Thursday, April 16, 2015

ရိုင်းစိုင်းသူတွေ ကြီးစိုးသော နိုင်ငံလား။

မြန်မာပြည်မှာ အကြမ်းနည်းနဲ့  လက်နက်အားကိုးနဲ့  ဖြေရှင်းကြတဲ့ဓလေ့ ဖြစ်နေကြပြီလား။ အမျိုးသမီးတစ်ဦးကို ယောင်္ကျားသားတွေက ၀ိုင်းဝန်းထိုးကြိတ်နေကြလောက်အောင် ရိုင်းစိုင်းနေကြပြီလား။ ရိုးရာသင်္ကြန် ယဉ်ယဉ်ကျေးကျေး နှစ်သစ်ကူးပွဲတော်မှာ သောက်စားမူးယစ် ရမ်းကားရန်ဖြစ် အနိုင်ကျင့် စော်ကားတာတွေ ပိုဆိုးရွားနေပြီလား။

ဒါတွေ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းရဲ့  တရားခံကတော့ လူတွေရဲ့  အကျင့်စာရိတ္တတွေကို ဖျက်ဆီးပစ် ရမ်းကားမှုတွေကို လမ်းပြလုပ်ဆောင် အနိုင်ကျင့်မှုတွေကို ရှေ့ တန်းတင် မတရားမှုကို အားပေးအားမျြောက်ပြုလုပ်ခဲ့တဲ့ အာဏာရှင်အုပ်ချုပ်သူ အာဏာရူးတွေဘဲ။ ဘယ်မှာလည်း မှန်မှန်ကန်ကန် တရားဥပဒေနဲ့  ပြည်သူလူထုရဲ့  အသက်အိုးအိမ် ဘေးအန္တရာယ်ကို ကာကွယ်စောင့်ရှောက်နိုင်မှုဆိုတာ ... ။




No comments: