Monday, March 23, 2015

မွေးနေ့ ပွဲ ကျင်းပခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည်ရဲ့  သမီးဖြစ်သူ သီသီထွန်းနဲ့  မွေးနေ့ ပွဲဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြသူများအားလုံးအား အရေးယူပေးပါ။

မြန်မာနိုင်ငံ လွတ်လပ်ရေး သမိုင်းရဲ့  သမိုင်းဝင် အထင်ကရ အမွေအနှစ် အဆောက်အအုံဖြစ်တဲ့၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့  အမျိုးသားခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ ၀န်ကြီးများရုံးဟောင်းအတွင်းမှာ ကျန်ခဲ့တဲ့ မတ်လ (၂၁) ရက်နေ့ က မဆလခေတ် ဒုဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည်ရဲ့  သမီးဖြစ်သူ သီသီထွန်းကနေ မွေးနေ့ ပွဲကြီး ကျင်းပခဲ့ပြီး၊ အာဏာရှင်နေ၀င်းရဲ့  မြေး အေးနေ၀င်း အပါအ၀င် အနုပညာရှင်အချို့ ဆက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။

မွေးနေ့ ပွဲကို အခြားသော နေရာဌာနတွေမှာ ကျင်းပပြုလုပ်လို့  ရပါလျက်နဲ့  အာဏာရှင်ကြီး နေ၀င်းရဲ့  ကျန်ရစ်သော မိသားစုအသိုင်းအ၀ိုင်းနဲ့  ဗိုလ်ချုပ်ကြီးဟောင်းများရဲ့  သားသမီးများက သမိုင်းဝင် ၀န်ကြီးများရုံးနေရာမှာမှ ကျင်းပပြုလုပ်ခြင်းဟာ ၄င်းတို့  လုပ်ချင်သလို လုပ်လို့ ရကြောင်း ပြသတာဖြစ်ပြီး၊ မြန်မာပြည်သူလူထုအပေါ် မထီမဲ့မြင်နဲ့  အာဏာစိုးမိုးမှု သက်ရောက်နေသေးကြောင်း၊ လက်ရှိအာဏာပိုင် အုပ်ချုပ်နေသူတွေဟာ နေ၀င်းရဲ့  သြဇာအရှိန်အ၀ါကို ကြောက်ရွံ့ နေရသေးကြောင်း သက်သေပြလိုက်တာလို့  ယူဆရပါတယ်။

အထူးသဖြင်း အာဏာရှင်ကြီး နေ၀င်းရဲ့  မြေးဖြစ်သူ အေးနေ၀င်းတို့ ဟာ ဦးစွာ ထင်ရာစိုင်းလုပ်ပြနေကြရာမှ ယခု ထပ်မံပြီး ဒုဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည်ရဲ့  သမီးဖြစ်သူ မွေးနေ့ ကိုပါ ဒီလိုနေရာမျိုးမှာ စိတ်ကြိုက်ဆောင်ရွက်လို့  ရကြောင်း ပြသခြင်းနဲ့ အတူ မဆလခေတ်ဟောင်းရဲ့  အာဏာရှင်အသိုင်းအ၀ိုင်း အသက်ရှင်နေဆဲ အာဏာပြနိုင်နေဆဲ ဖြစ်ကြောင်း ထုတ်ဖော်ပြသလိုက်ခြင်းပါဘဲ။

မည်သူပင်ဖြစ်စေ မြန်မာနိုင်ငံ လွတ်လပ်ရေး သမိုင်းရဲ့  သမိုင်းဝင် အထင်ကရ အမွေအနှစ် အဆောက်အအုံဖြစ်တဲ့၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့  အမျိုးသားခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ ၀န်ကြီးများရုံးဟောင်းအတွင်းမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အသုံးပြုခြင်းများကို မြန်မာနိုင်ငံသားများအားလုံးအနေနဲ့  ၀ိုင်းဝန်းကန့် ကွက်ကြဖို့  လိုပါတယ်။

ယခုလို မွေးနေ့ ပွဲ ကျင်းပခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည်ရဲ့  သမီးဖြစ်သူ သီသီထွန်းနဲ့  မွေးနေ့ ပွဲဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြသူများအားလုံးအား အရေးယူပေးဖို့  တောင်းဆိုလိုက်ရပါတယ်။








No comments: