Sunday, April 12, 2015

သင်္ကြန်ပွဲတော်ဆိုတာ အားလုံးအတွက်။

အစဉ်အလာ ရိုးရာ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ဆိုတာ ဆင်းရဲချမ်းသာ အယုတ်အလတ်အမြတ်မရွေး လူမျိုးမရွေး ဘာသာမရွေး အဆင့်အတန်းမရွေး မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်နေကြသူတွေ အားလုံး ပါဝင်ဆင်နွဲကြတဲ့ အမျိုးသားပွဲတော်ဖြစ်တယ်။

နှစ်သစ်ကူးအတာသင်္ကြန်ဖိတ်ကြားမှုတွေထဲက ဒီတစ်ခုရဲ့  ဖိတ်ကြားမှုကို အင်မတန် သဘောကျလွန်းတဲ့အတွက် ထပ်မံမျှဝေ ဖိတ်ကြားလိုက်ပါတယ်။

“ဘာသာလူမျိုးမရွေး ပါဝင်နိုင်သော Metta သင်္ကြန်”...

 မန္တလေးမြို့  ၁၂ လမ်း - ၇၁x၇၂ကြား၊

နဂါးဒေါ်ဦး ဘုန်းကြီးကျောင်းရှေ့တည့်တည့်၊

နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ၊

သင်္ကြန်ရက်မြတ်နေ့ များ - ၁၃၊ ၁၄၊ ၁၅၊ ၁၆ လေးရက်လုံး ဖြစ်ပါသည်။

မည်သူမဆို အခမဲ့ ပါဝင် နိုင်ပါသည်။”

No comments: