မီးမီး တဲ့
၈၈ မှစတင်
အာဏာရှင်အစိုးရအတွက်မီးလိုပူစေခဲ့သူ။
၉၆ ကျောင်းသားအရေးအခင်းမှာလည်း
မလစ်မလပ်ပါဝင်ခဲ့သူ။
တော်လှန်ရေးစိတ်ဓာတ်အပြည့်နဲ့
ထောင်သွင်းအကျဉ်းကျလည်းမမှု့သူ။
အသက်ကိုအရေးမထား
မိသားစုကိုအလေးမထား
အများအတွက်ကိုယ်ကျိုးစွန့်
တစ်ဘ၀လုံးပေးဆပ်ဖို့ဝန်မလေးသူ။
တိုင်းပြည်နဲ့လူမျိုးအတွက်လုပ်ဆောင်ရင်း
ထောင်ဒဏ် ၆၅ နှစ်ကျခံရသူ။
ထောင်ဒဏ်နှစ်ရှည်ဘယ်လောက်ချချ
စိတ်ဓာတ် မယိမ်းယိမ်တဲ့သူ။
သူမအတွက်
မိသားစုမှ အမြဲတစေ
ဂုဏ်ယူနေ ရသူ။
မမီးမီးရေ
လေးစားဂုဏ်ယူ ချီးမြှောက်ပါသည်
အိုဘယ့် အမျိုးသမီးကောင်း ...... အာဇာနည် ။ ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.