Sunday, November 30, 2008

နအဖရဲ့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခွေးတွေ ရောင်းနေတယ်။

နအဖရဲ့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခွေးတွေ ရောင်းနေတယ်။

တိရိစ္ဆာန်တွေထဲမှာ ခွေးဟာ လူသားအပေါ်မှာ အင်မတန် သစ္စာရှိတဲ့ (အထူးသဖြင့် သခင်အပေါ်မှာ) သံယောဇဉ်ကြီးပြီး စောင့်ရှောက်တတ်တဲ့ သတ္တ၀ါအဖြစ် သတ်မှတ်ခဲ့ကြတယ်။ သခင့်ကျေးဇူး သိတတ်တဲ့ သွန်သင်ပြရင် သွန်သင်ပြသလို လိုက်နာလေ့ ရှိတဲ့ ခွေးကို တန်ဖိုးထား မွေးမြုလေ့ရှိကြတယ်။

မိမိအိမ်ခြံ လုံခြုံရေးအတွက်လည်း အားကိုးထိုက်တယ်။ ဒီ့အပြင် မူးယစ်ဆေးဝါးများ အနံ့ ခံခိုင်းခြင်း၊ ဗုံးလို ပေါက်ကွဲနိုင်စေတဲ့ ယမ်းပစ္စည်းများအား အနံ့ ခံခိုင်းခြင်း၊ ရန်သူအနံ့ အား ခံခိုင်းခြင်း၊ အကောက်ခွန် တားမြစ်ထားတဲ့ ပစ္စည်းများအား အနံ့ ခံခိုင်းခြင်း၊ ရာဇ၀တ်မှုများ ကျူးလွန်တဲ့ လူဆိုးသူခိုးများအား ဖမ်းဆီးတဲ့နေရာမှာ ပါဝင်ခိုင်းခြင်း၊ မျက်မမြင်များအား ရှေ့ ဆောင်လမ်းပြခေါ်ယူခြင်း အစရှိတဲ့ ကူညီမှုတွေအား Guide Dog အနေနဲ့  သင်တန်းပေးပြီး ပြုလုပ်ခိုင်းခြင်းတို့ သာမက အထီးကျန်ဆန်နေသူတွေအတွက်လည်း အဖေါ်တစ်ယောက်သဖွယ် အားကိုးအားထားပြုရတာကြောင့် အိမ်မွေးတိရိစ္ဆာန်ဆိုတာထက် မိတ်ဆွေတစ်ဦးသဖွယ် အဖေါ်အဖြစ် မွေးမြူလေ့ ရှိကြပါတယ်။ ဒီ့အတွက် ခွေးဟာ အခြားသော တိရိစ္ဆာန်များနဲ့  မတူ လူတွေအတွက် အင်မတန် အသုံးဝင်တဲ့ သတ္တ၀ါဖြစ်ပါတယ်။


















ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ခွေးများကို တန်ဖိုးထားစောင့်ရှောက်တာမျိုး မလုပ်ဘဲ ပြစ်ထားကြလို့ သာ ခွေးတွေဟာ ခေတ်ပျက်ကြီးအောက်မှာ အစာရေစာငတ်ပြတ်ပြီး လမ်းဘေး လမ်းမတွေပေါ်မှာ ခွေးလေခွေးလွင့်ဘ၀နဲ့  ရှင်သန်နေကြရပါတယ်။ အခြားသော နိုင်ငံများမှာဆိုရင် ခွေးများရဲ့ တန်ဖိုးကို သိရှိနားလည်ကြလို့  လူသားတစ်ဦးပမာ ခွေးများကို အိမ်မွေးတိရိစ္ဆာန်အဖြစ်သော်လည်းကောင်း၊ စစ်ဘက်ရေးရာ ရဲဘက်ရေးရာ လုံခြုံရေးခွေးများအဖြစ်လည်းကောင်း၊ မျက်မမြင်များအား လမ်းပြစောင့်ရှောက်သည့် guide dog များအဖြစ်သော်လည်းကောင်း ကောင်းကောင်းမွန်မွန် မွေးမြူကြပါတယ်။














အခု နအဖရဲ့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ တရုတ်ပြည်ကို ခွေးအရှင်တွေ တင်ပို့ ရောင်းချတဲ့ တရားဝင်သတင်းထုတ်ပြန်တာ ကြားသိရတော့ ရောင်းစရာရှားလို့  ခွေးတောင်မရှောင်တော့ဖူး ရောင်းချပါလား၊ ဒီလို ခွေးအရှင်တွေကို သနားကြင်နာစိတ်မရှိဘဲ တင်ပို့ ရောင်းချတာကိုးများ ဂုဏ်ယူဝင့်ကြွားစွာနဲ့ များ တရားဝင်သတင်းထုတ်ပြန်သေးရဲ့ လို့  အံ့သြမိပါရဲ့ ။
















နအဖလက်အောက်မှာ လူမပြောနဲ့  ခွေးတောင် ဘ၀လုံခြုံမှု မရှိတာ အထင်အရှား ပြသလိုက်တာပါဘဲ။ လမ်းမပေါ်မှာ ရမ်းသမ်းပြီး ထင်ရာစိုင်းပြစ်တဲ့ သေနတ်ကျည်ဆံကြောင့် သေခဲ့ကြရရုံတင်မကဖူး အခုတော့ ဖမ်းဆီးခံရပြီး အရှင်လတ်လတ် ရောင်းချခံရတဲ့အထဲမှာ မြန်မာပြည်မှ ခွေးများပါ ပါဝင်နေပါတော့တယ်။























































တကယ်တမ်း တရုတ်ပြည်ကို အရှင်လတ်လတ် ရောင်းချသင့်တဲ့ ခွေးတွေကတော့ (ခွေးလောက်တောင် တန်ဖိုးမရှိတဲ့) အောက်ဖေါ်ပြပါ ခွေးများ ၀က်များသာ ဖြစ်ပါကြောင်း။

No comments:

Post a Comment

Note: Only a member of this blog may post a comment.