Monday, March 23, 2015

အာဏာရှင်တွေဘက်က စတင်အကြမ်းဘက်တယ်ဆိုတာ ဒီမှာ မြင်တွေ့ ရတဲ့ ဓါတ်ပုံတွေက သက်သေပါ။

ယနေ့ ထုတ် အာဏာရှင်ဝါဒဖြန့် ချီရေးသတင်းစာတစ်ခုဖြစ်တဲ့ ကြေးမုံသတင်းစာမှာ “လုံခြုံရေးများအား သပိတ်စစ်ကြောင်းမှ ဆူပူအကြမ်းဖက်လိုသူများက လေးခွဖြင့် ရန်ပြုစဉ်” ဆိုပြီး လိမ်ညာပြီး ဖော်ပြထားပါတယ်။

တကယ်တမ်း လေးဂွတွေကို ကိုင်ဆောင်အသုံးပြုခဲ့တာ သိန်းစိန်တို့  အာဏာရှင် လက်ပါးစေ လုံခြုံရေးအင်အားစုတွေပါ။ လောက်လေးဂွတွေ တပ်ဆင်ထားပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြတဲ့ ကျောင်းသူကျောင်းသားတွေ ရှိရာနေရာကို လောက်လေးဂွတွေနဲ့  ပစ်ခန်ရန်ရှာ၊ ခဲတွေနဲ့  ပစ်ပေါက်လုပ်ခဲ့ကြတာ ဘယ်သူတွေလည်းဆိုတာ ဓါတ်ပုံသက်သေတွေ ဗွီဒီယိုမှတ်တမ်းတွေ ရှိပါတယ်။

ဒီလို ပေါ်ပေါ်တင်တင်တင်ကြီး ရန်စ အကြမ်းဘက်ခဲ့တာကို အာဏာရှင်ဝါဒဖြန့်  သတင်းစာက လိမ်ညာဖော်ပြထားတာမို့  ခေတ်အဆက်ဆက်ကတည်းက ပြည်သူလူထုကို ၀ါဒမှိုင်းတိုက်ခဲ့တဲ့ အာဏာရှင်သတင်းစာတိုက်ရဲ့  လုပ်ရပ်ကို ကန့် ကွက်ရှုတ်ချပါတယ်။

အာဏာရှင် ၀ါဒဖြန့် ချီရေးသတင်းစာတင်မက သိန်းစိန်ကပါ လိမ်ညာပြောဆိုနေပါတယ်။

အာဏာရှင်တွေဘက်က စတင်အကြမ်းဘက်တယ်ဆိုတာ ဒီမှာ မြင်တွေ့ ရတဲ့ ဓါတ်ပုံတွေက သက်သေပါ။ 











No comments: