Wednesday, March 11, 2015

ကျွန်တော် ကိုယ်တိုင် ကိုယ့်ဝေဒနာမေ့ခဲ့ရတဲ့ မြင်ကွင်း။

ကိုရဲရင့်ကျော် (၀ိုင်ဝိုင်ကေ) ရဲ့  ကိုယ်တွေ့  ပြောကြားချက်ကို မှတ်တမ်းအဖြစ် သိမ်းဆည်းထားလိုက်ပါတယ်။ အာဏာရှင်လက်ပါေးစတွေ သူတို့ ရဲ့  ရမ်းကားမှုကို တစ်နေ့  ပြန်လည်ပေးဆပ်ရပါလိမ့်မယ်။

"ဒီမြင်ကွင်း"

ကျွန်တော် ကိုယ်တိုင် ကိုယ့်ဝေဒနာမေ့ခဲ့ရတဲ့ မြင်ကွင်းပါ။

ရုန်းရင်းဆန်ခတ် စဖြစ်တဲ့ အချိန် ကျွန်တော် အသွားမှာ လှမ်းရိုက်တယ် ၊ ရှောင်နိုင်လိုက်ပေမယ့် ခါးကို စောင့်အကန်ခံရလို့ ဟက်ထိုးလဲမတတ်ဖြစ်တဲ့ အချိန် ပခုံးက ပူကနဲ ဖြစ်သွားတယ်။ နံပါတ်တုတ်တွေ ပလူပျံနေတဲ့ အချိန် ဘေးကို ကျလာတဲ့ ခဲက ၆×၉ ဆိုက်လောက်ရှိတယ်။ ကုန်းရုန်းထနိုင်ချိန်မှာ ပဲခူးကျောင်းသားလေး က ခေါင်းတခြမ်းလက်နဲ့ အုပ်ပြီးပြေးလာလို့ သူထံပြေးတွဲပြီး နာမှုကား ရှိရာ ၂ယောက်သား ပြေးခဲ့ကြတယ် ။ သူ့ကို ကားပေါ်တင်အပြီးမှာပဲ ဒေါသတကြီးလိုက်ရိုက်နေတဲ့ ရဲ အုပ်စုကြီးရောက်လာတယ် ။ အဲဒီအချိန်မြင်ရတာက ပြန်ခုခံတဲ့ ရန်ကုန် တောင်ပိုင်ခရိုင် ကျောင်းသား ကို ဝိုင်းရိုက်နေတာပါပဲ။ သူ့ကို လှမ်းဆွဲပြီး ကားပေါ်ဆွဲတင်ပါတယ် ။ ဒါပေမယ့် အငြိုးကြီးစွာ ကားပေါ်ကကောင်တွေ အကုန်ဆင်း အခုဆင်း ဆိုပြီး ကားထဲ လှမ်းရိုက်တယ်(ဒုတ်မြောက်ထားသူ) ။ ဒီအချိန်မှာ ဒုရဲမှူးကြီး နန္ဒဝင်း ရောက်လာလို့ ဟေ့လူ ခင်ဗျားလူတွေ ဒါတော့ လွန်ပြီနော် လို့ ကျွန်တော် လှမ်းပြောတော့ ဘေးက တယောက်က အဲကောင်ဆွဲချ ဆွဲချဆိုပြီး (သူ့အရာရှိ ကို ပြောရမလားပေါ့ဗျာ ) ရှေ့အတိုး ပုံပါအတိုင်း ဒု ရဲမှူးကြီး က ကာပေးပြီး ငါပြောနေတယ် မင်းတို့ဟိုဘက်သွားရှင်းလို့ အော်ပြောပါတယ်။ အဲဒီမှာ ကျွန်တော်တို့မလုပ်ရလို့ နောက်က လိုက်ထရပ် ကားမှန်ကို ရိုက်တော့တာပဲ။


ဒီအချိန် မြင်ကွင်းထဲမှာ
မင်းဇော်(မအူပင် ဗကသ)ကို ဖမ်းလာတယ်။
မင်းသွေးသစ်(cwc ဗကသ) ကို ဖမ်းလာတယ်။
ကိုဖြုဖွေး(ဝန်းရံ)ကို ဖမ်းတယ်။
ဆရာတော် ကို ဖမ်းလာတယ် ။

ကျွန်တော် ဆက်မရေးချင်ဘူး။

ဒီမြင်ကွင်း
မင်းသေချာရဲ့လား မမေးနဲ့
ရန်ကုန်တောင်ပိုင်ခရိုင် ကျောင်းသားကို ကာပေးထားတဲ့ ပုံထဲမှာ မျက်မှန်နဲသူဟာ ကျွန်တော်ပဲ ။
ဒီမြင်ကွင်း တသက်မမေ့ဘူး။

ရဲရင့်ကျော်
ဗ က သ
၁၁. ၃. ၁၅








No comments: