

ကိုမင်းကိုနိုင်၏ မွေးနေ့ အမှတ်တရ ပြောဆိုမှုများ။
အမှတ်တရ (၁)။
ကိုမင်းကိုနိုင်ကို အထက်တန်းကျောင်းသားဘ၀ (အရေးအခင်းကာလ) နယ်မှာနေစဉ်ကတည်းက ကြားဖူးခဲ့တာပါ။ အဲ့ဒီနေ့အချိန်ထိ အကျဉ်းကျနေသူ ....
အပြင်မှာ ပြန်ထွက်လာတာလည်း သိပ်ကြာကြာ မနေလိုက်ရသူ............
ပြန်ထွက်လာခိုက်မှာလည်း ထိရောက်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့သူ..........
ကိုယ်ကျိုးစွန့်တယ်ဆိုတာ ဒီလိုသူမျိုးလို့ ပြလို့ရတဲ့သူ.........
စသည်..စသည်..များစွာ လေးစားရတဲ့သူ။ ထို့ကြောင့် အမြန်ဆုံးလွတ်မြောက်ပြီး ယုံကြည်ရာကို လွတ်လွတ်လပ်လပ်နှင့် တိုင်းပြည်ကောင်းကျိုးအတွက် လုပ်ဆောင်နိုင်ပါစေ၊ကျန်းမာချမ်းသာပါစေ......လို့မွေးနေ့ဆုတောင်းပြုလိုက်ပါတယ်.......
အမှတ်တရ (၂)။
ကိုမင်းကိုနိုင်ဟာ ၆၂မျိုးဆက်ကျောင်းသားများ... ၇၄မျိုးဆက်ကျောင်းသားများ..ကိုယ်တိုင်
လေးစားရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးပါ...
အမှတ်တရ (၃)။
ကျနော်တို့အတွက်လည်း...သူ့ရဲ့လုပ်ဆောင်ချက်.. ခံယူချက်တွေဟာ..
လေးစားအတုယူဖွယ်ရာဖြစ်ပါတယ်..
အမှတ်တရ (၄)။
ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ပေါင်းများစွာကို လွတ်လွပ်လပ်လပ်နဲ့ စည်စည်ကားကား ကျင်းပနိုင်တဲ့နေ့ရက်များ... အမြန်ရောက်လာပါစေကြောင်းနဲ့....
ကိုမင်းကိုနိုင် ကျန်းမာပါစေကြောင်း အထူးတလည် ဆုမွန်တောင်းအပ်ပါသည်။
အမှတ်တရ (၅)။
ဒီကနေ့... အောက်တိုဘာလ ၁၈ ရက် ၂၀၀၈ ခုနှစ်ဟာ ဆိုရင် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း ရဲ့ (၄၆) နှစ် မြောက်မွေးနေ့ရက်မြတ် ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်ကို ၁၉၈၉ မတ်လမှာ အကျဉ်းချခဲ့တာ၊ ၁၅နှစ်ကျော် ၁၆နှစ်နီးပါး အကျဉ်းကျခံခဲ့ရပြီး ၂၀၀၄ နိုဝင်ဘာမှာ ပြန်ည်လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၇ သြဂုက်၁၉ရက်မှာ ပြန်လည် ဖမ်းဆီးခံခဲ့ရပါတယ်။
မိမိကိုယ်ကျိုးမငဲ့ပဲ မြန်မာပြည်သူပြည်သားများအတွက် တိုက်ပွဲဝင်နေသော ကိုမင်းကိုနိုင်နှင့်တကွ ဖမ်းဆီးခံနေရသော ကျောင်းသားခေါင်းဆောင်များအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေရန် အစ်ကိုကြီး ကိုမင်းကိုနိုင်ရဲ့ (၄၆) နှစ်မြောက်မွေးနေ့လေးမှာ ၀ိုင်းဝန်းဆုမွန်ကောင်းများတောင်း၍၊ ဆုတောင်းမေတ္တာများ ပို့သကြပါစို့...။
No comments:
Post a Comment
Note: Only a member of this blog may post a comment.