Monday, October 6, 2008

၁၉၈၈ ခုနှစ် အချိန်ကာလတုန်းက ဓါတ်ပုံတစ်ပုံက ပြောပြနေသော စာသားမဲ့ အဓိပ္ပာယ်ပြည့်ဝသည့် စကား။




















အသက်ကြီးပြီး လူမပီသစွာနဲ့ ရိုင်းစိုင်းနေကြတဲ့ အာဏာရူးလူကြီးတွေ၊ ပြည်သူကို ရိုက်နှက်ညဉ်းပမ်း နှိပ်စက်နေကြပြီး ပါဝါပြ အာဏာပြနေကြတဲ့ လူကြီးတွေ၊ ကိုယ့်ကျိုးအတွက်ကိုဘဲ ကြည့်ပြီး ပြည်သူတွေငတ်သေရင် သေပလေ့စေ့စိတ်ထားတဲ့ ကိုယ်ကျိုးစီးပွားချမ်းသာရေးအတွက် တကိုယ်ကောင်းသမား ဘို့ တစ်ဘို့ ဘဲသမား လူကြီးတွေထက်စာရင် ငယ်ရွယ်နုပျိုပြီး မတရားမှုကို အသက်အရွယ်နဲ့ မလိုက်အောင် သိနားလည်တဲ့ (၁၉၈၈ ခုနှစ်တုန်းက အာဏာရှင်စနစ်ကို ဆန့် ကျင်တဲ့အနေနဲ့  ထိုင်သပိတ်ဆင်နွဲနေတဲ့ - ဒီဓါတ်ပုံပါ) လူငယ်လေးတွေက အင်မတန်မြင့်မြတ်လှပါပေတယ်။

လူငယ်လေးတွေဟာ စိတ်ထားဖြူစင် ရိုးသားကြပါပေတယ်။ ပြည်သူအများအတွက် မတရားမှုတွေကို နားလည်စာနာတတ်တဲ့စိတ်ဓါတ် ရှိကြပါပေတယ်။ ကိုယ်ကျိုးအတွက် မမှုဘဲ ကိုယ့်အရွယ်နဲ့ မလိုက်အောင် မည်သူကမျှ မတိုက်တွန်းဘဲ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ပေးလိုစိတ် ရှိကြပါပေတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို မကြောက်မရွံ့  ရင်ဆိုင်ရဲလိုစိတ် ရှိကြပါပေတယ်။ အများအတွက် စွန့် လွှတ်ရဲတဲ့ မှန်ကန်တဲ့ သတ္တိ ရှိကြပါပေတယ်။ အမှားအမှန်ကို သေသေချာချာ သုံးသပ်ခွဲခြားနိုင်ပြီး အမှန်တရားဘက်ကို ပြတ်ပြတ်သားသား ရပ်တည်ရဲတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ဆောင်ရွက်မှု ရှိကြပါပေတယ်။ ဇဝေဇ၀ါနဲ့ေ၀၀ါးဝါးဖြစ်ပြီး တုံ့ ဆိုင်းနေတာမျိုး မရှိဘဲ လုပ်သင့်တာကို လုပ်ရဲတဲ့ စိတ်ဓါတ်ကြံ့ ခိုင်မှု ရှိကြပါပေတယ်။ မှန်ကန်တဲ့ ဦးဆောင်မှုနောက်ကို တိတိကျကျ လိုက်နာလုပ်ဆောင်တဲ့ အရည်အသွေးလည်း ပြည့်ဝကြပါပေတယ်။

တန်ဘိုးရှိ မြင့်မြတ်လွန်းတဲ့ ဒီလို လူငယ်လေးတွေနဲ့  အာဏာရူး ကိုယ်ကျိုးရှာ လူကြီးတွေနဲ့  နှိုင်းတောင် မနှိုင်းယှဉ်လောက်အောင်ပါဘဲ။ နှိုင်းယှဉ်လောက်အောင်လည်း နည်းနည်းမျှ မထိုက်တန်လှပါဖူး။ အရင့်အရင် အာဏာရူးလူကြီးတွေရော လက်ရှိ အာဏာရူးလူကြီးတွေရော အင်မတန်ရှက်ဖွယ်ပါဘဲ။ အာဏာရူးလူကြီးတွေကို ဖားယားပြီး ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ လူကြီးတွေရော၊ မိမိ အာဏာတည်မြဲဖို့  စည်းစိမ်ဥစ္စာ မပျက်စီးဖို့  အတ္တကိုယ်ကျိုးသာ ကြည့်နေကြတဲ့ လူကြီးတွေရော ရှက်ဖွယ်ပါဘဲ။

ကိုယ်ကျိုးထိခိုက်မှာ ကြောက်ပြီး ဒီလူငယ်လေးတွေလောက်တောင် ပြည်သူလူထုအများအကျိုးကို လက်တွေ့ မဆောင်ရွက်ရဲကြတဲ့ လူကြီးတွေရော ရှက်ဖွယ်ပါဘဲ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.