Tuesday, April 14, 2015

ရိုးရာသင်္ကြန်ယဉ်ကျေးမှုနဲ့  ဘာသာတရားကို အကြီးအကျယ် စော်ကားမှု။

မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ရဲ့  လှပမှုတွေကို ဖျက်ဆီးပစ်ရုံမက ဘာသာတရားကိုပါ ထိခိုက်အောင် လုပ်နေကြသူတွေကို မြင်မြင်ကြီး သိသိကြီးနဲ့  လက်ပိုက်ကြည့်နေကြတာ သိန်းစိန်အာဏာရူးအုပ်စုနဲ့  လက်ပါးစေ မဟန မဘသတို့ ပါ။

သင်္ကြန်ပွဲတော်အတွင်း သင်္ကန်းများကို ၀တ်ချင်သလို ၀တ်ပြီး အပျော်အပျက်ပုံစံနဲ့  ကနေကြတဲ့ သူတွေနဲ့  အကြမ်းဖက်အဖွဲ့ ပုံစံ ၀တ်ဆင်ကာ ရေပက်ခံထွက်နေကြတဲ့သူတို့ ကို သိန်းစိန်တို့ ရဲ့  လုံခြုံရေးအင်အားစုတွေက တားဆီးဖို့  အလျင်အမြန်တောင် ရောက်မလာကြပါလား။ အခြား ရိုက်မယ့် နှက်မယ့် ဖမ်းမယ့်ဆီးမယ့် ကိစ္စမျိုးဆိုရင်တော့ တက်တက်ကြွကြွ လက်နက်အပြည့်နဲ့  ရောက်လာတတ်ကြတာ။






No comments: