Monday, March 30, 2015

တပ်မတော်နေ့ ဆိုတာ အာဏာရှင်နေ၀င်းက ၁၉၇၄ ခုနှစ်ကြမှသာ ပြောင်းလဲခဲ့တာ။

တပ်မတော်နေ့ ဆိုတာ အာဏာရှင်နေ၀င်းက ၁၉၇၄ ခုနှစ်ကြမှသာ ပြောင်းလဲခဲ့တာ။

“တပ်မတော်နေ့ ” ဆိုပြီး ကျင်းပနေတာ (၇၀) ကြိမ်မြောက်ဆိုတော့ စတင်တာ ၁၉၄၅ ခုနှစ်ကလို ဖြစ်နေတာပေါ့။ ၁၉၄၅ ခုနှစ်ဆိုတာ မြန်မာပြည်လွတ်လပ်ရေးရဖို့  နယ်ချဲ့ ကို တော်လှန်နေတုန်းကာလဘဲ ဖြစ်ပါသေးတယ်၊ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်နဲ့  ဆို သုံးနှစ်တောင် လိုပါသေးတယ်။

ဒီနှစ် တပ်မတော်နေ့  မှာ မင်းအောင်လှိုင် ပြောသွားခဲ့တာက - “တို့နိုင်ငံရဲ့ လွတ်လပ်ရေးအတွက် နယ်ချဲ့ဖက်ဆစ်တွေကို တိုင်းရင်းသားပြည်သူနဲ့တပ်မတော် လက်တွဲကြိုးပမ်း ပြီး ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က စတင်တွန်းလှန်တိုက်ထုတ်ခဲ့တာ ဒီနေ့ဆိုရင် နှစ်ပေါင်း (၇၀) တိုင်ခဲ့ပြီ ဖြစ်တယ်။ လွတ်လပ်ရေးရပြီးနောက် မတ်လ ၂၇ ရက်နေ့ကို “တော်လှန်ရေးနေ့” အဖြစ် ခေါ်ဝေါ်ကျင်းပခဲ့ရာကနေ ၁၉၅၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားမှာ ဗိုလ်ချုပ်ကြီး နေ၀င်းက အခြား နိုင်ငံတပ်မတော်ကြီးများနည်းတူ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ကို စုပေါင်းပြီး တပ်မတော်နေ့ သတ်မှတ်ဖို့ အတွက် တို့နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အထူးခြားဆုံးနဲ့ အမွန်မြတ်ဆုံး တော်လှန်ရေးနေ့ကို အထူးဝိသေသပြုတဲ့အနေနဲ့ တပ်မတော်နေ့လို့ ပြောင်းလဲခေါ်ဝေါ် သတ်မှတ်ခဲ့တာ ဖြစ်တယ်” လို့  မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

နောက်တစ်ခုက ၁၄ ကြိမ်မြောက် တပ်မတော်နေ့  မင်္ဂလာသဘင်ဆိုပြီး ၁၉၅၉ ခုနှစ်တုန်းက အစီအစဉ်စာရွက်ဟောင်းတစ်ခုဆိုပြီး မနေ့  တစ်နေ့ က ထွက်ပေါ်လာပြန်သေးတယ်။ ဒီထွက်ပေါ်လာတဲ့ အစီအစဉ်စာရွက်ဟာ ၂၀၁၂ ခုနှစ်က ပုံဖြစ်နေပါတယ်။

နောက်တစ်ခုက အွန်လိုင်းကနေ စစ်အရာရှိကြီးတစ်ဦးဖြစ်တဲ့ အဏ္ဏ၀ါစစ်သည်ဆိုတဲ့သူက ရေးထားတာက - ၀န်ကြီးချုပ်ဟောင်း ဦးနုကနေ ၁၉၅၅ ခုနှစ် မတ်လဆန်းမှာ ပြုလုပ်ခဲ့တဲ့ ၀န်ကြီးများအစည်းအဝေးကနေ တပ်မတော်နေ့  အဖြစ် ဆုံးဖြတ်ခဲ့ကြောင်း ရေးထားတယ်။ သူ့ ရဲ့  ရေးသားချက်ကို အဟုတ်မှတ်ပြီး အမှန်ထင်နေကြတဲ့ စစ်သည်တော် အရာရှိပေါက်စတွေကအစ သူ့ ရဲ့ ရေးသားချက်ကို ယခုတစ်လော ထပ်မံ ဖြန့် ဝေလျက်ရှိတာကို တွေ့ ရပါတယ်။

ဒီနေရာမှာ အဏ္ဏ၀ါစစ်သည်ဆိုတဲ့ အကြီးစား လိမ်ညာနေတဲ့ တပ်မတော်အရာရှိကြီးအကြောင်း ပြောလိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ပိတောက်မြေဘလော့ထဲမှာ အဏ္ဏ၀ါစစ်သည်အမည်ခံပြီး “တပ်မတော်နေ့ ကို ဘယ်သူက သတ်မှတ်ခဲ့သလည်း” ဆိုပြီး သမိုင်းမှန်ကို ဗြောင်လိမ်ပြီး ဦးနုက ပြောခဲ့သလိုလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရဲ့  ဒုတိယဥက္ကဌ ဦးတင်ဦးကဘဲ ပြောခဲ့သလိုလိုနဲ့  မဟုတ်ဇာတ်တွေနဲ့  ပေါက်ကရအရေးအသားတွေနဲ့  လုပ်ကြံရေးသားခဲ့ဖူးပါတယ်။

၁၉၅၅ ခုနှစ်ခြင်း သွားတူနေပေမယ့် မင်းအောင်လှိုင်ပြောတာက နေ၀င်းလို့  ပြောပါတယ်။ စစ်အရာရှိတစ်ဦးဖြစ်တဲ့ အဏ္ဏ၀ါစစ်သည်ဆိုတဲ့သူ ပြောတာက ဦးနုလို့  ပြောပါတယ်။

မင်းအောင်လှိုင် ပြောခဲ့တဲ့ အာဏာရှင်ကြီး နေ၀င်းကနေ တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ အဖြစ် ပြောင်းခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ၁၉၅၅ ခုနှစ်မှာ တပ်မတော်နေ့ ဆိုပြီး ပြောင်းခဲ့တာ မဟုတ်ပါဖူး။ ၁၉၅၅ ခုနှစ်မှာ နေ၀င်းဟာ ဖက်ဆစ်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့တာကို ဆိုလိုတဲ့အနေနဲ့  Armed Force Day လို့  ဆိုလိုပြီး မူရင်းဖြစ်တဲ့ “ဖက်ဆစ်တော်လှန်ရေးနေ့ ” ကို “တော်လှန်ရေးနေ့ ” လို့  ပြောင်းခဲ့ပါတယ်၊ ဒီကနေ တော်လှန်ရေးနေ့ ကို တစ်ခါ ထပ်ပြောင်းပြီး တပ်မတော်နေ့  ဆိုပြီး နောက်ဆုံးပြောင်းခဲ့တာပါ။

အာဏာရူးကြီး နေ၀င်းက တော်လှန်ရေးနေ့ (Revolutionary Day) ကို တပ်မတော်နေ့  (Armed Force Day) ဆိုပြီး အလျဉ်းပြောင်းလဲပစ်ခဲ့တာ ၁၉၇၄ ခုနှစ်မှာပါ။ ၁၉၇၄ ခုနှစ်မှာ အာဏာရူးကြီး နေ၀င်းကနေ တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ဆိုပြီး ပြောင်းလဲခေါ်ဆိုခဲ့တာပါ။ အဲ့ဒီအချိန် ပြောင်းလဲခေါ်ဆိုခဲ့တုန်းက နေ၀င်းက အကြောင်းပြခဲ့တာကတော့ မတ်လ (၂၇) ရက်နေ့ ဟာ ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်တယ်။ ဖက်ဆစ်တော်လှန်ရေးလို့  ခေါ်နေတာမို့  ဖက်ဆစ်ဖြစ်ခဲ့တဲ့ ဂျပန်လူမျိုးတွေကို လူမျိုးရေးအရ စော်ကားပြောဆိုသလိုမျိုးဖြစ်နေတယ်၊ ဒါကြောင့် ဖက်ဆစ်တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ အဖြစ် ပြောင်းလဲခေါ်ဆိုမယ်ဆိုပြီး ပြောဆိုပြောင်းလဲပြစ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့သမိုင်းကြောင်းနဲ့  ဖြစ်စဉ်တွေကို လေ့လာကြည့်ရင် မတ်လ ၂၇ ရက်နေ့ ဟာ တော်လှန်ရေးနေ့ ဘဲ ဖြစ်တယ်ဆိုတာ ၁၉၇၀ ခုနှစ်အထိ သက်သေအပြဆုံးကတော့ ၁၉၇၀ ခုနှစ်ထုတ် မြန်မာနိုင်ငံတော် တံဆိပ်ခေါင်းဖြစ်တဲ့ တော်လှန်ရေးနေ့  အထိမ်းအမှတ် တံဆိပ်ခေါင်းဟာ မြန်မာလွတ်လပ်ရေး စတင်ခဲ့တဲ့ ၁၉၄၅ ခုနှစ်ကို ဂုဏ်ပြုတဲ့ ၂၅ နှစ်မြောက် တော်လှန်ရေးနေ့  တံဆိပ်ခေါင်းပါဘဲ။

ဒီအတွက် တပ်မတော်နေ့  အနှစ် (၇၀) မြောက်ဆိုတာ မှားနေပါတယ်။ တပ်မတော်နေ့ က ၁၉၄၅ ခုနှစ်ကဘဲ စတင်ပေါ်ပေါက်သလို နှစ်အကြိမ်အရေအတွက်အမှားတွေနဲ့ ဖန်တီးထားကြတာ လုံးဝ မမှန်ပါဖူး။ အာဏာရှင်တွေရဲ့  လိမ်ညာမှုလုပ်ရပ်ဟာ တော်လှန်ရေးနေ့  ဆိုတာ ပျောက်ကွယ်သွားစေတာမို့  မြန်မာ့သမိုင်းအစစ်အမှန်အတွက် တပ်မတော်နေ့ ဆိုတာကို လုံးဝ လက်မခံနိုင်ပါဖူး။

တပ်မတော်နေ့ လို့ အာဏာရှင်ကြီး နေ၀င်းပြောင်းခဲ့တဲ့ တပ်မတော်နေ့ ဆိုတာ ၁၉၇၄ ခုနှစ်မှသာ စတင်ခဲ့တာပါ။ မြန်မာသမိုင်း အစစ်အမှန်ကို ၀ိုင်းဝန်းလိမ်ညာနေကြတဲ့ အာဏာရှင်ကြီး နေ၀င်းက အစပြုလို့  လက်ရှိ သိန်းစိန်တို့  မင်းအောင်လှိုင်တို့ နဲ့  လက်ပါးစေ ၀ါဒဖြန့် ချီရေး အရာရှိကြီးများရဲ့  လိမ်ညာမှုတွေကို တပ်မတော်သားအပေါင်းနဲ့  ပြည်သူလူထု မြန်မာ့သမိုင်းကြောင်း အစစ်အမှန်ကို သိရှိစေဖို့  ရေးသားလိုက်ရပါတယ်။

နစ်နေမန်း။


No comments: