Monday, April 20, 2015

လေးစားပါတယ် စောဖိုးခွား (reggae)။

ပြည်သူ့ အတွက် အနုပညာရှင်ဆိုတာ ဘယ်လို ဖြစ်သင့်တယ်ဆိုတာရယ်၊ မလေးစားထိုက်သူကို လေးစားစရာ မလိုဖူးဆိုတာရယ်ကို တိတိကျကျ ရှင်းရှင်းလင်းလင်း ပြောပြတဲ့ စောဖိုးခွား (reggae) ကို လေးစားဂုဏ်ယူပါတယ်။

“ဧပြီလ ၁၄ ရက်နေ့ ညနေမှာ ကျွန်တော်တို့  ဖျော်ဖြေတဲ့ မဏ္ဍပ်ကို သမ္မတကြီး လာမှာမို့  အနုပညာရှင်တွေအားလုံး ကြိုဆို ဂါရ၀ပြု နှုတ်ဆက်ကြဖို့  အကြောင်းကြားလာပါတယ်။

ကျွန်တော် သွားမတွေ့ ပါဖူး၊ သူ ပြန်သွားပြီးမှ ကျွန်တော် မဏ္ဍပ်ဆီသွားပြီး သီချင်းဆိုတဲ့အလုပ်ကို လုပ်ပါတယ်။...

 ကျွန်တော့် ခံယူချက်က ငါတို့  ပြည်သူတွေ အားလုံးကို လိမ်လည်လှည့်ဖြားနေတဲ့ “လူ” တစ်ယောက်ကို ဘာမှ တလေးတစားနဲ့  ဂုဏ်ယူဝင့်ကြွားစွာ တွေ့ စရာအကြောင်း မရှိဖူးဆိုတဲ့ အချက်ဘဲ။

ငါတို့  တကယ်သွားတွေ့ ပြီး အားပေးသင့်တဲ့ “သူ” တွေကတော့ ....

အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း မတရား အကျဉ်းချခြင်း ခံနေရတဲ့ ငါတို့ ရဲ့  ရဲဘော်ရဲဘက် ညီနောင်ဖွားတွေဘဲဆိုတာကို သတိပေးပါရစေ .... “

စောဖိုးခွား (reggae)။


No comments: