Sunday, April 12, 2015

၂၀၁၅ ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ မသမာမှုတွေ မရိုးသားမှုတွေ ကလိမ်ကကျစ်ကျမှုတွေကို သိန်းစိန်တို့  လုပ်လာကြပြီ။

၂၀၁၅ ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ မသမာမှုတွေ မရိုးသားမှုတွေ ကလိမ်ကကျစ်ကျမှုတွေကို သိန်းစိန်တို့  လုပ်လာကြပြီ။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စခမ္မကျေးရွာအုပ်စုမှာ မှတ်ပုံတင်လုပ်ဖို့ ပြောပြီး၊ ပတ်စပို့ဓါတ်ပုံရိုက်ခိုင်းတယ်။ မှတ်ပုံတင်လိုချင်သူတွေ မှတ်ပုံတင်ရပြီဆိုပြီ သွားယူတော့ ကြံ့ခိုင်ရေးပါတီဝင်ကဒ်တွေ ထုတ်ပေးခဲ့တယ်။ ပြီးတော့ ကြံ့ခိုင်ရေးပါတီကို မဲပေးရမယ်။ ဒီကဒ်ရှိမှ မှတ်ပုံတင် လုပ်ပေးမယ်ဆိုပြီး ရိုးသားလွန်းတဲ့ ပြည်သူပြည်သားများကို မလိမ့်တပါတ် လုပ်ကြတယ်။

ဒီလိုလုပ်ရပ်တွေ လုပ်တဲ့... သိန်းစိန်အာဏာရူးအုပ်စုနဲ့  ကြံ့ ဖွတ်ပါတီကို အပြင်းအထန် ရှုတ်ချတယ်။ နိုင်ငံတော်အခြေခံဖွဲ့ စည်းပုံ၊ တရားဥပဒေနဲ့  နိုင်ငံရေးပါတီများ ကျင့်သုံးလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများကို ဗြောင်ကျကျ ချိုးဖောက်တာဘဲ။

 ဒီလို မသမာတဲ့လုပ်ရပ်နဲ့  ပတ်သက်ပြီး သိန်းစိန်စစ်အုပ်စုအစိုးရအနေနဲ့  ဖြေရှင်းချက် ထုတ်ပြန်ပေးဖို့  တောင်းဆိုပြီး၊ မသမာ မဲလိမ်လိုတဲ့ လုပ်ရပ်တွေ မကျင့်ကြံဖို့  သတိပေးလိုပါတယ်။

မြန်မာပြည်သူပြည်သားတွေအနေနဲ့  ဒီလို မသမာမှုလုပ်ရပ်တွေ လှည့်ဖြားလိမ်လည်မှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်ကြပြီး အများသိအောင် ထုတ်ဖော်ပေးကြဖို့  အရေးကြီးပါတယ်။


No comments: