပက္ခဖြစ်အောင် စာနဲ့ ရော ဗွီဒီယိုနဲ့ ရော ပြောဆို လှုံ့ ဆော်နေတဲ့ ၀ိရသူကို အရင်ဆုံး ဖမ်းပါ။

ဓါတ်ပုံတွေနဲ့  အခိုင်အမာသက်သေရှိနေတဲ့ ဒုတ် ဓါးတွေ ကိုင်ပြီး အကြမ်းဘက်ကြတဲ့သူတွေ အရင်ဆုံး ဖမ်းပါ။

လွှတ်တော်ကြီးထဲမှာ အိပ်ငိုက်မှေးစက်နေကြတဲ့သူတွေရဲ့ ပုံတွေ ဖေ့စ်ဘွတ်ပေါ်မှာ ပေါ်ထွက်ခဲ့တာမို့  ထိုအိပ်ပျော်နေကြသူများကို အရင်ဆုံးဖမ်းပါ။

ဒီလူတွေကို အရင်ဆုံး မဖမ်းဖူးဆိုရင် ကိုအောင်နေမျိုးကို ချက်ချင်း လွှတ်ပါ။


No comments: