Friday, February 27, 2015

အသက်နှစ်သက်ရှိရင် ဆက်လုပ် ရဲဘော်။

အောက်ခြေတပ်မတော်သား အရာရှိအရာခံအကြပ်တပ်သားတွေ ကိုယ့် အသက်မနှမြောရင်၊ တန်ဖိုးမဲ့စွာ အဆုံးရှုံးမခံချင်ရင် အထက်က လိမ်ညာဝါဒဖြန့် နေတာတွေကို အမှန်အောင်းမေ့ပြီး စိတ်ဓါတ်တွေ တက်ကြွမနေနဲ့ ကြပါနဲ့ ။

အခုဖော်ပြပါ ဓါတ်ပုံနှစ်ပုံကို ကြည့်ပါ။

တစ်ပုံက ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ၀ါဒဖြန့် ချီရေးတာဝန်ယူထားပြီး စစ်တပ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ပုံမှန်တင်နေတဲ့ အာဏာရှင်သိန်းစိန်ရဲ့  လက်ကိုင်ဒုတ် တပ်မတော်အရာရှိကြီးတစ်ဦးကနေ လောက်ကိုင်တိုက်ပွဲသတင်းကို ရေးတင်ထားရာမှာ “တပ်မတော်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်ြ...ဖင့် လေကြောင်းပစ်ကူ နှစ်ကြိမ်ဆောင်ရွက်ခဲ့” ဆိုပြီး ဖော်ပြထားတဲ့ ပုံပါ။

နောက်တစ်ပုံကတော့ - အာဖဂန်နိုင်ငံလေတပ်ရဲ့  တိုက်ခိုက်ရေးလေယာဉ် MI-35 တွေ အာဖဂန်အမျိုးသားနေ့ မှာ လေကြောင်းပြပွဲ ပြသနေတုန်းက တွေ့ မြင်ရတဲ့ ပုံပါ။ (Afghan National Air Corps MI-35 helicopters take off in a formation practice for the aerial parade in the upcoming Afghan National Day in Kabul. Air Force mentors assigned to Defense Reform Directorate Air Division under Combined Security Transition Command - Afghanistan provide guidance to soldiers with the Maintenance Operations Group for the ANAC) ။

အရင်တစ်ခါတုန်းကလည်း မြန်မာ့ရေတပ်မတော်ဆိုပြီး ဗွီဒိယိုမှတ်တမ်းလေးတစ်ခု ပေါ်ထွက်ခဲ့တာ ရှိပါသေးတယ်။ အင်တာနက်မှာ ရှာကြည့်နိုင်ပါတယ်။ အခြားနိုင်ငံတစ်ခုက ရေတပ်ရဲ့  မူရင်း ဗွီဒီယိုပါ တိုက်ရေယာဉ်တွေနဲ့  လက်နက်တွေကို ဖြတ်ညှပ်ကပ်လုပ်ထားပြီး မြန်မာစာတန်းထိုးနဲ့  စစ်သီချင်းသီဆိုပြသထားတာပါ။

ပြောတော့ မျိုးချစ်တွေ နိုင်ငံချစ်တွေဆိုပြီး အခြားနိုင်ငံတွေဖြစ်တဲ့ အာဖဂန်လိုနိုင်ငံမျိုးက စစ်လက်နက်ပစ္စည်းတွေ စစ်ယာဉ်တွေကို မြန်မာ့တပ်မတော်ကဘဲ ပိုင်ဆိုင်ထားသလိုနဲ့ ၊ တကယ်တမ်းကြတော့ အခြားနိုင်ငံတွေက အသုံးမ၀င် ခောတ်မမှီတော့တဲ့ စစ်လက်နက်ပစ္စည်းတွေကို မတန်တဆဈေးနဲ့  ပြန်ဝယ် ဒါမှမဟုတ် စွန့် ကြဲတာတွေကို အချောင်ရလို့  ယူပြီးတော့ မြန်မာ့တပ်မတော်ကြီး အင်အားကြီးတယ်လို့  ရှိတဲ့ မဖြစ်စလောက်ဟာလေးတွေနဲ့ ရော မရှိတဲ့ဟာတွေနဲ့  ရော အဟုတ်လိုလိုနဲ့  ပုံတွေနဲ့  ဖော်ပြပြီး ၀ါဒဖြန့်  မှိုင်းတိုက်နေကြတာ။

ဒါကို တကယ်ထင်ပြီး နားယောင်ကြသူတွေ အဟုတ်မှတ်သူတွေက စိတ်ဓါတ်တက်ကြွစွာနဲ့  စစ်မြေပြင်မှာ သွားရောက်တိုက်ခိုက်ကြရတာက အောက်ခြေအရာရှိပေါက်စတွေနဲ့  အကြပ်တပ်သားတွေ။ ဒီလိုသေဆုံးကြရတဲ့သူတွေအတွက် စိတ်မကောင်းလွန်း ရင်နာစရာကောင်းလွန်းလို့  အခုလို ပြောနေ ရေးနေ အမှန်ကို ဖော်ပြနေရတာဘဲ။

မြန်မာတပ်မတော်သားတွေကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်တာ၊ မြန်မာ့တပ်မတော်သားတွေကို အသက်ကို အလွယ်တကူသေစေအောင် လုပ်တာ အထက်က အမိန့် ဆိုတဲ့ စကားတစ်လုံးကို တွင်တွင်သုံးပြီး မတရား ခိုင်းနေတဲ့ အာဏာရှင်သိန်းစိန်တို့  မင်းအောင်လှိုင်တို့  ဗိုလ်ချုပ် ဗိုလ်ချုပ်ကြီးတွေဘဲ။ မြန်မာ့တပ်မတော်သားတွေကို သတ်နေတာ သူတို့ ဘဲ။

အမိန့်  အမိန့်  အမိန့် ဆိုပြီး မျက်စိစုံမှိတ် ယုံကြည်နေရင်တော့ ထပ်သေကြဦးမယ့်သူတွေ နည်းမှာ မဟုတ်ဖူးဆိုတာ မယုံရင် တမလွန်ဘ၀ရောက်မှ နောင်တ မရကြနဲ့ ။



No comments: