Thursday, March 26, 2015

အာဏာရှင်အကြိုက် ဖားယားနေတဲ့ ပညာရေးဝန်ကြီး လက်အောက်က ပညာရေးဝန်ကြီးဌာနကတော့ သုံးစားမရတော့ဖူး။

နိုင်ငံတကာက တက္ကသိုလ်ကြီးတွေက အဝေးသင်ပညာရေး (Distance Education and Online Education) ကို တရားဝင် အသိအမှတ်ပြုပြီး၊ အဝေးသင်ပညာရေး သင်ယူလေ့လာနေတဲ့သူတွေကိုလည်း ကျောင်းသူကျောင်းသားတစ်ယောက်လို့  လေးလေးစားစား ဆက်ဆံသလို ကျောင်းသားတစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေး အပြည့်ပေးပြီး၊ သင်ယူမှု ပြီးဆုံးလို့  ရရှိတဲ့ ဘွဲလက်မှတ်ကိုလည်း ခွဲခြားမှု မရှိဘဲ ကမ္ဘာ့အဆင့်အတန်းမှီ ပညာအရည်အခြင်းအဆင့်အဖြစ် လက်ခံပါတယ်။

မြန်မာနိုင်ငံက အာဏာရှင်တွေလက်ထက်မှာတော့ ပညာရေးဝန်ကြီးဌာနက အဝေးသင်ကျောင်းသားများကို ကျောင်းသားလို့  မသတ်မှတ်ဆိုတော့ တော်တော့ကို ထုံထိုင်းလွန်းတဲ့ လုပ်ရပ်ပါဘဲ။

စစ်ကျွန်လက်အောက် အမျိုးသားပညာရေးဥပဒေကို ကန့် ကွက်ဆန္ဒပြလို့  အဖမ်းခံနေရတဲ့ ကျောင်းသူကျောင်းသားတွေထဲက အဝေးသင်ပညာရေးကို သင်ယူဆည်းပူးနေတဲ့သူတွေကို မလွှတ်ချင်တာနဲ့ ဒီလို တစ်လွဲသတ်မှတ်ပြောဆိုတာကတော့ ပေါ်တင်ကြီး အကြောင်းပြတာပါလို့  ဆိုချင်ပါတယ်။

အာဏာရှင်အကြိုက် ဖားယားနေတဲ့ ပညာရေးဝန်ကြီး လက်အောက်က ပညာရေးဝန်ကြီးဌာနကတော့ သုံးစားမရတော့ဖူး။




No comments: