Tuesday, October 7, 2008

မြေကြီးပေါ်မှာထိုင်ပြီး စာသင်နေကြရသော မုန်တိုင်းဘေးဒဏ်သင့်ဒေသမှ ကလေးသူငယ်များ ဘ၀။

နာဂစ်မုန်တိုင်းဘေးသင့်ရာ ဒေသတွင် ပြန်လည်တည်ဆောက်ထားသော စာသင်ကျောင်းများမှာ အခြေအနေ အထိုင်မကျသေးကြောင်း သိရှိရပါတယ်။

အချို့ သောကလေးတွေမှာ ထိုင်စရာခုံနှင့် စာသင်စရာစားပွဲခုံ မရှိသောကြောင့် ကျောင်းခန်းအတွင်း မြေကြီးပေါ်တွင် ထိုင်နေရဆဲ ဖြစ်ပါတယ်။

အချို့ သော စေတနာရှင်များမှ အလှူငွေကောက်ပြီး ထိုင်ခုံများ ရိုက်ပေးနေရသော်လည်း လုံလောက်မှု မရှိသေးကြောင်း သိရှိရပါတယ်။

အကူအညီပေးလိုသည့် အလှူရှင်များနှင့် စေတနာရှင်များအား နာဂစ်မုန်တိုင်းဘေးသင့်ဒေသရှိ ဒုက္ခရောက်နေသူများနှင့် ကလေးသူငယ်များအား ဆက်လက် ကူညီပံ့ပိုးပေးကြပါရန် ၄င်းတို့  ကိုယ်စား မေတ္တာရပ်ခံအပ်ပါတယ်။

ထို့ အတူ အခြားသော ဆရာဆရာမများနှင့် ကျောင်းသားမိဘများအားလည်း သားသမီးချင်း၊ တပည့်ချင်း ကိုယ်ချင်းစာသောအားဖြင့် အဆိုပါဒေသများရှိ ကလေးသူငယ်များ ပညာရေးအတွက် ၀ိုင်းဝန်းကူညီပေးကြပါရန်ကိုလည်း မေတ္တာရပ်ခံအပ်ပါတယ်။



No comments:

Post a Comment

Note: Only a member of this blog may post a comment.