Saturday, February 28, 2015

အမျိုးသားပညာရေးပြင်ဆင်ရေး သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်ကို ဖေ့စ်ဘွတ်မက်ဆေ့မှနေတစ်ဆင့် ရိုင်းစိုင်းစွာ ခြိမ်းခြောက်ပြောဆိုနေတဲ့ သခင် ဥာဏ်လင်းဆိုသူကို သိန်းစိန်တို့  ဘယ်လို အရေးယူပါမလည်းဆိုတာ သိချင်ပါတယ်။

သခင်ဥာဏ်လင်းဆိုသူဟာ တက္ကသိုလ် လေ့ကျင့်ရေးတပ် သင်တန်းဆင်းတစ်ယောက်ဖြစ်ပြီး မော်လမြိုင်တက္ကသိုလ်ကျောင်းသားဟန်ဆောင်ကာ သပိတ်မှောက်ကျောင်းသားများအား တစ်ကိုယ်တော် ၀င်ရောက်နှောင့်ယှက်ခိုင်းကခဲ့သူဆိုတာ ဗွီဒီယိုမှတ်တမ်း ပေါ်ထွက်ခဲ့ပါတယ်။ အာဏာရှင်လက်ပါးစေ မှူးဇော်ကလည်း သူရဲ့  ဖေ့စ်ဘွတ်မှ တစ်ဆင့် ဒီဟာကို ၀ါဒဖြန့် ချီခဲ့ပါတယ်။

ကွန်ဒုံ ရက် ၄၀ ဆိုတာကိုတော့ ချက်ချင်းကြီး အပြစ်ရှာ ဖမ်းပြီး၊ ယခုလို ခြိမ်းခြောက်အနှောင့်အယှက်ပေးနေတဲ့ သခင်ဥာဏ်လင်းကို ဓါတ်ပုံတွေ ဗွီဒီယိုဖိုင်တွေနဲ့  တိတိကျကျ သက်သေရှိနေတာကို ချက်ခြင်း ဖမ်းဆီးမှု မရှိဖူးဆိုရင် သိန်းစိန်တို့  ဘာလည်းဆိုတာ မေးစရာပါ။

No comments: