Wednesday, April 22, 2015

အမြန်လမ်းက ကြံစီမှုနဲ့  လုံခြုံရေး။

အမြန်လမ်းမကြီးပေါ်တွင် နေ့ခင်းဘက်များပါ ကားမှောက်အောင်ပြုလုပ်ကာ လုယက်ရန် ကြံစီမှုများ ပြုလုပ်လာတာကို ကိုယ်တွေ့ ကြုံခဲ့ရတဲ့သူတွေက သတင်းပေးမှုပါ။

အမြန်လမ်း မိုင်တိုင် ၁၈၈မိုင် - ၃ဖာလုံမှာ နှစ်ဆန်း ၁ ရက်နေ့ ၊ ညနေ ၂ နာရီ ၄၅မိနစ်အချိန်က ရန်ကုန်ဖက်သို့အသွား ကားများကို ကားမှောက်အောင် ပြုလုပ်ကာ လုယက်မှု ပြုလုပ်ရန်အကြံအစီဖြင့် ကားအား လေးဂွဖြင့် ပစ်ခြင်းခံခဲ့ရကြောင်း၊ ကံကောင်း၍ ကားမှန်သာ ကွဲသွားပြီး မိသားစု ဘာမှ မဖြစ်ခဲ့ကြောင်း၊ ကားရပ်ခါ အနီးအနားအား ဆင်းကြည့်ရာ ဂွဖြင့် ပစ်သူများမှာ အနီး...နားရှိ ခြုံတောထဲသို့ ပြေးဝင်သွားကြတယ်လို့ သိရပါတယ်။ ယခင်နေ့တွေကလည်း ထိုနေရာမှာဘဲ အလားတူဖြစ်စဉ်မျိုးတွေ ကြုံတွေ့ခဲ့ကြရတယ်လို့ ခရီးသွားတွေထံက သိရပါတယ်။ အမြန်လမ်းခရီးသွားများအနေနှင့် အဆိုပါ မိုင်တိုင်အနီးသို့ရောက်သည့်အခါ (သို့ မဟုတ်) အမြန်လမ်းများပေါ်တွင် ဂရုစိုက်မောင်းနှင်ကြရန် သတိပေးအပ်ပါတယ်။

 ဒီသတင်းပေးမှုနဲ့ အတူ ထပ်မံပြောလိုတာကတော့ အခြားသော နိုင်ငံတွေမှာ Highway Patrol လို့ ခေါ်တဲ့ အမြန်လမ်းမှာ စောင့်ကြပ်တဲ့ ရဲကားတွေ အများအပြားရှိပါတယ်။ ယခု မြန်မာနိုင်ငံမှာတော့ ဖုန်းခေါ်လည်း မရ၊ ကူညီမယ့်သူလည်း မရှိနဲ့ ။

မကြာခင်တုန်းက အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ ကို ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေကို ပိတ်ဆို့ ထားတုန်းက ရဲအင်အား တစ်သောင်းပတ်ဝန်းကျင်တောင် ရှိခဲ့တယ်လို့  ဆိုတော့ အမြန်လမ်းမှာ ပြည်သူလူထု ဘေးအန္တရယ်ကင်းရှင်းအောင် တစ်မိုင်ကို ရဲတစ်ယောက် တာဝန်ချထားပေးရင် တော်တော့ကို ကောင်းမှာပါ။


No comments: