Thursday, April 23, 2015

လက်မောင်းတံဆိပ်တွေကို မတူအောင် တပ်ဆင်ခိုင်းပြီး ခွဲခြားမှု ပြုလုပ်တဲ့ ကာကွယ်ရေးဌာနကောင်စီရဲ့  အမိန့် ။

လက်မောင်းတံဆိပ်တွေကို မတူအောင် တပ်ဆင်ခိုင်းပြီး ခွဲခြားမှု ပြုလုပ်တဲ့ ကာကွယ်ရေးဌာနကောင်စီရဲ့  အမိန့် ။

တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ ရဲ့  သူနာပြု/ကျွမ်းကျင်သူများ၏ လက်မောင်းတံဆိပ်တွေကို ယခုလကစပြီး သီးသန့် သတ်မှတ်ထားချက်အတိုင်း တပ်ဆင်ရမယ်လို့  ကာကွယ်ရေးဌာနကောင်စီအမိန့် အမှတ် (၂/၂၀၁၅) နဲ့  စစ်ရေးချုပ် ဗိုလ်ချုပ်ဆန်းဦးကနေ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအမိန့် စာပါအချက်တွေကို ကြည့်မယ်ဆိုရင် အဓိကကျတဲ့ ဆေးဝန်ထမ်းတပ်ဖွဲ့ တွေနဲ့  စစ်မြေပြင်ဆေးတပ်ရင်းများကို ခွဲခြားထားသလို၊ နယ်ခြားစောင...့်တပ်များက ဆေးဝန်ထမ်းတွေကိုပါ ခွဲခြားထားတာ တွေ့ ရပါတယ်။

 လက်မောင်းတံဆိပ်တွေမှာလည်း တပ်မတော်သူနာပြု၊ တပ်မတော်ဆေးဝါး၊ တပ်မတော်ဓါတ်ခွဲ၊ တပ်မတော်ဓါတ်မှန်၊ တပ်မတော်ကာယ၊ တပ်မတော်လောင်းဆားဗစ်၊ တပ်မတော် ပါရဂူ (ပြည်ပ) ဆိုပြီး ခွဲခြားထားတာတွေ တွေ့ ရပါတယ်။ ဒီအပြင် OTS၊ DSA၊ DSTA ဆိုပြီးလည်း ခွဲခြားထားပါတယ်။ ထူးထူးခြားခြား လက်မောင်းတံဆိပ်နှစ်ခုကတော့ တပ်မတော်လောင်းဆားဗစ်နဲ့  တပ်မတော်ပါရဂူ (ပြည်ပ) ဆိုတာပါ။ အဆင့်အတန်းခွဲခြားမှုက သိသိသာသာကြီးပါဘဲ။

အာဏာရှင်ဗိုလ်ချုပ်ကြီးတွေဟာ မကြာခင်တုန်းက တပ်မတော်အရာရှိများကို လစာတိုးပေးခဲ့တုန်းက တိုက်ခိုက်ရေးတပ်တွေက အရာရှိတွေကို လစာပိုမိုခံစားခွင့်ပေးခဲ့ပြီး၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့  သူနာပြုနဲ့  ကျွမ်းကျင်သူ အရာရှိများကိုကြတော့ တန်းတူညီတူ လစာတိုးခံစားခွင့်မပေးဘဲ နိမ့်ကျတဲ့ ခံစားခွင့်ကိုသာပေးပြီး ခွဲခြားဆက်ဆံခဲ့တာကို သိရှိကြမှာပါ။

အရင်တပ်ဆင်ထားတဲ့ လက်မောင်းတံဆိပ်တွေကို ယခုထုတ်ပြန်တဲ့ လက်မောင်တံဆိပ်အသစ်တွေနဲ့  ပြောင်းလဲမတပ်ဆင်ဖူးဆိုရင် စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူမယ်လို့ လည်း ခြိမ်းခြောက်ထားပါလေရဲ့ ။

ယခုလို တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ အတွင်းမှာပင်လျှင် ပေါ်ပေါ်တင်တင် ခွဲခြားတာကို ကျေနပ်မှု မရှိကြဘဲ ဝေဖန်သုံးသပ်မှုတွေ ထွက်ပေါ်လျက်ရှိနေသလို၊ စီမံခန့် ခွဲမှု ညံ့ဖြင်းတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့  ထက်မြက်တုံးခြာလွန်တဲ့ ရွှေဥာဏ်တော်ကိုလည်း သရော်ရှုတ်ချလျက် ရှိနေကြပါတယ်။







No comments: