Monday, March 16, 2015

သြစတြေးလျနိုင်ငံမှာ သွားရောက်နေထိုင်ကြီးစိုးနေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုရဲ့  တူမနဲ့  တူမယောင်္ကျား။

သြစတြေးလျနိုင်ငံမှာ သွားရောက်နေထိုင်ကြီးစိုးနေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုရဲ့  တူမနဲ့  တူမယောင်္ကျား။

သိန်းစိန်အာဏာရှင်အစိုးရရဲ့  အားကိုးအားထားရာ လက်ရုံးတစ်ဦးဖြစ်သူ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုရဲ့  တူမဖြစ်သူ ရွှန်းလဲ့ဟာ သူမရဲ့  မိသားစုနဲ့ အတူ သြစတြေးလျနိုင်ငံ၊ မဲဘုန်းမြို့ မှာ နေထိုင်လျက်ရှိကြောင်း သိရှိရပါတယ်။

ရွှန်းလဲ့ရဲ့  ယောင်္ကျားဖြစ်သူ ဒေါက်တာစိုးထက်ဆိုသူဟာလည်း ဗိုလ်ချုပ်ကိုကိုရဲ့  အရှိန်အ၀ါနဲ့  နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနမှာ ရာထူးကောင်းကောင်း ရယူထားပါတယ်။ တစ်ချိန်တုန်းက နာဂစ်မုန်တိုင်းအတွက် နိုင်ငံတကာက ကူညီမှုတွေကို တားဆီးပိတ်ပင်ထားခဲ့ရာကနေ နိုင်ငံခြားငွေနဲ့ အထောက်အပံ့ပစ္စည်းတွေ ရရှိဖို့ အတွက် သန်းရွှေတို့ က မီးစိမ်းပြလိုက်ပြီး ရံပုံငွေရှာပွဲတွေလုပ်ဖို့  ညွှန်ကြားလိုက်ချိန်မှာ သြစတြေးလျနိုင်ငံကို ရောက်ရှိနေခဲ့တဲ့ ဒေါက်တာစိုးထက်ဟာ သူကျောင်းတက်နေရာရာ တက္ကသိုလ်မှာ တိုးတိုးတိတ်တိတ် ရံပုံငွေရှာပွဲစီစဉ်ပြီး သန်းရွှေတို့ အလိုကျ လုပ်ဆောင်ခဲ့တယ်လို့  သိရှိရပါတယ်။

သြစတြေးလျနိုင်ငံကို ရွှန်းလဲ့ရဲ့  ယောင်္ကျား ဒေါက်တာစိုးထက်က ဦးစွာပထမရောက်ရှိပြီး မိသားစု နေရေးထိုင်ရေးအတွက် စီစဉ်ခဲ့ပြီး ယခုအခါမှာ မိသားစုတစ်ခုလုံး ရောက်ရှိလျက်ရှိကြောင်း သိရှိရပြီး၊ သြစတြေးလျအစိုးရထံကိုရော မြန်မာမိသားစုအသိုင်းအ၀ိုင်းကိုရော ဗိုလ်ချုပ်ကိုကိုတို့ နှင့် မပတ်သက်သကဲ့သို့  လိမ်ညာထားကြောင်း သိရှိရပါတယ်။

ရွှန်းလဲ့နဲ့  ဒေါက်တာစိုးထက်ဟာ ဖေ့စ်ဘွတ်အကောင့်ကိုလည်း တစ်ခုထက်ပိုစွာ ဖွင့်ထားပြီး သိန်းစိန်တို့  အာဏာရှင်တွေနဲ့  ဆက်ဆံရာမှာ တစ်မျိုး၊ မြန်မာမိသားစုတွေနဲ့  ဆက်ဆံရာမှာ တစ်မျိုး သုံးစွဲပါတယ်။

ရွှန်းလဲ့ရဲ့  ယောင်္ကျားဖြစ်သူ ဒေါက်တာစိုးထက်ဟာ သြစတြေးလျမှာရှိတဲ့ မြန်မာမိသားစုတွေ အထူးသဖြင့် အတိုက်အခံအင်အားစုတွေရဲ့  မိသားစုဆိုင်ရာ အချက်အလက်တွေနဲ့  လှုပ်ရှားမှုတွေအကြောင်းကို ဆစ်ဒနီမြို့ နဲ့  မဲဘန်းမြို့ ရှိ ဘုန်းကြီးကျောင်းတွေကတစ်ဆင့်၊ မြန်မာဆရာဝန်တွေကတစ်ဆင့်၊ ဖေ့စ်ဘွတ်ကတစ်ဆင့် Friend လုပ်ပြီး သတင်းအချက်အလက်တွေကို ရယူနေပါတယ်။

ထို့ အတူ မကြာသေးခင်ကဘဲ ရွှန်းလဲ့ဟာ သြစတြေးလျနိုင်ငံ၊ မဲဘုန်းမြို့ မှာ ကျင်းပနေတဲ့ Cultural Diversity Week – 14 to 22 March 2015 မှာ ASEAN Culture Show ဆိုပြီး မြန်မာနိုင်ငံရဲ့  သင်္ကြန်အကနဲ့  ဦးဆောင်စီစဉ်ခဲ့ကြောင်း သိရှိရပါတယ်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုရဲ့ တူမ ရွှန်းလဲ့ မိသားစုဟာ မဲဘန်းမြို့  South Yarra နေရာဒေသမှာ နေထိုင်လျက်ရှိကြတယ်လို့  သတင်းပေးပို့ သူတွေရဲ့  ပြောကြားချက်အရ သိရှိရပါတယ်။

သြစတြေးလျအစိုးရအနေနဲ့  အာဏာရှင်ဗိုလ်ချုပ်တစ်ယောက်ရဲ့  ဆွေးမျိုးအရင်းတွေကို သြစတြေးလျနိုင်ငံမှာ ၀င်ရောက်နေထိုင်ခွင့်ပေးနေတာကို သြစတြေးလျနိုင်ငံမှာ ရှိနေကြတဲ့ မြန်မာတွေအနေနဲ့  ထောက်ပြပြောဆိုသင့်ပါတယ်။ သြစတြေးလျအစိုးရဟာ မြန်မာအာဏာရှင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့  ဆွေမျိုးသားချင်းတွေကို ပိတ်ပင်တားမြစ်ထားတဲ့ Visa Ban ကို တရားဝင် ကြေညာထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ယခုလို လိမ်ညာနေထိုင်နေကြတဲ့ အာဏာရှင်ဗိုလ်ချုပ်များရဲ့  သားသမီးများ ဆွေမျိုးရင်းခြာများ ရှိနေတယ်ဆိုတာကို မသိတာလား ခွင့်ပြုထားတာလားဆိုတာ သြစတြေးလျမှာ နေထိုင်နေကြတဲ့ သြစတြေးလျနိုင်ငံသားခံယူထားသူ မြန်မာလူမျိုးများအနေနဲ့  ထုတ်ဖော်ပြောဆို မေးမြန်းသ့င်ပါတယ်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုဟာ လတ်တစ်လော ဖြစ်ပွားခဲ့တဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်စစ်ကြောင်းမှ ကျောင်းသူကျောင်းသားများအား အကြမ်းဖက်ရိုက်နှက်မှုမှာ တာဝန်ရှိသလို၊ ယခင် လက်ပံတောင်းတောင် သံဃာတော်များအား မီးလောင်တိုက်သွင်းခဲ့မှု၊ အလုပ်သမား လယ်သမားတွေကို အကြမ်းဖက်မှုကိစ္စတွေမှာ အဓိက တာဝန်ရှိသူများထဲမှာ ပါရှိသူ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကိုကိုဟာ သူရဲ့  အာဏာအရှိန်အ၀ါ ရာထူးနဲ့  သူ့ ရဲ့  မိသားစုတွေ ဆွေမျိုးသားချင်းတွေကို နိုင်ငံရပ်ခြားကို စေလွှတ်ပြီး နိုင်ငံတကာအစိုးရကနေ သိန်းစိန်အစိုးရကို ထောက်ခံမှုရရှိရေး၊ နိုင်ငံခြားပညာရေးဆိုင်ရာ အခွင့်အရေးများ ရရှိရေး သင်ကြားရေး၊ အခြေစိုက်နေထိုင်မှု ရရှိရေးတို့ အတွက် လုပ်ဆောင်နေတယ်ဆိုတာ သက်သေပါဘဲ။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုရဲ့  တူမဖြစ်သူ ရွှန်းလဲ့မိသားစုသာမက ခင်ရီရဲ့  လက်အောက် လ၀က ညွှန်မှူးတစ်ယောက်ရဲ့  သားသမီးတစ်ဦးဟာလည်း သြစတြေးလျနိုင်ငံမှာ တက္ကသိုလ်ဝင်တန်းအတွက် ကျောင်းတက်လျက်ရှိကာ အခြေစိုက်နေထိုင်ရေးအတွက်ပါ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရှိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြည်သူ့ ရင်သွေး ကျောင်းသူကျောင်းသားတွေက တစ်မျိုးသားလုံးရဲ့  အနာဂတ်ပညာရေးအတွက် တောင်းဆိုဆန္ဒပြလို့  ရိုက်နှက်ဖြိုခွဲ ဖမ်းဆီးနေရချိန်မှာ အာဏာရှင်အသိုင်းအ၀ိုင်းရဲ့  မိသားစုတွေ ဆွေမျိုးသားခြင်းတွေက နိုင်ငံရပ်ခြားမှာ ပညာတွေသင်၊ ကျောင်းကောင်းတွေမှာ ကျောင်းတက်၊ နိုင်ငံရပ်ခြားက ရရှိတဲ့ အခွင့်ထူးတွေ ခံစားနေကြတာပါ။




No comments: