Friday, October 3, 2008

သုံးသိန်းတသောင်း။



















သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ၀န်ကြီး ဦးသောင်း တယောက်ထဲမှ တာဝန်ယူခဲ့သည်မှာ ဆယ်စုနှစ်ကျော်ကြာညောင်းခဲ့ပါပြီ။

န-အ-ဖ စစ်အစိုးရသမိုင်းမှာ ၀န်ကြီးဌာနတခုထဲမှာ အရှည်ကြာဆုံး တာဝန်ယူခဲ့တဲ့ သက်တော်ရှည်အမတ်ကြီးလို့ ဆိုနိုင်လောက်ပါပေတယ်။ တပ်ချူပ်ကြီး-သန်းရွေနဲ့ တမြို့ထဲ ကျောက်ဆည်သားချင်း ဖြစ်သလို၊ ဒုချူပ်-မောင်အေး နှင့်လည်း D.S.A အပတ်စဉ် ( ၁ ) မှာ Same Batch တွေလည်း ဖြစ်ပါတယ်။

ဦးသောင်းဟာ D.S.A 1st Batch ရဲ့ BC(Best Cadet)ကိုလည်း ရခဲ့တယ်၊ ပြီးခဲ့တဲ့၂၀၀၇-Sep:ရွေဝါရောင်တော်လှန်ရေးမှာ စစ်အစိုးရ၏အကြမ်းဖက်မှုတွင် အထက်မြန်မာပြည်မှာ စက်မှု (၁) ၀န်ကြီးအောင်သောင်း၊ အောက်မှာ ဦးသောင်းဟုလည်း စစ်အစိုးရ၏ အကြံပေး ပရောဟိတ်တဦးအဖြစ် ထင်ရှားခဲ့သူလည်း ဖြစ်သည်။ စစ်အစိုးရအဖွဲ့ထဲမှာတောင် ဦးသောင်း ပြီးလျှင် အားလုံးပြီးတယ်။ အဲသလောက်ထိ ဦးသောင်းက ပိုင်တယ်။ ဦးသောင်း မျက်စောင်းထိုးခံရမှာ ဗိုလ်ချုပ်ကြီးတွေတောင် ကြောက်ရဆိုဘဲ။ တပ်ချုပ်ကြီးအိမ်နောက် ဖေးပေါက်က၀င်ပြီး ဒေါ်ကြိုင်ကြိုင်ကို သွားသွားညှောင့်တယ်တဲ့။ အတို့အထောင်ကောင်းတဲ့ ၀န်ကြီးတယောက်ပါ။

သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနတွင် - သုံးသိန်းတသောင်း - ဟု ပြောစမှတ်တခု ရှိသည်။ ကွန်ပျုတာကျောင်းသားများကပင်အစ သိကြသည်။ ဆိုလိုသည်မှာ သုံးသိန်း ဆိုသည်မှာ ဒေါက်တာ ဒေါ်နီလာသိန်း (ပါမောက္ခချုပ် - ရန်ကုန် ကွန်ပျုတာ တက္ကသိုလ်- Ph;D, S'pure)၊ ဒေါက်တာဒေါ်သန္တာသိန်း ( ကထိက- ရန်ကုန်ကွန်ပျုတာ တက္ကသိုလ်- Korea ၌ Post Ph:D တက်နေဆဲ)၊ နောက်တယောက်က ဒေါက်တာဒေါ်ရတနာသိန်း (ကထိက-ရန်ကုန်ကွန်ပျုတာ တက္ကသိုလ်-Local Ph:D) စသည့် ညီအမသုံးဖော်နှင့် တသောင်းကတော့ ၀န်ကြီးဦးသောင်း။

ဒေါက်တာ ဒေါ်နီလာသိန်း၏လက်မှတ်ဖြင့် မန္တလေးကွန်ပျူတာတက္ကသိုလ် B.C.Sc (Hons:) ဘွဲ့လက်မှတ်တွင် Bachelor နှင့် Bechelor ဟု စာလုံးပေါင်းအမှားဖြင့် ထုတ်ပေးသည်။ အလွန်ရုတ်ပျက် ဆင်းပျက်နိုင်သော အမှားအရွင်း ဖြစ်သည်။ ၄င်းကိစ္စဖြင့်တာဝန်ရှိသူအချို့ ကို ၀န်ကြီးက Action ယူသည်။ ဒေါ်နီလာသိန်း မပါ။ စီမံထူးချွန်(တတိယ)အဆင့်ပင် ဦးသောင်း၏ ထောက်ခံမှုဖြင့် ရလိုက်သေးသည်။ ညီအမသုံးယောက်လုံး ဦးသောင်း၏ မြှောက်စားချီးမြင့်ခြင်းကို အလွန်ခံရသည်။ နယ်ကျောင်းများသို့ ဦးသောင်း ရောက်လျှင်ပင် ဒေါ်နီလာသိန်း မည်ကဲ့သို့တော်ကြောင်း၊ တတ်ကြောင်း ပြောရသည်မှာ ဦးသောင်း အတွက် မမောနိုင် မပန်းနိုင်ရှာ။ မိသားစုခြင်းလည်း အလွန်နီးကပ်စွာဆက်ဆံမှုရှိသည်၊ မည်ကဲ့သို့ အလျော်အစားရှိသည်မသိ။

ဝန်ကြီးဦးသောင်း မြှောက်စားချီးမြင့်မှု အလွန်ကောင်းသည်။ M.I.Sc/ M.A.Sc 1st Batch, 2nd Batch များကိုလည်း ဦးသောင်း မြှောက်စားခဲ့သည်။ Ph: D ဆင်းလာပြီဆိုလျှင် နယ်ကွန်ပျူတာတက္ကသိုလ်များတွင် ကျောင်းအုပ် ပေးသည်။ Ph;D 1st Batch တွေ ဆင်းလာတော့ 1st Batch Ph:D များကို မြှောက်စားသည်။ 2nd Batch ဆင်းလာတော့ 1st Batch တွေ မြောင်းထဲရောက်သည်။ မတည်မြဲသော သင်္ခါရသဘောကို ဦးသောင်းအောက်တွင်ပို၍ တရားရစေသည်။

M.I.Sc/ M.A.Sc 1st Batch, 2nd Batch များကိုလည်း ဦးသောင်း မြှောက်စားခဲ့သည်။ ယခုတော့ ၄င်းတို့ဘေးဖယ်ခံမြောင်းထဲမှာ။ သူကြိုက်လျှင်ကြိုက်သလို သူ့ သဘောကျတုန်းကတော့တမျိုး။ ဦးသောင်းက စိတ်အပြောင်းအလဲမြန်သည်။ အာဏာရှင်သန်းရွေ၏လူယုံတပည့်ပီသစွာ သ-ပ-န တွင် အာဏာရှင်ဆံသည်။ မည်သည့်ကိစ္စူမဆို သူစိတ်တခုတည်းဖြင့် အဆင်ခြင်မဲ့ ဆုံးဖြတ်သည်။ ဌာနဆိုင်ရာ DE Report က မတင်ရသေး၊ ဦးသောင်းက Action ယူပြီးပြီ။ စိတ်ထင်ရာစိုင်းသည့် လုပ်ရပ်ဖြစ်သည်။

မြန်မာစကားတွင် ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်ဆိုသော စကားကို လူတိုင်း ကားဘူးကြပေလိမ့်မည်။ အဘ မည်မျှအလုပ်လုပ်ရသည်။ ငါဘယ်လို Admin ကောင်းသည်။ အဘရှိလို့ မင်းတို့ မြောင်းထဲ မရောက်တာ။ နင်တို့ကို အဘက မြောင်းထဲကနေ ဒီနေရာရောက်အောင် တင်ထားရတာ။ ကျောင်းတိုင်းရောက်တိုင်း-သ-ပ-န ၀န်ထမ်းများနှင့်တွေ့တိုင်း ဦးသောင်း ပြောနေကြ။ သူတော်တာ လူတိုင်းသိစေချင်သည်။ သူမကိုက်သူများကို နာမည်တတ်ပြီး လူပုံအလည်မှာ မကောင်းပြောသည်။

လူကြီးလူကောင်း အင်္ဂါရပ်နှင့်ကိုက်ညီမှု၊ ၀န်ကြီးတယောက်၏ဂုဏ်သိက္ခာ ဦးသောင်းတွင် လုံးဝမရှိ။ တပ်ချုပ်ကြီးသန်းရွေ၏နောက်ခံဖြင့် ကီးကျယ်နေသူသာ ဖြစ်သည်။ အစိုးရအဖွဲ့ဝင် လူကြီးများ၊ ထိပ်ပိုင်းလူကြီးများ၊ ဦးသောင်း ဘာမှမဟုတ် ဘာမှမတတ်ဆိုတာ အားလုံးအသိ။

ခုတော့ မကြာတော့ပါဘူး။ သူ့သမိုင်းနှင့်သူ သွားတော့မှာပါ။ သူရဲ့အချစ်တော် ညီမ (၃) ယောက်တော့ အတော်ခံစားရမှာပါ။ အခြား သ-ပ-န (services of Sciences and Technology) ၀န်ထမ်းတွေအတွက်တော့ ၀မ်းမြောက်စရာပါ။

နောက်ဆုံးကြားသိရတဲ့သတင်းကတော့ နေပြည်တော်မှာ သန်းရွေက ၀န်ကြီးအဖွဲ့ အစည်းအဝေးခေါ်ပြီး၊ ၀န်ကြီးတွေကိုထွက်ခိုင်းပြီး။ အခုကတည်းက ပါတီနိုင်ငံရေးလုပ်ခိုင်းတယ်။ ကြံဖွတ်ကို ပါတီတခုအဖြစ် မကြာခင် ပြောင်းမယ်။ ဦးသောင်း လည်း ပါသွားပြီ။ သ-ပ-န နဲ့ ငသောင်းကတော့ ရေစက်ကုန်တော့မှာပါ။

ပြီးတော့ စစ်အစိုးရလည်း အိုးစားကွဲတော့မှာပါ။ ကံ ကံ၏အကျိုးတဲ့။ သူတို့မိုက်ပြစ်နဲ့ သူတို့ လူမိုက်တို့လားရာလမ်း မြန်းရတော့မှာပါ။

(ရေးသားသူ - ဖရီးဘားမား mm)။

No comments:

Post a Comment

Note: Only a member of this blog may post a comment.