Monday, April 6, 2015

လူ့ အန္ဓ အတ္တဘော ခင်အောင်မြင့်။

အမျိုးသားလွှတ်တော်ဥက္ကဌ ခင်အောင်မြင့်က "အချို့သော လူ့အန္ဓများသည် တပ်မတော်၏ ကျေးဇူးတရားများကို နားလည် သိရှိခြင်းမရှိဘဲ တပ်မတော် မကောင်းကြောင်းပြောလျှင် သဘောကျနေကြကြောင်း၊ တပ်မတော် မရှိလျှင် ဘာဖြစ်သွားမလဲ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများကို ပြန်ဖတ်ရန် လိုအပ်ကြောင်း" ဟု တပ်မတော်ပိုင် မြဝတီသတင်းစာတွင် ပြောလိုက်တာဟာ ပြည်သူလူထုကို ဥာဏ်မရှိသူများအဖြစ် စော်ကားလိုက်တာဘဲ ဖြစ်ပါတယ်။

ယခုလို ပြောကြားတဲ့ ခင်အောင်မြင့်ကသာ လူ့ အန္ဓပါ။ တိုင်းပြည်တစ်ပြည်မှာ တပ်မတော်ရှိမှ ဖြစ်မယ်ဆိုရင် ဘယ်လို တပ်မတော်မျိုးသာ ရှိသင့်သလည်းဆိုတာ ပြန်လေ့လာပါ။ တပ်မတော်ရဲ့  တာဝန်ဟာ ဘာလည်းဆိုတာ သိအောင် ပြန်လေ့လာပါ။ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ မိန့် ခွန်းတွေကို ပြန်လေ့လာပါ။

“တပ်မတော်သည် တိုင်းပြည်အတွက်၊ တိုင်းပြည်သည် တပ်မတော်အတွက် မဟုတ်။ စည်းကမ်းမရှိတဲ့ စစ်တပ်ရှိနေမဲ့အစား အဲဒီ စစ်တပ်မရှိတာ တိုင်းပြည်အတွက် ပိုကောင်းတယ်” လို့  တပ်မတော်ရဲ့  ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကတောင် ပြောခဲ့ပါတယ်။

မြန်မာပြည်သူလူထုကနေ တပ်မတော် မရှိရဖူးလို့  ပြောနေတာ မဟုတ်ပါဖူး။ ပြည်သူ့ တပ်မတော်ဖြစ်ဖို့ ၊ အာဏာရှင်တွေရဲ့  လက်ကိုင်ဒုတ်စစ်တပ် မဖြစ်ဖို့ ၊ တပ်မတော်ရဲ့  အဓိကတာဝန်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်ရေးတာဝန်ကိုသာ ထမ်းဆောင်ဖို့ ၊ အာဏာရူးပြီး အမိန့် နဲ့  မတရားစေခိုင်းနေကြတဲ့ ဗိုလ်ချုပ်ကြီးများနဲ့  အကျင့်ပျက်နေကြတဲ့ တပ်မတော်သားအချို့ ကို အရေးယူ အပြစ်ပေးဖို့ ၊ ပြည်သူလူထုကို ညဉ်းပမ်းနှိပ်စက် သတ်ဖြတ်ပစ်ခတ်တဲ့ တပ်မတော် မဖြစ်ဖို့ ၊ စည်းကမ်းဥပဒေကို လိုက်နာပြီး တရားသောဆောင်ရွက်မှုတွေကို လုပ်ဆောင်ခြင်းဖြင့် တပ်မတော်ရဲ့  ဂုဏ်သိက္ခာကို စောင့်ထိန်းဖို့  ပြောနေကြတာပါ။

ခင်အောင်မြင့်အနေနဲ့  တပ်မတော်ကို ဖျက်ဆီးနေတာ ဘယ်သူတွေလည်းဆိုတာ ပြောပါ။ တပ်မတော်ကို မကောင်းအောင် လုပ်နေသူတွေဟာ ဘယ်သူတွေလည်းဆိုတာ ပြောပါ။ ပြည်သူလူထုနဲ့  တပ်မတော်ကို သွေးခွဲနေတာ ဘယ်သူတွေလည်းဆိုတာ ပြောပါ။

တပ်မတော်ကို မကောင်းအောင် ဖျက်ဆီးပြီး ပြည်သူလူထုအပေါ် အနိုင်ကျင့်စေတာ၊ ပြည်သူလူထုနဲ့  တပ်မတော်ကို သွေးခွဲအုပ်ချုပ်နေတာ၊ တပ်မတော်အတွင်း ခွဲခြားဆက်ဆံမှုတွေ မမျှတတဲ့ အခွင့်အရေးပေးနေတာ၊ လက်အောက်ငယ်သား တပ်မတော်သားတွေကို စစ်တန်းရှေ့ မျက်နှာပြင်ကို အတင်းစေလွှတ်နေတာ အစရှိတဲ့ လုပ်ရပ်တွေကို လုပ်နေတာ ခင်အောင်မြင့်တို့ လို လူ့ အန္ဓ အတ္တဘော အာဏာရူး ဗိုလ်ချုပ်တွေပါ။

ပြည်သူလူထုက တပ်မတော်ကို အားထားပြီး ပြည်သူ့ တပ်မတော် ပီသစေချင်တာ၊ ခင်အောင်မြင့်တို့ လို အာဏာရူးဗိုလ်ချုပ်တွေက ခါးပိုက်ဆောင်တပ်အဖြစ် အမျိုးမျိုးဖျက်ဆီးထားပြီး မတရားတဲ့  အမိန့် တွေနဲ့  ချုပ်ကိုင်ထားတာပါ။

လူ့ အန္ဓ အတ္တဘော ခင်အောင်မြင့် နောက်တစ်ခါ ပြည်သူလူထုကို ထပ်စော်ကားရင် ထပ်ပြီး ပြောပါဦးမယ်။




No comments: