Wednesday, April 29, 2015

တပ်မတော်သားများ ဘ၀ - ရန်သူက ကောင်းကောင်းမွန်မွန် ပြန်မြုပ်ပေးခြင်းကို ခံနေရတာ။

ရန်သူဘက်က ပစ်ပယ်ခံခဲ့ရတဲ့ တပ်မတော်သားများ၏ အသက်မဲ့ခန္ဓာကိုယ်များအား ရန်သူပင်ဖြစ်လင့်ကစား ကောင်းမွန်စွာ မြေမြုပ်ပေးတဲ့ လေးစားဖွယ်ရာ လူသားဆန်မှု စိတ်ဓါတ်ပြည့်ဝမှုပါ။

ရှေ့ တန်းစစ်မျက်နှာပြင်များမှာ အဓမ္မအလုပ်သမား ပေါ်တာသမားများကို သတ်ဖြတ်ပြီးတဲ့အခါ၊ အမျိုးသမီးတွေကို မုဒိန်းကျင့် သတ်ဖြတ်ပြီးတဲ့အခါ လူမဆန်စွာ စွန့်ပစ်ခဲ့ကြတဲ့သူတွေ ကြည့်ထားသင့်ပါတယ်။

မိမိနဲ့  ဆန့် ကျင်ဘက် ရန်သူသုံ့ ပန်းတွေကို ဖမ်းဆီးရမိတဲ့အခါမှာ စောင့်ထိန်းလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ကျင့်ဝတ်တွေကို မလိုက်နာဘဲ ...လူသားချင်း စာနာစိတ် ကင်းမဲ့စွာနဲ့  ညဉ်းပမ်းနှိပ်စက် သတ်ဖြတ်တာတွေကို ကျူးလွန်နေတဲ့သူတွေ ကြည့်ထားသင့်ပါတယ်။

ယခုဆိုရင် သိန်းစိန် ရွှေမန်း မင်းအောင်လှိုင်တို့ အာဏာတည်တံ့ဖို့ အတွက် အသက်ကို စတေးခံနေကြရတဲ့ တပ်မတော်သားများပါ ထိခိုက်ဒဏ်ရာရတဲ့အခါ သေဆုံးတဲ့အခါ လျစ်လျူရှု စွန့် ပစ်ခံရမှုတွေ ရှိနေကြပါတယ်။

တပ်မတော်သားတွေ မိမိတို့  အသက်ဟာ နိုင်ငံတော်နဲ့  ပြည်သူလူထုအတွက် မဟုတ်ဘဲ၊ လက်တစ်ဆုပ်စာသော အာဏာရှင် ဗိုလ်ချုပ်ကြီးများနဲ့  အခွင့်ထူးခံအရာရှိကြီးများအတွက်သာ ဖြစ်နေတယ်ဆိုတာ သဘောပေါက်သင့်နေတာ ကြာပါပြီ။

အာဏာရှင်တွေအတွက် မတရားအမိန့် တွေ နာခံရင်း အသက်ဆုံးရှုံးတဲ့အခါ ခွေးစားစား လင်းတဆွဲဆွဲ ကျားကိုက်ကိုက် ဖြစ်ချင်ရာဖြစ် စွန့် ပစ်ခံနေရတဲ့ မိမိတို့ အလှည့် ဘ၀ပြောင်းမှုကို ထိုက်တန်မှုရှိသော ပေးဆပ်ခြင်းလို့  ခံယူရင်တော့ အင်မတန် နှမြောစရာကောင်းလွန်းသော တိုတောင်းသော အနှစ်သာရ မရှိသော အသက်တစ်ချောင်း မိမိပိုင်ဆိုင်နေခြင်းပါဘဲလို့  အောက်မေ့လိုက်ပါတော့။

တပ်မတော်သားများ .... အာဏာရှင်ဗိုလ်ချုပ်ကြီးများနှင့် အခွင့်ထူးခံအရာရှိကြီးများ လက်အောက်မှ လွတ်မြောက်နိုင်ကြပါစေ။

လူသားအချင်းချင်း ကိုယ်ချင်းစာတရားထားတတ်သော ပြည်သူ့ တပ်မတော်သားများ ဖြစ်ကြပါစေ။


No comments: