Sunday, March 1, 2009

ဗိုလ်ချူပ်အောင်ဆန်း ကြေးရုပ်ထု အကြောင်း။

ဗိုလ်ချူပ်အောင်ဆန်း ကြေးရုပ်ထုရဲ့  သမိုင်းကြောင်းကို လေ့လာမှတ်သားနိုင်ရန်အတွက် မှတ်တမ်းအကျဉ်းအား တင်ပြလိုက်ပါတယ်။






















ရန်ကုန်မြို့ ၊ ဗဟန်းမြို့ နယ်၊ နတ်မောက်လမ်း၊ ဗိုလ်ချူပ်အောင်ဆန်းပန်းခြံအတွင်းရှိ ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်ထုမှာ အမြင့် (၈) ပေ (၄) လက်မရှိပြီး၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့  အနုပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာကြီး မစ္စတာကော့ပ်နောလ် ဆိုသူက ဗိုလ်ချူပ်အောင်ဆန်း၏ ဓာတ်ပုံကိုကြည့်ကာ ထုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

ကြေးရုပ်ပုံစံ မသွန်းလုပ်မီ ရွှံ့ ရုပ်ထုအဖြစ် ဦးစွာထုလုပ်ရာ ပန်းပုဆရာကြီးဖြစ်သူ ကျောင်းအုပ်ကြီးမှာ ဗိုလ်ချူပ်အောင်ဆန်းကို မမြင်ဘူးဘဲ ဓာတ်ပုံကို ကြည့်ပြီးသာ ထုလုပ်ရသဖြင့် လန်ဒန်မြို့ ရှိ မြန်မာသံရုံးမှ အရာရှိအချို့ အား ခေါ်ယူပြီး ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်ထုလုပ်မှုတွင် အကူအညီများ ရယူခဲ့သည်။

ကိုလိုနီခေတ်နောက်ပိုင်း လွတ်လပ်ရေးရရရှိခဲ့ပြီးသည့် အချိန်အခါသမယမှာ မြန်မာပြည်သူလူထုကသာမက ကမ္ဘာ့ပြည်သူများကပါ လေးစားခြင်းကိုခံခဲ့ရတဲ့ ဗိုလ်ချူပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်ထုကို လူမျိုးခြားဖြစ်သူ မစ္စတာကော့ပ်နောလ်ကနေ ကိုယ်တိုင်ကိုယ်ကျ ထုလုပ်ပြီး ဂုဏ်ပြုခဲ့ခြင်း ဖြစ်ပါသည်။

ဗိုလ်ချူပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးးပမ်းခဲ့မှု ကျေးဇူးတရားအား သိတတ်သောအားဖြင့် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်ထုကို မပျောက်ပျက် မပျက်စီးသွားစေရန်နှင့် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်ထု သန့် ရှင်းသပ်ရပ်စွာဖြင့် တည်တံ့တည်ရှိနေစေရန် ကာကွယ်စောင့်ရှောက်ပေးရမည်မှာ ကျွန်ုပ်ဆို့  ပြည်သူပြည်သားများ၏ တာဝန်ဝတ္တရား ဖြစ်ပေသည်။

No comments: