Tuesday, March 3, 2015

အကြမ်းဘက်ဖြိုခွင်းရေးသင်တန်းပေးသူတွေ။

အကြမ်းဘက်နှိမ်နင်းရေးသင်တန်းဆိုပြီး နိုင်ငံရပ်ခြားကနေ သွားရောက် သင်တန်းပေးခဲ့ကြသူတွေ သေသေချာချာ မြင်တွေ့ မှတ်ထားကြပါ။

အာဏာရှင်တွေဟာ အကြမ်းဘက်နှိမ်နင်းရေးသင်တန်းက သင်ကြားပေးတဲ့ နည်းလမ်းတွေနဲ့ အတူ ပိုမိုယုတ်မာတဲ့ လက်နက်အသုံးပြုခြင်းတွေကို မှုခင်းဆိုင်ရာ ကာကွယ်ရေးတွေမှာ အသုံးမချဘဲ ယခုလို ကိုယ့်ရဲ့  ပြည်သူတွေ သံဃာတော်တွေ အလုပ်သမားတွေ တောင်သူလယ်သမားတွေနဲ့  ကျောင်းသူကျောင်းသားတွေအပေါ် ရက်ရက်စက်စက် အသုံးချနေတယ်ဆိုတာ ကြည့်ထားကြပါ။

အကြမ်းဘက်မှုမှာ ကမ်းကုန်နေတဲ့ အာဏာရှင်ကို ထပ်ပြီး အကြမ်းဘက်နှိမ်နင်းရေးသင်တန်းတွေ သွားပေးတာ လူသတ်မှုကို အားပေးတဲ့ ကြံရာပါလိုဘဲ သင်တန်းပေးခဲ့တဲ့သူတွေမှာပါ တာဝန်မကင်းဖူးဆိုတာ ပြောလိုတယ်။

ဒီအတွက် အကြမ်းဘက်နှိမ်နင်းရေးသင်တန်းသွားပေးခဲ့ကြသူတွေ သွားပေးနေကြသူတွေအနေနဲ့  ဒီလုပ်ရပ်ကို အမြန်ဆုံး ရပ်တန့် ပါ။

အထူးသဖြင့် မြန်မာပြည်မှာ အကြမ်းဘက်ဖြိုခွင်းမှုသင်တန်းပို့ ချခဲ့တဲ့ ပို့ ချနေတဲ့ EU နဲ့  သင်တန်းဆရာတွေကို အဓိက ပြောချင်တယ်။ ဒီအကြမ်းဘက်ဖြိုခွင်းမှုသင်တန်းသွားပေးတဲ့အထဲမှာ သင်တန်းဆရာအဖြစ် ပြည်ပက မြန်မာလူမျိုးတွေပါ ပါနေတယ်ဆိုတာ သတင်းအတိအကျ သိရှိထားပါတယ်။

ကိုယ့်ပြည်သူ ကိုယ့်လူမျိုး ကိုယ့်ကျောင်းသူကျောင်းသားတွေ သံဃာတော်တွေကို ဒီအကြမ်းဘက်ဖြိုခွင်းမှုနည်းတွေနဲ့  ကျင့်သုံးနေတာကို ယခု လက်ပံတန်မြို့ က လုံခြုံရေးအင်အားစုတွေရဲ့  ပုံသဏ္ဍန် ဟန်ပန်တွေက အရင်ကနဲ့  မတူဘဲ ထူးထူးခြားခြားဖြစ်နေတယ်ဆိုတာ သင်ပေးခဲ့ကြတဲ့သူတွေ သိမှာပါ။

ကိုယ့်ကြောင့် ပြည်သူ့ မျက်ရည် ကျောင်းသားသွေး မြေကျရတာကို မကြည့်ရက်ကြပါနဲ့ ။

မြန်မာပြည်မှာ European Union (EU) ကနေ အကြမ်းဘက်နှိမ်နင်းရေးသင်တန်းတွေ ပို့ ချနေတာကို ရပ်တန့် ဖို့  မျိုးချစ်မြန်မာများနဲ့  သက်ဆိုင်ရာအဖွဲ့ အစည်းတွေက အမြန်ဆုံး တောင်းဆိုကြပါ။












No comments: