Saturday, March 28, 2015

စစ်တက္ကသိုလ်တွေရဲ့  အသုံးစရိတ်ကို ထုတ်ဖော်ပြောဆိုဖို့  လိုပါတယ်။

ပြည်သူ့ ရင်သွေးတွေရဲ့  ပညာရေးအတွက် ၂၀% ကို သဘောမတူကြတဲ့ အစိမ်းရောင်ကိုယ်စားလှယ်တွေကို မေးချင်ပါတယ်။

စစ်တက္ကသိုလ်တွေအတွက် နှစ်စဉ် ဘယ်လောက်ကုန်ကျစရိတ် သုံးစွဲနေသလည်းဆိုတာ သိချင်ပါတယ်။

စစ်တက္ကသိုလ်တွေရဲ့  ပညာရေးအထေက်အပံ့ပြု ကွန်ပျူတာအပါအ၀င် ကျောင်းသုံးပစ္စည်းတွေ အဆောက်အဦးတွေရဲ့  တန်ဖိုးနဲ့  အရေအတွက်ကို စာရင်းနဲ့ တစ်ကွ အတိအကျ အများပြည်သူ သိရှိရအောင် ဖော်ပြပေးပါ။...

 စစ်တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ ဘာသာရပ်များ၊ နေ့ စဉ် နေထိုင်စားသောက် ကုန်ကျစရိတ်များ၊ ဆရာဆရာမဦးရေ၊ ပညာသင်ထောက်ပံ့စရိတ်များ၊ သင်ကြားမှု သင်ရိုးညွှန်းတမ်း စည်မျဉ်းစည်းကမ်းများ၊ စစ်တက္ကသိုလ်ကျောင်းသားတစ်ဦး ပညာသင်ကြားမှု တစ်နှစ်တာ ကုန်ကျစရိတ်များကို ဖော်ပြပေးပါ။

ပြည်သူ့ လွှတ်တော်အတွင်းမှာ ဒီမေးခွန်းတွေကို ဖြေကြား ဖော်ပြပေးမယ်ဆိုရင် ပြည်သူ့ ရင်သွေး ကျောင်းသူကျောင်းသားတွေရဲ့  ပညာရေး အသုံးစရိတ် နှစ်စဉ် ၂၀ % ဖြစ်သင့် မဖြစ်သင့်ကို နှိုင်းယှဉ် ဆေးနွေးလို့  ရပါမယ်။

စစ်တက္ကသိုလ်တွေရဲ့  ပညာရေးအသုံးစရိတ်ကိုကြတော့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ ပြည်သူ့ ရင်သွေးတွေရဲ့  ပညာရေးအသုံးစရိတ်ဟာ ၂၀ % မဖြစ်သင့်ပါဖူးလို့  တစ်ဖက်သတ် ပြောတာ လုံးဝ လက်မခံပါဖူး။


No comments: