Monday, March 2, 2015

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုနှင့် သိန်းစိန်အစိုးရအဖွဲ့ ဝင်များသို့  အသိပေးခြင်း။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုနှင့် သိန်းစိန်အစိုးရအဖွဲ့ ဝင်များသို့  အသိပေးခြင်း။

အမျိုးသားအရေးအတွက် ရှေ့ ရှူကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသော ဆန္ဒပြကျောင်းသူကျောင်းသားများအား အကြမ်းဘက်မှုကြောင့် ကျောင်းသူကျောင်းသားများ သွေးမြေကျပါက သိန်းစိန်အစိုးရအဖွဲ့ ဝင်များ၏ မိသားစုများ ဆွေမျိုးနီးစပ်များအား ၄င်းတို့  ရောက်ရှိ လာရှိရာ ပြည်ပနိုင်ငံအသီးသီးတွင် လိုအပ်သော တုန့် ပြန်မှုများ ပြုလုပ်သွားမည်ဟု လျှို့ ဝှက်အင်အားစုများမှ ပြောကြားလျက် ရှိပါသည်။

ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုနှင့် ခင်ရီတို့ ၏ မိသားစုဝင် ဆွေမျိုးနီးစပ်သူများ၏ အချက်အလက်များအား ရရှိထားပြီး ဖြစ်ကြောင်းနှင့် ၄င်းတို့ ထဲမှ အချို့  ပြည်ပနိုငံများတွင် တက်ရောက်သင်ကြားနေကြသော ကောလိပ်နှင့် တက္ကသိုလ်များ၊ တည်းခိုနေထိုင်ရာ အိမ်နေရာများပါ သိရှိထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်သူလူထုနှင့် ကျောင်းသူကျောင်းသားများအပေါ် မတရားလုပ်မှုများကို ယခင်တုန်းကကဲ့သို့  ငုံ့ ခံနေကြတော့မည် မဟုတ်ကြောင်းနှင့် ရောက်ရာနေရာဒေသများမှ တုန့် ပြန်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ထပ်မံ သိရှိရပါသည်။ သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေဘောင်အတွင်းမှ တုန့် ပြန်ဆောင်ရွက်မှုမျိုးကို ဦးစားပေးမည်ဖြစ်သော်ငြားလည်း လိုအပ်လျှင် လိုအပ်သလို ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံများအချင်းချင်း ချိတ်ဆက်မှု ပြုလုပ်ထားသည့် လျှို့ ဝှက်အင်အားစုများမှ ပြောကြားကြောင်းနှင့် ပြည်တွင်းမှာ သူတို့  မတရား အနိုင်ကျင့်တယ်၊ ပြည်ပနိုင်ငံတွေကို သူတို့  မရောက်ဘဲ မလာဘဲ နေနိုင်လျှင် နေပါ၊ ရောက်လာ နေလာ ရောက်ရှိနေလို့ ကတော့ ပြန်ပြီး ပေးဆပ်ရလိမ့်မယ်ဟု ထုတ်ဖော်ပြောကြားသွားကြောင်း သိရှိရပါသည်။ ထိုကဲ့သို့  တုန့် ပြန်မှုကို ဆန္ဒရှိသူများအနေဖြင့် မိမိတို့ ဖာသာ စုစည်း၍ လုပ်ဆောင်နိုင်သကဲ့သို့  ၄င်းတို့ နှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းကိုလည်း ပြောဆိုပါသည်။

ဒါကတော့ ဗိုလ်ချုပ်ကိုကိုကို အဓိကထားပြီး ပြောကြားစေလိုကြောင်းနဲ့  သိန်းစိန်အိစုးရအဖွဲ့ ဝင်တွေကိုလည်း သိစေလိုကြောင်း ပြောကြားလာလို့  လက်ဆင့်ကမ်း အသိပေးလိုက်ရပါတယ်။

No comments: