Thursday, March 5, 2015

တာဝန်နဲ့  လူတွေ။

ရန်ကုန်မြို့ နေရာ၊ ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို နှိမ်နင်းဖို့  အသင့်စောင့်နေကြတဲ့ လုံခြုံရေးအင်အားစုတွေအပြင် မြင်ရတဲ့ မြင်ကွင်း။ လက်မောင်းတွေမှာ ပတ်ထားတာ “တာဝန်” တဲ့။ ဘာ တာဝန်လည်း၊ ဘယ်သူက ပေးတဲ့ တာဝန်လည်း။ နိုင်ငံတော်က ပေးတဲ့ တာဝန်လား။ ဘယ်အဖွဲ့ က ဘာတာဝန်လည်း။ တာဝန်နဲ့  ဘာလုပ်မှာလည်း။ တာဝန် ပတ်ထားသူတွေက ဘယ်သူတွေလည်း။ ရှူး ရှူးဆိုပြီး ဘာမှန်းညာမှန်း မသိ ရှူးတိုက်တာ လိုက်ကိုက်မယ့် တာဝန်တွေလား။ မြန်မာပြည်သူပြည်သားတွေလည်း ခွေးကိုက်ခံရတာ အတော်များနေပြီ။


No comments: