Monday, November 30, 2009

World AIDS Day (ဒီဇင်ဘာလ ၁ ရက်နေ့ ) ။

Support World AIDS Day

AIDS ကိုယ်ခံစွမ်းအားကျဆင်းသောရောဂါ မရရှိစေရန်အတွက် -

- သမီးရည်းစားဘ၀တွင် (သို့ ) အပျော်အပါးလိုက်စားလျှင် လိင်ဆက်ဆံပါက အကာအကွယ်ပစ္စည်းကို သုံးပါ။

- အိမ်ထောင်မပြုမီ လိုအပ်သော ဆေးစစ်မှုကို နှစ်ဦးနှစ်ဘက်စလုံးမှ ကျန်းမာရေးကဏ္ဍ ရှူထောင့်မှကြည့်၍ အလေးထား ဆောင်ရွက်ပါ။

- သွေးလှူရာတွင်ဖြစ်စေ သွေးသွင်းရာတွင် ဖြစ်စေ သန့် ရှင်းစိတ်ချရသော ဆေးကိရိယာပစ္စည်းများကိုသာ သုံးစွဲပါ။

- သူတစ်ပါးသုံးပြီးသော ဆေးထိုးအပ်များအား မျှဝေသုံးစွဲခြင်းအား ရှောင်ရှားပါ။



ကျန်းမာရေး အသိပညာ ပေးရာတွင် သတိပြုသင့်သော အချက်များ။

(အောက်ဖေါ်ပြပါ ရေးသားချက်သည် ကန္တာရ၀တီ တိုင်း(မ်) မှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။

အမေရိကန် နိုင်ငံမှာ စက်တင်ဘာ (၁၁)၊ ၂၀၀၁ ခုနှစ်က ဖြစ်သွားခဲ့တဲ့ လေယာဉ် အနုကြမ်းစီးပြီး အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အဲဒီအချိန်တစ်ဝိုက်မှာ အမေရိကန် နိုင်ငံက လူအများစုဟာ လေယာဉ် စီးရမှာကို ကြောက်ရွံ့ သွားခဲ့ကြပါတယ်။ အဲဒီလို ဖြစ်ပြီး သိပ်မကြာခင်လေးမှာ လေယာဉ်စီးပြီး ခရီးသွားနေကျ အမျိုးသမီး တစ်ဦးက လေယာဉ် မစီးတော့ဘဲ သူ သွားရမယ့် ခရီးကို ကားနဲ့ သွားဖို့ ရွေးချယ်ခဲ့ပါတယ်။ အဲဒီ ခရီးလမ်းမှာပဲ ကားတိုက်မှု ဖြစ်ပြီး သူမ သေဆုံးသွားခဲ့ပါတယ်။

ကောက်ယူထားတဲ့ ကိန်းဂဏန်း စာရင်း ဇယားတွေ အရ ကြည့်မယ်ဆိုရင် အမေရိကန် နိုင်ငံမှာ လေယာဉ် ကြောင့် သေဆုံးရမှုက ကားကြောင့် သေဆုံးရမှုထက် ပိုပြီး အန္တရာယ် နည်းပါးတယ်လို့ တွေ့ရပါတယ်။

အဲဒီတော့ ကိုယ့်အသက်အန္တရာယ်ကို စိုးရိမ်တယ်ဆိုရင် အဲဒီအမျိုးသမီး ဘယ်နည်းလမ်းကို ရွေးချယ် သင့်ပါသလဲ။

ဒါပေမယ့် လတ်တလော ဖြစ်ထားတဲ့ ကြောက်စရာ ဖြစ်ရပ်ကြီးကို စိတ်ထဲမှာ မထားဘဲ နည်းလမ်းတကျ ရွေးချယ်နိုင်ဖို့ဆိုတာ ပြောလို့ လွယ်သလောက် လုပ်ရတာ ဘယ်လောက် ခက်မယ်ဆိုတာ သိသာပါတယ်။

အဲဒီ ကြောက်စိတ်ရဲ့ အခြေအမြစ်တွေကို ကျန်းမာရေး သတင်းအချက်အလက် မျှဝေတဲ့သူတွေ နားလည်ထားမှ အများ ပြည်သူကို ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေ ပေးတဲ့အခါ အကြောက်လွန်ပြီး အန္တရာယ် ပိုများတဲ့ နည်းလမ်းတွေကို မရွေးချယ်မိကြအောင် ကူညီနိုင်ကြမယ်လို့ ထင်ပါတယ်။

ကျန်းမာရေး အသိပညာပေးရာမှာ စကားလုံး အသုံးအနှုန်းကြောင့် ထိခိုက်ခဲ့ဖူးတာလေးတွေ ရှိပါတယ်။

“အေအိုင်ဒီအက်စ်သည် ကုရာနတ္ထိ ဆေးမရှိ”၊ “အေအိုင်ဒီအက်စ် ဖြစ်လျှင် သင် မုချ သေမည်” စတဲ့ စကားလုံးတွေ သုံးခဲ့ကြတဲ့အတွက် ကြောက်သင့်တာကို မကြောက်ဘဲ၊ မကြောက်သင့်တာတွေကို အကြောက်လွန် ခဲ့တာမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။

ကြောက်သင့်တာက အေအိုင်ဒီအက်စ် ရောဂါပိုး ကိုယ့်ထံကို ၀င်ရောက်လာနိုင်မယ့် အပြုအမူတွေ။

မကြောက်သင့်တာက အိတ်ခ်ျအိုင်ဗွီပိုးနဲ့ နေထိုင်ကြတဲ့သူတွေ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ။

သူတို့က ကိုယ့်ကို အန္တရာယ် ပေးနိုင်တာမှ မဟုတ်တာ။ ကိုယ့် အပြုအမူတွေကသာ ကိုယ့်ကို အန္တရာယ် ပေးနိုင်တာ။

ဒါပေမယ့် “သေကို သေမှာ၊ ကုလို့ မရဘူး”ဆိုတဲ့ စကားက လူတွေရဲ့ တွေးခေါ် စဉ်းစားနိုင်စွမ်းကို ကြောက်စိတ်နဲ့ ဖုံးပစ်လိုက်တဲ့ အတွက် ရောဂါ ရှိသူတွေ၊ ရောဂါပိုးနဲ့ နေထိုင်နေရသူတွေကို အသက်အန္တရာယ် ပြုတဲ့အထိ အဖြစ်ဆိုးတွေ ကြုံခဲ့ရဖူးပါတယ်။

အမေရိကန် နိုင်ငံရဲ့ ၃၂ ယောက်မြောက် သမ္မတဖြစ်တဲ့ ဖရန်ကလင်ရုစဗဲ့က “ကျွန်ုပ်တို့ရဲ့ တစ်ခုတည်းသော ကြောက်စရာက ကြောက်စိတ်ပါပဲ “လို့ ပြောခဲ့ဖူးပါတယ်။

လူတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ကြားသိရချက်တွေ အပေါ်မှာ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေကို သုတေသန လုပ်ရာက ရလာတဲ့ တွေ့ရှိချက် အချို့ကို ပြောပြချင်ပါတယ်။

(၁) ဘာတွေ ဖြစ်နိုင်တယ် ဆိုတာကို ပို သိရင် ပို ကြောက်တယ်။

(၂) အန္တရာယ်က ဘာတွေ ဖြစ်မယ်ဆိုတာကို မသေချာရင် ပိုကြောက်တယ်။

(၃) အဲဒီ အန္တရာယ်က ကိုယ့်ဆီမှာ ဖြစ်နိုင်တယ်လို့ ခံစားရရင် ပိုကြောက်တယ်။

(၄) အများစုက အန္တရာယ် တစ်ခု အကြောင်း ကြားရင် အဲဒါက တခြားသူတွေမှာပဲ ဖြစ်မှာပါ၊ ငါ့မှာတော့ မဖြစ်နိုင်ပါဘူးလို့ တွေးလေ့ရှိကြတယ်။

(၅) အန္တရာယ်က အရင်က မဖြစ်ဖူး၊ မကြားဖူတဲ့ အန္တရာယ် အသစ် ဆိုရင် ပိုကြောက်တယ်။

(၆) တစ်နေရာတည်းမှာ အကြီးအကျယ် ဖြစ်တာမျိုးဆိုရင် ပိုကြောက်တယ်။ ဥပမာ - တစ်နိုင်ငံလုံးမှာ နှလုံးရောဂါနဲ့ သေဆုံးသူ အရေအတွက်က တစ်နေ့ အယောက်(၂၀၀၀) ရှိတယ်၊ ဒါပေမယ့် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက်က အယောက်(၅၀) ဖြစ်နေမယ်ဆိုရင် လူတွေက ဗုံးပေါက်ကွဲမှုကို ပိုကြောက်ကြပါတယ်။ နှလုံးရောဂါနဲ့ သေဆုံးတာက တစ်နေရာတည်းမှာ စုပြုံပြီး ဖြစ်ကြတာ မဟုတ်တဲ့ အတွက်ကြောင့်ပါ။

(၇) အန္တရာယ်က ကိုယ်က လုပ်ယူတာမျိုး ဆိုရင် သိပ်မကြောက်ကြဘူး။ ဥပမာ - လိင်မှုကိစ္စ အပျော်အပါးလိုက်စားရာမှာ ကွန်ဒုံး မသုံးတာမျိုးလို့ ပြောရမယ် ထင်ပါရဲ့။

(၈) အန္တရာယ်ကို ကိုယ်က ချုပ်ထိန်းနိုင်စွမ်း ရှိတယ်လို့ ယူဆရင် သိပ်မကြောက်ကြဘူး။ ဥပမာ - မော်တော်ဆိုင်ကယ်ကို ခေါင်းဆောင်း မပါဘဲ စီးတာမျိုးပေါ့။

(၉) ကိုယ့်ကို အန္တရာယ်ကနေ ကာကွယ် ပေးနိုင်မယ်၊ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်မယ်လို့ ယူဆထားတဲ့ သူတွေကို ယုံကြည်ရင် သိပ်မကြောက်ကြဘူး။ မယုံကြည်ရင် ပိုကြောက်ကြတယ်။ ဥပမာ- ပြည်သူ့ ကျန်းမာရေးကို အမှန်တကယ် ဆောင်ရွက်တဲ့ အုပ်ချုပ်သူ အစိုးရတွေကြောင့် ပြည်သူတွေရဲ့ ကြောက်ရွံ့ ထိတ်လန့်မှုက အလွန်အကျွံ မဖြစ်ဘူး။ ၂၀၀၀ခုနှစ်မှာ နွားရူးရောဂါ ဖြစ်ခဲ့တုန်းက ဂျာမဏီနိုင်ငံက ကိုင်တွယ် ဖြေရှင်းခဲ့ပုံက မှန်ခဲ့တဲ့ အတွက် လအနည်းငယ် အတွင်းမှာပဲ ပြည်သူတွေ ကြောက်စိတ် လျော့ပါးသွားပြီး အမဲသား ဈေးကွက်က ပုံမှန် ပြန်ဖြစ် သွားခဲ့တယ်။ ဒါပေမယ့် အလားတူ ဖြစ်ရပ်ကို ဂျပန်နိုင်ငံက ကိုယ်တွယ် ဖြေရှင်းပုံ မှားခဲ့တဲ့အတွက် ဂျပန်နိုင်ငံရဲ့ အမဲသား ဈေးကွက်က တော်တော်နဲ့ ပုံမှန် ပြန်ဖြစ် မလာခဲ့ဘူး။

ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေ အကြောင်း ပညာပေး မျှဝေတဲ့ အခါမှာ တစ်စုံတစ်ခုကို အလွန်အမင်း ကြောက်ရွံ့ထိတ်လန့် သွားအောင် ပြောမယ့်အစား သတင်းအချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ပေးပြီး လူတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်အောင် အကူအညီ ပေးရမှာ ဖြစ်ပါတယ်။

အဖြစ်အပျက်တစ်ခုဟာ -

- ဖြစ်နိုင်ခြေ ဘယ်လောက်များသလဲ

- ဘယ်လို ကာကွယ်နည်းတွေ ရှိသလဲ

- ဘယ်လို ရွေးချယ်စရာတွေ ရှိသလဲ

- အန္တရာယ်ဘယ်လောက် အထိ ကြီးနိုင်သလဲ

စတာတွေကို သေသေချာချာ နားလည်အောင် အကူအညီ ပေးနိုင်မယ် ဆိုရင် အများပြည်သူမှာ မိမိဘ၀အတွက် မိမိကိုယ်တိုင် မှန်ကန်စွာ ရွေးချယ်နိုင်စွမ်းတွေ ပိုမို တိုးမြင့်လာပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေကို ပိုမို ဆောင်ရွက်ဖြစ်ဖို့ အခွင့်အလမ်းတွေ ပိုများလာနိုင်ပါတယ်။

လောင်းရိပ်မိသောပန်း။

ဖဖေနဲ့မေမေကတော့ အသက်သုံးဆယ်အရွယ်လောက်တွေမှာ လောကကြီးကနေထာဝစဉ်ခွဲခွာသွားခဲ့ကြတယ်။ အဲလိုအရွယ်တွေ ကောင်းတဲ့အချိန်မှာ ဆုံးပါးသွားတာဟာ မိသားစုရဲ့အငွေ့ရနှံ့၊ သံယောဇဉ်နဲ့ ယုရမှုလေးတွေကို ရှူရှိုက်ခံစားလို့ မ၀သေးတဲ့ ရင်သွေးလေး နှစ်ဦးအတွက် စောလွန်းပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ရင်သွေးလေး ညီအစ်ကိုယ်နှစ်ဦးဟာ အခြားမိဘမဲ့ သား/သမီးငယ်လေးတွေလို လောကအလယ်မှာ မျက်နှာ ငယ်ငယ်နဲ့ ဘ၀ကိုရင်ဆိုင်ရမှာကိုကတော့ နားလည်လက်ခံနိုင်စရာပါ။ ဒါပေမဲ့ ထိုညီအစ်ကိုနှစ်ဦးရဲ့အဖြစ်က အခြားသာမန် မိဘမဲ့ ကလေးငယ်လေးတွေထက် မျက်နှာငယ်ခံနေရတာကိုက ရင်နာစရာ…။

ထိုညီအစ်ကိုနှစ်ဦးရဲ့နာမည်ကို မောင်ငြိမ်းချမ်း(ညီ)နဲ့ မောင်ဆန်းထွန်း(အစ်ကိုယ်)လို့ တင်စား လိုက်ပါတယ်။ ဖေဖေမေမေတို့ ဆုံးပါးတဲ့ အချိန်မှာဆို မောင်ငြိမ်းချမ်းနဲ့မောင်ဆန်းထွန်းဟာ ငါးနှစ်နဲ့ ခြောက်နှစ်သားအရွယ် လောက်မှာသာ ရှိပါသေးတယ်။ မိဘတွေက အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်နဲ့ အတူနေထိုင်ခဲ့ကြရတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၀၁ခုနှစ်က သူတို့ရဲ့မွေးရပ်မြေဖြစ်တဲ့ ကရင်နီ(ကယား)ပြည် လွိုင်ကော်မြို့မှာဆုံးပါးသွားခဲ့ကြပါတယ်။

မိဘတွေကအိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်နဲ့ ဆုံးပါးသွားခဲ့ကြပြီး ကျန်ရစ်ခဲ့တဲ့ မောင်ငြိမ်းချမ်းနဲ့မောင်ဆန်းထွန်း တို့မှာထိုလက္ခဏာတွေနဲ့ အတူနေထိုင်ရတဲ့အတွက် လူမှုပတ်ဝန်းကျင်ရဲ့ခွဲခြားဆက်ဆံမှုနဲ့ အပယ်ခံရမှုများ ကိုရင်ဆိုင်ကြရပါတယ်။ မိဘတွေဆုံးပါးသွားတဲ့ အချိန်မှာ လွိုင်ကော်မြို့မှာရှိတဲ့ အိမ်နီးနားချင်းရဲ့အိမ်တအိမ်မှာ ညီအစ်ကိုနှစ်ယောက် ကံကောင်းထောက်မစွာဖြင့် တွယ်ကပ်နေထိုင်ခွင့် ရရှိပြီး လွိုင်ကော်မြို့ အ.ထ.က ကျောင်းတကျောင်းမှာ ပညာဆက်လက်ဆည်းဖူးခွင့်ရကြပါတယ်။

ပထမတန်း ပညာသင်ယူနေသော မောင်ငြိမ်းချမ်းဟာ တနေ့မှာတော့ သူ့ရဲ့လက်မှာ အနာဖုတွေပေါက်နေတာကို ဆရာမ ကတွေ့တော့ အခြားကျောင်းသားလေးတွေလဲ မောင်ငြိမ်းချမ်းလို မဖြစ်စေရလေအောင်ဆိုပြီး သူ့ကို ကျောင်းဆက်တက်ခွင့် မပေးတော့ဘဲ ရပ်နားခိုင်း လိုက်ပါတယ်။ "ဆရာမက ကျောင်းမပေးတက် တော့တဲ့အတွက် ကလေးက ၀မ်းနည်းပြီးငိုတယ်။ ကျောင်းကိုလာခွင့် မရတော့ဘဲ တလအကြာမှာ ကလေးက ဆုံးသွားရှာတယ်။"လို့ ကျန်ရစ်နေတဲ့ အစ်ကိုဖြစ်သူ မောင်ဆန်းထွန်းရဲ့ ရှေ့ရေးကို တာဝန်ယူပေးနေတဲ့ ဆရာမ နေချည်က ပြောပြပါတယ်။

မောင်ဆန်းထွန်းဟာ ယခု၂၀၀၉ ခုနှစ်ဆိုရင် တတ္တမတန်း(၇တန်း) ပညာကို သင်ယူနေပါပြီ။ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့အတူ နေထိုင်တဲ့ပုံမပေါ်ပေမဲ့ မိဘတို့မှ စွန်းထင်ထားခဲ့တဲ့ အမဲစက်တွေကြောင့် သူ့ခမျာ အခြားကျောင်းသား/သူလေးတွေရဲ့အကြား၊ အတိုင်းအ၀ိုင်းတခုရဲ့အကြားမှာ သိမ်ငယ်နေရရှာတယ်လို့ ဆိုပါတယ်။

"+++(မောင်ဆန်းထွန်း) ညီလေးရဲ့အဖြစ်ကို တွေ့ရတာကျမ အရမ်းနာကျင်သွားတယ်။ စိတ်မကောင်းတာကလွဲလို့ ကျမဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး။ တကယ်တမ်းတော့ သူ့ဆရာမတွေက ဒီ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်ကို ဘယ်လိုကာကွယ်နိုင်လဲ၊ နောက်ပြီး အလွယ်တကူ မကူးစက်နိုင်ဘူး ဆိုတာကို နားလည်ကြပါတယ်။ ဒါပေမဲ့တကယ်လက်တွေ့မှာ ကျမတို့ community ကဒီအရာကို လက်ခံနိုင်စွမ်း မရှိသေးဘူး"လို့ မိဘမဲ့ကလေးငယ်လေးတွေကို ကူညီထောက်မပေးနေတဲ့ ကယားပြည်နယ် ခရစ်ယန်အသင်းတော်ရဲ့ အဖွဲ့ခေါင်းဆောင် ဆရာမ နေချည်က ရှင်းပြသွားတာပါ။

မောင်ငြိမ်းချမ်းနဲ့ မောင်ဆန်းထွန်းတို့ရဲ့ အဖေဟာ နာမည်ကြီးတဲ့ ရှင်းပြည်နယ်တောင်ပိုင်းက မိုင်းရှိုးမှာ ကျောက်တွေ သွားတူးဖူးသလို အပျော်တန်းလိင်ဆက်ဆံမှုများလဲ အတော်လေး လိုက်စားခဲ့တဲ့အတွက် အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့အတူစတင် နေထိုင်ရခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ လွိုင်ကော်မြို့ရဲ့ရပ်ကွက် တွေထဲမှာ မောင်ငြိမ်းချမ်းနဲ့မောင်ဆန်းထွန်းတို့လို အခြေအနေတူ၊ ဘ၀တူ သား/သမီး ငယ်လေးတွေ ရှိနေကြောင်း နှင့် သူတို့ရဲ့မိဘတွေကလည်း အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့ ဆုံးပါးသွားခဲ့ကြတာကို ဆရာမက ထပ်ပြီးညွန်းပြပါတယ်။

မှိုင်းရှိုးဒေသမှာ ကျောက်မျက်ရတနာ တူးဖေါ်ရေးလုပ်ငန်းနဲ့ ရောင်းဝယ်ရေးလုပ်ငန်းများ နာမည်ရှိသလောက် မြန်မာနိုင်ငံနယ်အသီးသီးမှ အလုပ်လာရောက်လုပ်ကိုင်သူ အများစုဟာ မလုံခြုံတဲ့လိင်ဆက်ဆံမှုနဲ့ မူးရစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ မကင်းဘူးလို့ ဆိုကြပါတယ်။

ကယားပြည်နယ်တွင် ကျေးလက်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း(RHDP) အဖွဲ့၏ ၂၀၀၇-၂၀၀၈ စစ်တမ်းကောက်ချက်အရ လူဦးရေ(၄၀၀၀) ၀န်းးကျင်၏ ၃၀ရာခိုင်နှုံးဟာ မှိုင်းရှိုးနှင့်ဖားကန့်တို့မှာ အလုပ်သွားရောက်လုပ်ကိုင်နေကြပြီး ထိုထဲမှ ၂၆ရာနှုန်းဟာ မလုံခြုံတဲ့ လိင်ဆက်ဆံမှုများ ကျင့်သုံးကြတာ ကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။

ထိုသေဒများမှ အလုပ်သွားရောက်လုပ်ကိုင်ပြီး မိမိကယားပြည်နယ်သို့ ပြန်လာအခြေချနေထိုင်သူတို့မှာ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ် နှင့်အတူ နေထိုင်ရသောကြောင့် အိမ်ထောင်အချို့မှာ မိမိတို့လွယ်ထားသော ကလေးများဟာ မိခင်ဝမ်းထဲ ပင်သေဆုံးသွားကြရသော ကလေးငယ်များရှိသလို မွေးကင်းစကပင် သေဆုံးသွားသောကလေးများလဲ ရှိခဲ့တယ်လို့ RHDP အဖွဲ့ခေါင်းဆောင် ဆရာမီရယ်က ပြောပါတယ်။

အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်နဲ့အတူ နေထိုင်သူ သုံးသိန်းကျော်ရှိတဲ့ မြန်မာနိုင်ငံကို World Vision အဖွဲ့မှ ပြီးခဲ့တဲ့ ၁၉၅၈ခုနှစ် ကတည်းက ၀င်ရောက်ကူညီပေးလျက်ရှိပြီး လိင်ဆက်ဆံမှုများလုံခြုံမှုမရှိဟု ယူဆရတဲ့ မှိုင်းရှိုးမှာ World Vision အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့ ပါတ်သက်ပြီး ကြိုတင်ကာကွယ် မှုများနဲ့ပညာပေးရေးအစီအစဉ် များကိုပြု လုပ်ပေးနေပါတယ်။ သို့သော်လည်း မှိုင်းရှိုးသို့ အလုပ်သွားရောက်လုပ်ကိုင်ကြသော လူငယ်အများစုဟာ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်ကို ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရန် နည်းလမ်းများအား မသိရှိကြသေးကြောင်း RHDP ၏ စစ်တမ်းကဆိုပါတယ်။

မှိုင်းရှိုးသို့ သွားရောက်ကျောက်တူးခဲ့သော အသက်(၂၅)နှစ်အရွယ် လူငယ်တဦးက "ကျနော်ဖောက်သည် တော်တော်များများနဲ့ တွေ့ဖူးတယ်။ ကွန်ဒိုသုံးရကောင်းမှန်း မသိဘူး။ တချို့ဖာက်သည်တွေကလည်း သူ့ကိုယ်သူရောဂါမရှိဘူး၊ ကွန်ဒိုသုံးစရာမလိုဘူးလို့ ပြောကြတယ်။ ကျနော်လည်း ကွန်ဒိုသုံးရမှာ သိပ်အရသာ မရှိတာနဲ့ မသုံးချင်တာလဲပါတယ်။ " လို့ RHDP ကိုပြောပြသွားပါတယ်။
ဆက်လက်ပြီး ထိုလူငယ်က “အစားစားရှိတယ်။ လောပန်း(သူဌေး)တွေ အများအားဖြင့် သုံးကြတဲ့အသစ်လို့ ခေါ်မှာပေါ့ ပါကင်လို့ ခေါ်ကြတယ်။ အဲဒါက နှစ်သိန်း(ကျပ်) လောက်ပေးရတယ်။ ကြာသွားရင်ပြီး ဒါမှမဟုတ် အသက်ကြီးသွားတဲ့လူတွေက ဈေးကျသွားတယ်။ ငါးရာ(ကျပ်) အထိရှိတယ်။ ကျနော်တို့ဆို ကြပ်တည်းတဲ့ အချိန်တွေမှာ အဲဒီငါးရာတန်တွေနဲ့ သွားပျော်ရတာ များတယ်။”

ထိုလူငယ်တွေဟာ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်ကို ဂရုမစိုက်ကြဘဲ မိမိရဲ့စိတ်အလို ဆန္ဒတခုတည်းကိုသာ ဦးထိပ်ထားမိတဲ့အတွက် “ရောဂါကို ငွေနဲ့ဝယ်ယူသလိုဖြစ်နေတယ်”လို့ RHDP အဖွဲ့ခေါင်းဆောင် ဆရာမီရယ်က ကောက်ချက်ချပါတယ်။

အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နှင့် အတူနေထိုင်သော လက်ရှိကလေးငယ်လေးတွေ လူမှုအသိုင်းအ၀ိုင်းထဲ ခွဲခြားဆက်ဆံမှုများ လျော့ပါးလာနိုင်အောင် ပညာပေးရေးအစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်နေပါကြောင်း ကုလသမဂ္ဂ ကလေးများ ဆိုင်ရာရံပုံငွေ (UNICEF)အဖွဲ့တွင် မိဘမဲ့ကလေးများ ကူညီစောင့်ရှောက်ရေးအစီအစဉ်၌ ဆောင်ရွက်ခဲ့ဖူးသော ဆရာမတဦးက ပြောပါတည်။

အိတ်ခ်ျအိုင်ဗီနဲ့အတူ နေထိုင်သူတဦးရဲ့ လက်ဖျားပေါ်ကသွေးစက်ဟာ ကျမ်းပြင်ပေါ်ကျရောက်သွားတာနဲ့ တခါထဲ သူ့ရဲ့ဗိုင်းရပ်ပိုးတွေက စက်ကန့်ပိုင်းအတွင်း သေကုန်ကြောင်း၊ အလွယ်တကူသွေးကို ထိတွေ့၍ မရရှိနိုင်ကြောင်း၊ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်ဟာ တဦးပေါ်တဦး အလွယ်တကူရောက်နိုင်တဲ့ အချက်က မလုံခြုံတဲ့လိင် ဆက်ဆံခြင်းနဲ့ မူးရစ်ဆေးဝါးသုံးစွဲမှုတို့ကသာ အဖြစ်များတယ်လို့ ရန်ကုန်မှ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့ ပါတ်သက်ပြီး အထူးလေ့လာကျွမ်းကျင်သူ ဒေါက်တာတဦးက ပြောပြဖူးပါတယ်။

ဒါကြောင့် အပြစ်ကင်းစင်တဲ့ မောင်ငြိမ်းချမ်းတို့လိုရင်သွေးလေးတွေ မငြိုးနွမ်းသွားစေဖို့၊ အပြစ်မဲ့တဲ့ မောင်ဆန်းထွန်းတို့ လိုမျိုးဆက်သစ် လေးတွေ နောင်မနက်ဖန်မှာ မျက်နှာငယ်ငယ်နဲ့ လောကရဲ့ပါတ်ဝန်းကျင်ကို မရင်ဆိုင်ကြရလေအောင် မလုံခြုံတဲ့ လိင်ဆက်ဆံခြင်းဖြင့် အပျော်အပါးလိုက်စားခြင်းနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုဆိုတဲ့အချက်နှစ်ချက်ဟာ ကျနော်တို့အားလုံးကနေပြီးမှ ကြိုတင်ရှောင်ရှားသင့်၊ ရှောင်ရှားလို့ရတဲ့အရာတွေ ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။

(စေးရယ်စိုး/ဖေဖော်ဝါရီ ၁၃၊ ၂၀၀၉)။

မှတ်ချက်။ ။ စာရေးသူ၏ ကျင့်ဝတ်အရ အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါပိုး ကူးစက်ခံရသူအစား အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် အတူ နေထိုင်သည်ဟု သုံးနှုံးထားပါသည်။

(အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား ကူညီစောင့်ရှောက်ပေးသော မဖြူဖြူသင်း အား လေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။
http://phyuphyuthin.blogspot.com/ သို့  သွားရောက်၍ ဖတ်ရှူစေလိုပါသည်)။

အပြည့်ဖတ်မည်...

Sunday, November 29, 2009

ဒီပုံစုတ်မှန်ဘောင်သည် နေရာမှား၍ ရောက်နေသည်။

တစ်ပါတီစနစ်ကျင့်သုံးခဲ့တဲ့ အာဏာရှင် နေ၀င်း အုပ်ချူပ်နေခဲ့တဲ့ မဆလခောတ်ကာလတုန်းက ရေဒီယိုမှာ အမြဲလာနေကျ မူရင်းသီချင်းဖြစ်တဲ့ -

“တို့ပြည်ထောင်စုအလံတော်သည်၊
တလူလူ လွင့်လို့ချီလာပြီ၊
ပြည်သူအပေါင်းတို့ပျော်ရွှင်သည်၊
မနှေးယခု အလေးပြုကြပါမည်” ဆိုတာကို -























၁၉၈၈ ခုနှစ် အချိန်ကာလတုန်းက ပြည်သူ့ အချစ်တော် တိုင်းကျော်ပြည်ကျော် လူရွှင်တော် ဇာဂနာ (ကိုသူရ) ဦးဆောင်တဲ့ မြပုဏ္ဏမာအငြိမ့်အဖွဲ့ တစ်ဖွဲ့ လုံးကို အာဏာရှင် မဆလက ခေါ်ယူစစ်ဆေးပြီး တရားစွဲဆိုတဲ့အဆင့်ထိကို ရောက်စေခဲ့တဲ့ စာသားဖျက်ဆိုလိုက်တာကတော့ -

“တို့ ပြည်ထောင်စု အလံတော်သည်၊
ဗိုလ်ချုပ်ဈေးက ၀ယ်လာပြီ၊
ပြည်သူ အပေါင်းတို့ ငြိုငြင်သည်။
ပြေးလု၊ (ေ -ွး) ဥ မှတ်ပါသည်။” ဖြစ်ပါတော့တယ်။

မြန်မာပြည်တစ်ဝှမ်း ပြည်သူတိုင်းရဲ့  ပါးစပ်ဖျားမှာ သီဆိုပြီး ရေပန်းစား လူကြိုက်များခဲ့ရတဲ့ ဒီသီချင်းစာသားလေးက တကယ်ကိုလည်း မဆလတစ်ပါတီ အာဏာရှင်စနစ်ရဲ့  ဆိုးရွားမှုဒဏ်ကို ခါးသီးအောင် ခံနေခဲ့ကြရတဲ့ ပြည်သူတွေရဲ့  ရင်ထဲက နာကျဉ်းချက်တွေကို ထုတ်ဖေါ်ပြလိုက်တဲ့ အာဏာရှင်အုပ်ချူပ်မှုကို ပျက်ရယ်လှောင်ပြောင် တော်လှန်ဆန့် ကျင်လိုက်တဲ့ စာသားလေးအဖြစ် ကိုယ်စားပြုသွားလို့ ဘဲ ဖြစ်ပါတယ်။ (http://www.zarganar-windoor.blogspot.com/)။

ကဲ ယခုခောတ်ကာလကိုလည်း ကြည့်ပါဦး။ ဆရာထက် တပည့်လက်ဝါးစောင်းထက်ဆိုသလို အာဏာရှင် နေ၀င်းထက် အတိုင်းအဆမရှိ ဆိုးရွားယုတ်မာ မိုက်ရိုင်းလွန်းတဲ့ အာဏာရူး သန်းရွှေ လက်ထက်မှာ ရဟန်းရှင်လူ ပြည်သူအပေါင်းဟာ ဘ၀တွေ စုတ်ပြတ်သတ်ပြီး အသက်တွေ ကြေမွပျက်စီးဆူံးရှုံးခဲ့ရလို့  သန်းရွှေနဲ့  နအဖ ဗိုလ်ချူပ်ကြီးများကို ပြည်သူအပေါင်းက ရွံ့ မုန်းခါးသီးမှုတွေဟာ ရင်နဲ့ မဆန့် လောက်အောင် ပြင်းထန်ပေါက်ကွဲရပါတယ်။

ဒီလို နာကျဉ်ခံစားမှုတွေကိုသာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ရကြမယ်ဆိုရင် သန်းရွှေနဲ့  အပေါင်းအပါ နအဖတွေဟာ ပြည်သူတွေက ရွံ့ မုန်းစွာ ထွေးထုတ်လိုက်မယ့် တံထွေခွက်မှာ ရစရာ မရှိအောင် ပေကျန်မှာ ဖြစ်သလို၊ ပြည်သူတွေရဲ့  နာကျဉ်းစွာနဲ့  ကြည့်တဲ့ မျက်လုံး၊ ဖွင့်ဆိုပြောကြားတဲ့ ပြင်းထန်တဲ့ စကားလုံးတွေ ထိမှန်မှာ ဖြစ်ပါတယ်။

အာဏာရူး သန်းရွှေရဲ့  စော်ကားမိုက်ရိုင်းမှုတစ်ခုဖြစ်တဲ့ လုပ်ရပ်တစ်ခုကတော့ - မြန်မာပြည်ထောင်စုတစ်ခုလုံး တစ်မျိုးသားလုံးကို လွတ်လပ်ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ တပ်မတော်ရဲ့  ဖခင်ရင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့  ဓါတ်ပုံတွေကို ရုံးဌာနဆိုင်ရာတွေ အများပြည်သူပိုင်နေရာတွေကနေ ဖြုတ်ချပြစ်ခဲ့ပြီး ကျက်သရေမရှိ အစဉ်အလာမရှိတဲ့ သူရဲ့  ဓါတ်ပုံကို အတင်းအဓမ္မ အစားထိုးချိတ်ဆွဲခဲ့ပါတယ်။

















အာဏာရှင် သန်းရွှေကို လူကိုတိုင် မပြောနဲ့  သူ့ ရဲ့  ဓါတ်ပုံကို မြင်တွေ့ ရတာတောင် အော်ဂလီဆန်လွန်းရတာမို့  ပြည်သူတွေရဲ့  ရင်ထဲက နာကျဉ်းခံစားမှုတွေကို ကိုယ်စားပြု ဖေါ်ထုတ်တဲ့အနေနဲ့  စောစောက သီချင်းစာသားလေးနေရာမှာ အောက်ဖေါ်ပြပါ စာသားနဲ့  ထပ်မံဖြည့်စွက်လိုက်ရပါတယ်။

“ဒီပုံစုတ်မှန်ဘောင်သည် နေရာမှား၍ ရောက်နေသည်၊
ပြည်သူအပေါင်းက ချဉ်ပါသည်။
မနှေးအမြန် ဖြုတ်ချ မြေမြုပ်ပစ်ရန် လိုပါသည်။”














“ဒီပုံစုတ်မှန်ဘောင်သည် နေရာမှား၍ ရောက်နေသည်၊
ပြည်သူအပေါင်းက ချဉ်ပါသည်။
မနှေးအမြန် ဖြုတ်ချ မြေမြုပ်ပစ်ရန် လိုပါသည်။”


(နအဖအာဏာရှင်လက်အောက်မှာ အကျဉ်းကျခံနေရတဲ့ ကိုဇာဂနာ (ကိုသူရ) အတွက် အမှတ်တရအဖြစ် ယခုပို့ စ်အား ရေးသားဖေါ်ပြရင်း ကိုဇာဂနာ (ကိုသူရ) နှင့်တကွ အားလုံးသော နိုင်ငံရေးအကျဉ်းသားများ အမြန်ပြန်လည်လွတ်မြောက်ပါစေလို့  ဆုတောင်းလိုက်ပါတယ်)။

လေးစားလျက် -

နစ်နေမန်း။

အပြည့်ဖတ်မည်...

ပြည်သူလူထုက ချွေးနှဲစာဖြင့် ၀ယ်ယူဖတ်ရှုနေရသော သတင်းစာ ဂျာနယ် မဂ္ဂဇင်းများသို့ -

နှစ်ပေါင်းများစွာ နအဖ၏ နှစ်ပြားမတန် သတင်းစာကို အစားထိုးရန် ရည်ရွယ်ချက်ကောင်းဖြင့် စတင်လာသော်လည်း နအဖ အလိုကျ ၀ါဒဖြန့်ချိရေးမှိုင်းတိုက် ဆောင်းပါးများ၊ ပုဂ္ဂိုလ်ရေးအရ စောင်းမြောင်းထိပါးမှုများ၊ လောင်းကစားအားပေး ပြည်သူ့ မွဲတေရေး ဘောလုံးပွဲ ဖိုးကပ်များ၊ ဒီမိုကရေစီလမ်းစဉ်မှ ညင်သာသော အကွေ့များဖြင့် ပြည်သူကို လမ်းမှားရောက်အောင် စနစ်တကျ ပို့ဆောင်နေသည့် သတင်းဂျာနယ် မဂ္ဂဇင်းများအားလုံး ဤနေရာမှာ အသိပေးလိုက်သည်မှာ -

(၁) နအဖ အလိုကျ ၀ါဒဖြန့်ချိရေးမှိုင်းတိုက် ဆောင်းပါးများ ထည့်သွင်းခြင်း အနည်းဆုံး ပမာဏသို့ လျှော့ချရန်၊

(၂) ပြည်သူလူထုဘက်၌ ရပ်တည်သော အဖွဲ့အစည်း အသင်းအဖွဲ့ များကို ပုဂ္ဂိုလ်ရေး အရ ထိခိုက်မှု လုံးဝ မပြုလုပ်ရန်၊

(၃) နအဖအလိုကျ ပွဲဆူရှုပ်ထွေးအောင် လုပ်နေသည့် လုပ်ရပ်များအား ရပ်တန်းမှ ရပ်တန့် ရန်၊

(၄) လောင်းကစားအားပေး ဘောလုံးပွဲ ဆောင်းပါးများဖြင့် ပြည်သူလူထု ဒုက္ခရောက်အောင် ဖန်တီးနေမှုများ အဆုံးသတ်ရန်၊

(၅) ပြည်သူလူထုဘက်သို့  မရပ်တည်ဘဲ မိမိတို့  ကိုယ်ကျိုးစီးပွားအတွက်သာ ကြည့်ပြီး သတင်းအမှန်များကို ထိမ်ချန်ဖုံးကွယ်ပြီး နအဖအလိုကျ ဆောင်ရွက်ပေးနေမှုများ ရပ်တန့် ရန်။

မည်သည့်သတင်းမီဒီယာ မဆို အဆိုပါ အချက်အလက်များကို မလိုက်နာပါက ပြည်သူလူထု အလယ်တွင် ရပ်တည်နေရာရမှု လုံးဝမရှိတော့သည် အထိ တိုက်ခိုက်ခံရမည်ဟု သတိပေးလိုက်သည်။

ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် နေရာအနှံ လူထုလှုပ်ရှားမှုအသွင်ဖြင့် ဝေဖန်ပြစ်တင်ရှုံချမှု ပြုလုပ်မည်ဖြစ်ပါ၍ မိမိတို့၏ မီဒီယာ အကြောင်းအရာများကို ဂရုတစိုက်စိစစ်ကြရန် တိုက်တွန်းလိုက်သည်။

ထုတ်ဝေသူများ အနေနှင့် အားပေးသူ ပြည်သူများထံမှ သိန်းရာနှင့်ချီသည့်အထိ အမြတ်အစွန်း ရယူထားသည်ကို မထောက်မထား ပြည်သူဒုက္ခရောက် ဆင်းရဲတွင်းနက်စေရန် လုပ်ဆောင်နေမှုများသည် ထမင်းကြွေးသော လက်ကို ပြန်ကိုက်သည့် ခွေးနှင့်တူသည်ကို နားလည်ကြရမည်။ နားမလည်သော ခွေးမီဒီယာများ ကျဆုံးကြရမည်။

(မြန်မာပြည်တွင်းမှ ပေးပို့ လာသော အမည်မဖေါ်လိုသူ ပြည်သူများ၏ ထုတ်ပြန်ကြေညာချက် ဖြစ်ပါသည်)။

အပြည့်ဖတ်မည်...

လျှပ်တစ်ပြက်သတင်းဂျာနယ် အမှန်အတိုင်း ထုတ်ဖေါ် မပြောရဲ။


အပြည့်ဖတ်မည်...

Saturday, November 28, 2009

မြန်မာပြည်တွင်း ဟိုတယ်တစ်ခုကနေ မြန်မာပြည် ဖုန်းဆက်သွယ်ရေးအကြောင်း သတိပေးတဲ့ စာ။



















မြန်မာနိုင်ငံမှာ နိုင်ငံရပ်ခြားကို ဖုန်းခေါ်တာကို အတတ်နိုင်ဆုံး ရှောင်ရှားဖို့ အတွက် မြန်မာပြည်က ဟိုတယ်တစ်ခုက လာရောက်တည်းခိုတဲ့ ဧည့်သည်တွေကို သတိပေးစာ ဖြစ်ပါတယ်။ ဒီစာထဲမှာ ဖေါ်ပြထားတာကတော့ မြန်မာပြည်ရဲ့  ဆက်သွယ်ရေးဖုန်းစနစ်ဟာ အင်မတန် ဆိုးရွားလွန်းပါတယ်။ မြန်မာနိုင်ငံရဲ့  ဆက်သွယ်ရေးဖုန်းစနစ်ဟာ အားထားလို့  မရကြောင်း။ အလွန်အမင်း ခေါ်ခဈေးကြီးကြောင်း ဖေါ်ပြထားပါတယ်။

ဘယ်လောက် ခေါ်ခဈေးကြီးလည်းဆိုရင် (၄၅) စက္ကန့် ကျော်တာနဲ့  ကိုယ်ခေါ်နေတဲ့ တစ်ဘက်က ဖုန်းကို မကိုင်တာတောင် ခေါ်ခ ကျသင့်ငွေ ပေးရမည် ဖြစ်ကြောင်း သတိပေးထားပါတယ်။ တခါတရံမှာလည်း ခဏလေး ပြောနေရင်း ဖုန်းပြတ်သွားရင်လည်း ပြောဆိုနေခ ပေးနေရတတ်ကြောင်း၊ နံပါတ် မှားနှိပ်မိရင်လို့  နံပါတ်မှားခေါ်မိရင်လည်း အခကြေးငွေ ပေးရကြောင်း ဖေါ်ပြထားပါတယ်။

ဒီ သတိပေးစာဟာ လက်တွေ့ ဖြစ်ပျက်နေတဲ့ နအဖရဲ့  မြန်မာ့ ဆက်သွယ်ရေး အခြေအနေကို အမှန်အတိုင်း ဖေါ်ပြနေတာပါဘဲ။ မြန်မာနိုင်ငံရဲ့  ဆက်သွယ်ရေးလုပ်ငန်းတွေရဲ့  စက်ကိရိယာပစ္စည်းတွေ ညံ့ဖျင်းမှုနဲ့  နအဖရဲ့  စီမံဆောင်ရွက်မှု နိမ့် ကျမှုကို ပေါ်လွင်စေပါတယ်။

ကိုယ်ခေါ်နေတာ တစ်ဘက်က အကြောင်းအမျိုးမျိုးကြောင့် ဖုန်းမကိုင်ဖြစ်တာနဲ့  ဖုန်းခေါ်တဲ့ဘက်ကို အခကြေးငွေ ယူတာကတော့ တရားနည်းလမ်းမကျတဲ့ လုပ်ရပ်ပါဘဲ။ ထို့ အတူ ဖုန်းလိုင်းမကောင်းလို့  လိုင်းပြတ်သွားရင်းလည်း ဖုန်းဖိုးဆက်ပေးနေရတာလည်း လွန်းလွန်ပါတယ်။ ဆက်သွယ်ရေးဖုန်းလိုင်းမကောင်းလို့  ပြတ်ရတာမို့  ဖုန်းပြောနေတဲ့အပေါ် အခကြေးငွေ မယူရပါဖူး။ ဖုန်းခေါ်မှု အသစ်ပြန်စရင်သာ ဖုန်းခေါ်ခ ပြန်ယူသင့်တာပါ။ အခုဟာက ပြောနေသူက ဖုန်းလိုင်းပြတ်လို့  ပြတ်မှန်းမသိလဲ ဆက်စောင့်နေရင်း အခကြေးငွေက အလကားပေးနေရသလို၊ ပြောလိုသူနဲ့  မပြောလိုက်ရဘဲ ငွေကုန်ခံလိုက်ရတာကတော့ တစ်ဘက်သားအတွက် မတရား နစ်နာလှပါတယ်။ မြန်မာပြည်တွင်းကနေဖြစ်စေ၊ မြန်မာပြည်ကို ပြည်ပကနေဖြစ်စေ ဆက်သွယ်ရတာ ဘယ်လောက် ခက်ခဲလည်းဆိုတာ သိကြပါတယ်။ ခက်ခက်ခဲခဲ ဆက်သွယ်ရတဲ့ကြားတဲ့ကြားထဲ ဘာမှ မပြောမဆိုလိုက်ရဘဲ ဖုန်းဖိုး အလာဟသ ကုန်ကျသွားရတာကတော့ မဖြစ်သင့်တဲ့ မြန်မာပြည် ဆက်သွယ်ရေးဌာနရဲ့  တာဝန်ဘဲ ဖြစ်ပါတော့တယ်။

ဒီကိစ္စတွေဟာ သာမန်အားဖြင့် ကြည့်ရင်တော့ အရေးကြီးတယ်လို့  မထင်ရပေမယ့် တကယ်တော့ ဒါတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့  ခောတ်စနစ် နည်းပညာတိုးတက်မှုနဲ့  တိုင်းပြညိတစ်ပြည်ကို အုပ်ချူပ်နေပါတယ်ဆိုတဲ့ သူတွေရဲ့  ဆက်သွယ်ရေးလုပ်ငန်းပိုင်းဆိုင်ရာ ညံ့ဖြင်းမှုတွေကို လက်တွေ့  ဖေါ်ပြနေခြင်းဘဲ ဖြစ်ပါတယ်။

အပြည့်ဖတ်မည်...

ပြည်သူတို့ ရဲ့  အင်အားကို စုပေါင်း ချိတ်ဆက်ကြပါ။



အပြည့်ဖတ်မည်...

၂၀၁၀ အာဏာရှင် ရွေးကောက်ပွဲ။

Authoritarian Elections

အပြည့်ဖတ်မည်...

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ သမိုင်းမှတ်တမ်းများ။

































(ဤမှတ်တမ်းအား ပေးပို့ လာသော မမြတ်လေးငုံအား ကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

Friday, November 27, 2009

တရားမျှတမှုနှင့် ၀န်ဆောင်မှုဆိုင်ရာ ပြဿနာများ။

(မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေသော အခြေအနေများနှင့် ပတ်သက်ပြီး ဒီဆောင်းပါးဟာ အင်မတန်ကို မှန်ကန်ထိရောက်တဲ့ ရေးသားမှုဖြစ်လို့  ဖေါ်ပြလိုက်ပါတယ်။ ပြည်သူတစ်ဦးချင်းတိုင်း ဖတ်သင့် သိသင့်တဲ့ အကြောင်းအရာ အချက်အလက်တွေ ဖြစ်လို့  အစအဆုံး သေသေချာချာ ဖတ်ရှူပြီးနောက် အခြားသူများကို လက်ဆင့်ကမ်း အသိပေးစေလိုပါတယ်။ ဒီဆောင်ပါးကို ရေးသားတဲ့ မခင်မမမျိုးကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ပြောကြားလိုပါတယ်။ လေးစားလျက် - နစ်နေမန်း)။

မြန်မာစကားပုံမှာ “မမှားသော ရှေ့နေ၊ မသေသော ဆေးသမား“ ဆိုတဲ့ စကားပုံ တခုရှိပါတယ်။ ဒီစကားပုံ အစပြုခဲ့သူတွေဟာ ရှေ့နေတွေလား၊ ဆေးသမားတွေလား ဆိုတာကိုတော့ အတိအကျ မည်သူမျှ ပြောနိုင်မှာ မဟုတ်ပါ။ လူတွေက ကျန်းမာရေး အခက်အခဲတွေ ဖြစ်တဲ့အခါ ဆေးပညာရှင်တွေကို အားကိုးကြပါတယ်။ တရားရေးပြဿနာတွေ ဖြစ်တဲ့အခါ ရှေ့နေတွေကို အားကိုးကြပါတယ်။ သေရေး၊ ရှင်ရေး၊ ဘ၀ရေး ကိစ္စတွေမို့ ဆေးသမားတွေနဲ့ ရှေ့နေတွေဆိုရင် အလွန်လေးစား အားထားကြပါတယ်။ နောက်ဆုံး တချို့ ရပ်ကွက်လေးတွေမှာဆို ဆေးရုံ၊ ဆေးခန်း မသွားနိုင်လို့ လမ်းဘေး ကွမ်းယာဆိုင်လေးကနေ ဆေးဝယ်သောက်ကြရပါတယ်။ အဲဒီအခါကျရင် ဒီကွမ်းယာရောင်းသမားလေးက သိပ်မျက်နှာရတာပဲ။ ဝေးလံခေါင်ဖျားဒေသတွေမှာ ဒေါက်တာရမ်းကုတွေ ပေါ်ထွက်နေရခြင်း၊ လုပ်စားလို့ ရနေခြင်းကလဲ ဒီသဘောပဲ ဖြစ်ပါတယ်။ လူတွေက ဆေးသမားနဲ့ ရှေ့နေတွေကို ကယ်တင်ရှင်တွေလို့ သတ်မှတ်ယူဆထားကြပါတယ်။ ဒီတော့ တခုခု အမှားအယွင်းနဲ့ သေသွားတာ၊ တစုံတရာ ဆိုးကျိုးတွေ ဖြစ်သွားတာဆိုရင်လဲ “မမှားသောရှေ့နေ၊ မသေသော ဆေးသမား“ ဆိုတာ မရှိပါဘူးလေ ဆိုပြီး ခွင့်လွှတ်လိုက်ကြတာပါပဲ။

ဒီအတွေးအခေါ်တွေက မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ်နေတာလေးတွေပါ။ ဒီလိုနိုင်ငံတွေမှာ အစိုးရရဲ့ ကျန်းမာရေး ၀န်ဆောင်မှု အားနည်းလေ့ရှိတယ်။ ကျန်းမာရေး မကောင်းလို့ ဆေးရုံကား လှမ်းခေါ်ဖို့ မရှိဘူး။ လှမ်းခေါ်ဖို့ တယ်လီဖုန်းစတဲ့ ဆက်သွယ်ရေး ကိရိယာတွေကိုတောင် လူတိုင်း မသုံးစွဲနိုင်ဘူး။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အာမခံလုပ်ငန်းတွေ မရှိဘူး။ အရေးပေါ်လာရင် ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေရှိတဲ့ နေရာတွေကို သွားကြရတယ်။ ဒီလိုသွားတာမှာလဲ ငွေကြေးကုန်ကျစရိတ် ပြဿနာနဲ့ ရင်ဆိုင်ကြရပြန်တယ်။ ဘယ်လိုအချိန်မှာ ဘယ်နေရာ၊ ဘယ်ဒေသတွေအတွက် ဘယ်သူက တာဝန်ရှိတယ်ဆိုတဲ့ အလုပ်တာဝန် ခွဲဝေသတ်မှတ်မှုတွေ မရှိတာကြောင့် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းနဲ့ ဆရာဝန်တွေဆီ ပြေးခေါ်ကြရတယ်။ တာဝန်သတ်မှတ်မှုမရှိတဲ့ အခါမှာကျတော့ လူနာဆီ လိုက်သွားမယ်၊ မလိုက်သွားဘူးဆိုတာက ဆေးပညာရှင်တွေရဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာ မူတည်သလို ဖြစ်နေတယ်။ ဒီတော့ ဆေးပညာရှင်တွေရဲ့ တန်ဖိုးနဲ့ အခန်းကဏ္ဍက အရမ်းကြီးမားသယောင် ဖြစ်နေတယ်။

မြို့တွေပေါ်မှာ ဆေးရုံတွေသွားတဲ့ အခါကျတော့လဲ ပြည်သူ့ဆေးရုံတွေဆီ သွားမှာလား၊ အထူးကု ဆေးခန်းကြီးတွေဆီ သွားမှာလား ဆိုတာက ငွေကြေးနဲ့ တိုင်းတာပြီး ဆုံးဖြတ်ကြရပြန်တယ်။ ပြည်သူ့ဆေးရုံတွေမှာ အထူးကုဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံကုသခံရဖို့ကလဲ အခက်အခဲတွေ ရှိကြပြန်သေးတယ်။ အထူးကုဆရာဝန်ကြီးတွေ ရောက်လာပြီး လူနာတွေကို လှည့်လည်ကြည့်ရှုတယ် ဆိုပြန်တော့လဲ သူတို့တတွေ ပြန်သွားရင် သူနာပြုတွေက အထူးကု ဆရာဝန်ကြီးတွေ လှည့်လည်စစ်ဆေးခ ဆိုတာကို လိုက်တောင်းကြပြန်သေးတယ်။ တခါ အထူးကုဆရာဝန်တွေအကြားက အပြိုင်အဆိုင် ပြဿနာတွေကလဲ ရှိသေးတယ်။ သားဖွားမီးယပ်အထူးကု နှစ်ယောက်ရှိတဲ့ ပြည်သူ့ဆေးရုံတခုမှာ အိုဂျီတွေ လူနာလုပြီး ကြားထဲက လူနာတွေ ဒုက္ခရောက်တာတွေလဲ ကြုံဖူးတွေ့ဖူးတယ်။ မိခင်လောင်းတွေက မွေးဖွားချိန် ဂရုစိုက်ဖို့ အိုဂျီတွေကို သူတို့ဆေးခန်းမှာ သွားအပ်ကြရတယ်။ ခွဲမွေးမယ်ဆိုရင်လဲ မွေးဖို့ အပ်ကြတယ်။ ဆေးပညာကျင့်ဝတ်အရ မခွဲသင့်တဲ့ လူနာတွေကို ခွဲတာ ကျင့်ဝတ်နဲ့ညီလား၊ မညီလားတော့ မသိဘူး။

ဒါပေမယ့် ဗေဒင်ဆရာက ဒီအချိန်မွေးရင် ကောင်းမယ် တွက်ချက်ပေးလို့ဆိုပြီး အဲဒီအချိန်မွေးလို့ ရမလားဆိုပြီး အိုဂျီတွေကို အခါသွားပေးတဲ့ လူနာတွေလဲ ရှိသေးရဲ့။ ငွေကြေး အပေးအယူ ကိစ္စ တည့်သွားလို့ ခွဲပေးတဲ့ အိုဂျီတွေလဲ ရှိရဲ့။ ဒီလိုနဲ့ မွေးလူနာတွေ ဆေးရုံပေါ်ရောက်လာတဲ့အခါ ဒါက ပထမအိုဂျီ လူ၊ ဒါက ဒုတိယအိုဂျီလူနဲ့ ဖြစ်နေတော့တယ်။ ဆေးရုံရောက်လာရင်လဲ သူနာပြုတွေက ရိုးရိုးရောက်လာတဲ့ မွေးလူနာလား၊ ဘယ်မမ အိုဂျီရဲ့ မွေးလူနာလား ဆိုတာတွေ မေးကြရတယ်။ ဂျူနီယာဒေါက်တာလေးတွေ၊ ဆေးကျောင်းသားလေးတွေ၊ သားဖွားသင်တန်းသူတွေများ မမအိုဂျီရဲ့ လူနာတွေကို သွားမကိုင်လိုက်လေနဲ့။ မီးပွင့်တွေ တောက်သွားနိုင်တယ်။ တကယ်ဖြစ်သင့်တာက သားဖွားရ လွယ်ကူသူတွေဆို သားဖွားဆရာမတွေက မွေးလိုက်ပြီး၊ တကယ်ခက်ခဲပြီး လိုအပ်တဲ့ ကေ့စ်တွေကိုမှ အထူးကုတွေက ကိုင်သင့်တယ် မဟုတ်လား။ ဒါပေမယ့် မြန်မာပြည်က မြို့ကြီး ဆေးရုံတွေမှာကတော့ အဲလိုပဲ ဖြစ်နေကြတယ်။ တခါတလေ အပ်ထားတဲ့ အိုဂျီက ပိုက်ဆံပိုရတဲ့ အထူးကုဆေးခန်းက လူနာကို ဦးစားပေးလိုက်လို့၊ ဒီဘက်ဆေးရုံမှာကလဲ ဆရာဝန်ငယ်လေးတွေက မမအိုဂျီလူနာကို မကိုင်ရဲလို့နဲ့ ပြဿနာတက်နေကြတာတွေလဲ ရှိသေးတယ်။

ဒီကြားထဲ “ကြက်တူရွေးတော်တော်၊ မယ်ဘော်က ခပ်ကဲကဲ“ ဖြစ်နေတာတွေကလဲ ရှိတတ်တယ်။ “ကျွန်မသားလေးက၊ သမီးလေးက ဘယ်အိုဂျီနဲ့ မွေးတာလေ“ ဆိုပြီး အပြိုင်အဆိုင်လုပ်ကြတာ။ ဒီအထဲမှာ ကျွန်မ မိဘတွေလဲ ပါပါတယ်။ ကျွန်မအမေကဆို “သမီးလေးကို မွေးတုန်းကလေ မမအိုဂျီ------က မွေးပေးတာ။ သူက အင်္ဂလန်ပြန်လေ။ အမ်အာစီအိုဂျီ---------“ ဆိုတာမျိုးတွေ လာပြောတတ်တာကလား။ ငယ်တုန်းကတော့ ဒီလိုပဲ နားထောင်တာပေါ့။ ကြီးလာတော့ ပြန်မေးမိလာတယ်။ “သမီးကိုမွေးတုန်းက normal delivery ပဲ မဟုတ်လား အမေ။ အိုဂျီနဲ့ မွေးမွေး၊ အရပ်တည်းက သားဖွားဆရာမနဲ့ပဲ မွေးမွေး၊ ဘယ်သူကပဲ မွေးပေးပေး သမီးလူ့လောကထဲ ရောက်လာအောင် ကူညီပေးခဲ့သူတယောက်ရဲ့ တန်ဖိုးက တူတူပဲ။ လူသားတယောက် ဖြစ်တည်လာမှုနဲ့ အဲဒီလူသားတယောက်ရဲ့ အနာဂတ်ကို ဘယ်သူမွေးပေးတယ်ဆိုတာက အဆုံးအဖြတ် ပေးနိုင်သလား“ ဆိုတဲ့ မေးခွန်းကို ဒုတိယနှစ်ဆေးကျောင်းသူ ဘ၀မှာ ကျွန်မမေမေ့ကို ပြန်မေးဖြစ်ခဲ့တယ်။

ဒီအချိန်ကာလတွေမှာတုန်းက “ဘယ်သူလုပ်တယ် လုပ်တာထက် အလုပ်ပြီးမြောက်မှုက အဓိက ကျတယ်ဆိုတာ၊ ဘယ်သူပြောတယ် ဆိုတာထက် ပြောတဲ့ စကားက အဓိက ကျတယ်“ ဆိုတဲ့ ဒဿနကို ကျွန်မသိတတ် နားလည်နေခဲ့ပြီ။ စကားတခွန်းရဲ့ မှန်ကန်မှုကို လေ့လာသုံးသပ်ရာမှာ ဘယ်သူပြောတယ် ဆိုတာထက် ဒီစကားထဲက မှန်ကန်တဲ့ အချက်အလက် ဘယ်လောက်ပါမယ်၊ ခံစားချက်နဲ့ ပြောတာက ဘယ်လောက်ပါမယ်၊ သုံးသပ်ချက်က ဘယ်လောက်ပါမယ်၊ ရပ်တည်တဲ့ standpoint ၊ ဘက်လိုက်မှုရှိမရှိ ဆိုတာလေးတွေကို စဉ်းစားဖို့ အရင်သင့်တယ်။ ဆရာဝန်တွေ၊ ပါမောက္ခတွေ၊ ပညာတတ်တွေ ပြောတိုင်းလဲ အမြဲ မမှန်နိုင်သလို တောင်းရမ်းစားသောက်နေရသူတွေ၊ ပညာမဲ့တွေက ပြောတာကို မမှန်နိုင်ဘူးလို့လဲ သုံးသပ်လို့ မရဘူး။ အရေးကြီးတာက မျှမျှတတ သုံးသပ်နိုင်ဖို့ပဲ။ ဒါကြောင့် တရားမျှတမှုဆိုတဲ့ စကားလုံးက လူ့လောကထဲမှာ ပေါ်ထွက်လာတာပဲ ဖြစ်တယ်။ အာဏာ၊ ပညာ၊ ဥစ္စာပစ္စည်းရှိသူတွေနဲ့ အာဏာမဲ့၊ ပညာမဲ့၊ ပစ္စည်းမဲ့တွေအကြားမှာ ပြဿနာတွေ ဖြစ်လာတဲ့အခါ မှန်ကန်တဲ့ တရားစီရင်ရေး စနစ် ဟာ အလွန်ပဲအရေးကြီးလှတယ်။ ကွာဟမှုတွေမှာ အသာစီးရသူတွေက အနိုင်မပိုင်းနိုင်ဖို့ တရားမျှတမှုနဲ့ စနစ်ကသာ ထိန်းချုပ်ပေးနိုင်မှာ ဖြစ်တယ်။

ဒီလိုတရားမျှတမှုနဲ့ ထိန်းချုပ်ပေးနိုင်တဲ့ စနစ်တွေ ရှိလာဖို့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ၀န်ဆောင်မှု ဆိုတဲ့ စကားလုံးရဲ့ အခန်းကဏ္ဍကို တိုးမြှင့်လာကြတယ်။ ဥပမာ- ဆေးပညာရှင်တွေဆီမှာ ဆိုရင်လဲ မသေသော ဆေးသမားလို့ မျက်စိမှိတ်ကြွေးကြော်နေလို့ မရဘူး။ သူ့ရဲ့ အမှားကြောင့် မသေသင့်ပဲ သေတာဆိုရင် သူ့မှာ တာဝန်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးပညာရှင်တွေနဲ့ လူနာအကြားမှာ ကျန်းမာရေးဝန်ဆောင်မှုဆိုတာ ရှိတဲ့အတွက်ပဲ ဖြစ်တယ်။ ဆေးပညာရှင်တွေဟာ ပြည်သူ့ဆေးရုံတွေမှာဆိုရင် အစိုးရဆီက လခ ယူထားတယ်။ အထူးကုဆေးရုံတွေမှာဆိုရင် အထူးကုဆေးရုံတွေက သတ်မှတ်တဲ့ ဈေးနှုန်းထဲကနေ ဝေစုကော်မရှင်ပြန်ယူထားတယ်။ ၀န်ဆောင်မှု ပေးရမယ့် လူနာတွေက ပြည်သူ့ကျန်းမာရေးဘတ်ဂျက်အတွက် အစိုးရကို အခွန်ဆောင်ထားတယ်။ အထူးကုဆေးရုံမှာဆိုရင်လဲ ကျသင့်တဲ့ ငွေကို ရှင်းရတယ်။ ဒါကြောင့် ထိုက်တန်တဲ့ ကျန်းမာရေး ၀န်ဆောင်မှုကို သူတို့မှာ တောင်းဆိုပိုင်ခွင့် ရှိတယ်။ အမှားအယွင်းဖြစ်လာရင် လုပ်ထုံးလုပ်နည်း နည်းလမ်းတွေအတိုင်း တိုင်တန်းအရေးယူစေမှု ပြုလုပ်ပိုင်ခွင့် ရှိတယ်။

ဒီလိုပဲ။ ပါမောက္ခနဲ့ ကျောင်းသားတွေမှာလဲ ပါမောက္ခက ကျောင်းသားတွေကို ပညာရေးဝန်ဆောင်မှုပေးဖို့ တက္ကသိုလ်ကနေ လစာယူထားတယ်။ ကျောင်းသားတွေက ပညာရေးဝန်ဆောင်မှုအတွက် တက္ကသိုလ်ကို ၀န်ဆောင်ခ ပေးထားတယ်။ ဆရာတွေဘက်က လိုက်နာရမယ့် စည်းမျဉ်းတွေနဲ့ ကျောင်းသားတွေဘက်က လိုက်နာရမယ့် စည်းမျဉ်းတွေကို တက္ကသိုလ်က ချမှတ်ထားတယ်။ ကျောင်းသားက စည်းမျဉ်းတွေကို ဖောက်ရင် လုပ်ထုံးလုပ်နည်းအရ အရေးယူရမယ်။ ဆရာဘက်က ဖောက်ဖျက်ရင်လဲ ကျောင်းသားက complaint တက်ရမယ်။ ဆရာမို့ ရိုသေလေးစားပါတယ်တွေ ဘာတွေနဲ့ တွေးခေါ်စရာ မလိုအပ်ဘူး။ တဦးနဲ့ တဦးပတ်သက်မှုဟာ အပေးအယူအနေနဲ့ ပတ်သက်မှုပဲ ဖြစ်တယ်။ ဒီလိုပဲ။ တခြားသက်ဆိုင်ရာ ရုံးဌာနတွေမှာလဲ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူလူထုကို ၀န်ဆောင်မှု ပေးရတာဖြစ်တယ်။ ပြည်သူလူထုဘက်ကနေလဲ ဒီလိုပြည်သူ့ဝန်ထမ်းတွေရဲ့ လုပ်ခ လစာတွေအတွက် အခွန်ပေးဆောင်မှုတွေ ရှိတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးမှာ တဘက်တလမ်း ပါဝင်ဆောင်ရွက်ထားမှုတွေ ရှိတယ်။ ၀န်ထမ်းတွေဘက်ကလဲ ပြည်သူလူထုကို ၀န်ဆောင်ပေးဖို့ လုပ်ခလစာတွေ ယူထားတယ်။ ဒီအတွက် ၀န်ဆောင်မှု မလွဲမသွေ ပေးရမယ်။ ဒီလိုပဲ။ ရဲတပ်ဖွဲ့ဆိုရင်လဲ ဒီအတိုင်းပဲ။ တရားဥပဒေစိုးမိုးရေး တာဝန်ယူထားတယ်။ ဒီအတွက် ဒီဝန်ဆောင်မှုကို တာဝန်ကျေပြွန်ရမယ်။ ဆရာဝန်မို့ ဆေးပညာ တတ်တယ်ဆိုပြီး ပြည်သူကို မတရားလုပ်ခွင့် မရှိစေရဘူး။ အစိုးရခေါင်းဆောင်မို့ ဥပဒေမဲ့ လုပ်ခွင့်မရှိစေရဘူး။ ၀န်ထမ်းမို့၊ အရာရှိမို့ဆိုပြီး အာဏာပြမှု မရှိစေရဘူး။ ရှေ့နေမို့ဆိုပြီး အမှုသည်ကို လိမ်ညာအကျိုးယုတ်စေမှု မရှိစေရဘူး။ တရားသူကြီးမို့ဆိုပြီး မမှန်မကန် အမိန့်ချလို့မရဘူး။ ဒီလိုတွေ လုပ်လာရင်လဲ ပြည်သူလူထုမှာ မတရားမှုကို ခေါင်းငုံ့မခံပဲ ကိုင်စွဲထားနိုင်တဲ့ တရားမျှတမှုဆိုင်ရာ လုပ်နည်း လုပ်ဟန်တွေ ရှိရမယ်။ ဒါဟာ တိုးတက်တဲ့ နိုင်ငံတွေမှာ ထွက်ပေါ်နေတဲ့ တရားမျှတမှုနဲ့ ၀န်ဆောင်မှုဆိုင်ရာ သဘောတရားတွေပဲ ဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာ ၀န်ဆောင်မှုဆိုင်ရာ သဘောတရားတွေ ပြောင်းပြန်ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေသရွေ့ ပြဿနာတွေဟာ တက်နေဦးမှာပဲ ဖြစ်တယ်။ နိုင်ငံတော်ကာကွယ်ရေး ၀န်ဆောင်မှုကို ပြည်သူလူထုထံ ပေးရမယ့် တပ်မတော်က နိုင်ငံတော်အာဏာကို ယူထားတယ်။ ၀န်ဆောင်မှု ပေးရမယ့်သူတွေက အုပ်ချုပ်သူတွေ ဆိုပြီး ဥပဒေအထက်မှာ နေကြတယ်။ မတရားမှုတွေ ပြုလုပ်ကြတယ်။ စစ်အရာရှိဦးထုပ်ကို ကားပေါ် တင်ထားရင် မီးပွိုင့်နီဖြတ်မောင်းလဲ မော်တော်ပီကယ်က မတားရဲဘူး။ ဘယ်လောက်အခြေအနေဆိုးနေပြီလဲ ဆိုရင် စစ်ဗိုလ်ကို လူမိုက်ငှားတဲ့ အဆင့်အထိ ရောက်နေပြီဖြစ်တယ်။ စီးပွားရေးအရ စာချုပ်ချုပ်ရင် သက်သေဆိုပြီး စစ်ဗိုလ်တွေ ခေါ်လာကြတာတွေ ရှိသေးတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေကို အာဏာရှင်နဲ့ နီးစပ်သူတွေကသာ လက်ဝါးကြီး အုပ်ထားကြတယ်။ ရာဇ၀တ်မှုတွေမှာတောင် ပါဝင်ပတ်သက်သူတွေဟာ အာဏာရှင်နဲ့ နီးစပ်ပတ်သက်ရင် ဥပဒေဘက်တော် သား တွေက စကားတောင်မဟရဲကြဘူး။

တရားဥပဒေစိုးမိုးရေး ၀န်ဆောင်ပေးရတဲ့ ပြည်သူ့ရဲတွေ၊ တရားရုံးတွေကလဲ ဒီအတိုင်းပဲ။ ကိုလိုနီခေတ်တုန်းကလဲ ပုလိပ်အဖွဲ့ကို ဆိုရင် ပလိပ်ရောဂါဆိုးနဲ့တောင် နှိုင်းယှဉ်ကြတယ်။ “ရုံးရောက်၊ ဂတ်ရောက် မဖြစ်ချင်ဘူး“ ဆိုတဲ့ စကားတွေက အဲဒီခေတ်ကတည်းက ပေါ်ထွက်လာတာတွေ ဖြစ်တယ်။ ဒါပေမယ့် ကိုယ့်မင်းကိုယ်ချင်းခေတ် ရောက်တော့လဲ ဒါတွေက မပျောက်သွားဘူး။ တကယ်ကတော့ ရုံးတွေ၊ ဂတ်တွေဟာ ပြည်သူတွေကို အမှန်တကယ် ၀န်ဆောင်မှု ပေးနေရင်၊ တရားမျှတမှု ဆောင်ကျဉ်းပေးနေရင် အမှန်တရားကို လက်ကိုင်ပြုထားသူတွေအတွက် ကြောက်စရာ လန့်စရာ မဟုတ်ဘူး။ အမှန်တရားအတွက် ရင်ဆိုင်ရဲရမှာပဲ ဖြစ်တယ်။ ရဲတွေ၊ စစ်တပ်တွေတင်မကပဲ ပြည်သူ့ဝန်ထမ်းလောကမှာကလဲ ပြဿနာက အဖုံဖုံ ဖြစ်နေပြန်တယ်။ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူလူထုကို သက်ဆိုင်တဲ့ ၀န်ဆောင်မှုကို ပေးဖို့ တာဝန်ရှိသူတွေဖြစ်တယ်။ အိုးအိမ်ငှာနက အမှန်တကယ် လိုအပ်နေသူတွေဆီ အိုးအိမ်တွေ ရောက်သွားအောင် စီမံပေးရမယ်။ အခွန်ရုံးက မှန်ကန်တဲ့ အခွန်နှုန်းထားတွက်ချက်မှုကို လူထုဆီ ပံ့ပိုးပေးရမယ်။ ရပ်ကွက်ကောင်စီ၊ မြို့နယ်ကောင်စီ တွေက သတ်မှတ်ထားတဲ့ ၀န်ဆောင်မှုတွေကို စနစ်တကျ ထမ်းဆောင်ရမယ်။ လူထုက တလေးတစားဆက်ဆံရမယ်။ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူဆိုတာ ရပ်ရွာလူကြီးဆိုပြီး ရပ်ရွာက ကိုးကွယ်ထားရမယ့် လူမဟုတ်ဘူး။ ရပ်ကွက်နဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးကို တာဝန်ထမ်းဆောင်ရမယ့် သူတွေသာဖြစ်တယ်။ ရုံးတွေသွားရင် ပြည်သူလူထုက ၀န်ထမ်းတွေကို ကြောက်ရွံ့ရိုသေပြနေစရာ မလိုအပ်ဘူး။ နိုင်ငံသူနိုင်ငံသား တွေဖြစ်တဲ့အတွက် ခံစားထိုက်တဲ့ နိုင်ငံသားအခွင့်အရေးကို ခံစားခွင့်ရှိတယ်။ ၀န်ဆောင်မှုကို တောင်းဆိုပိုင်ခွင့်ရှိတယ်။ ဒါပေမယ့်လဲ ခက်တာကတော့ မြန်မာနိုင်ငံမှာ ဒါတွေက ပြောင်းပြန်ဖြစ်နေတယ်။ ၀န်ဆောင်မှုပေးရမယ့် လူတွေကို ၀န်ဆောင်မှု ရပိုင်ခွင့် ရှိသူတွေက “ဆရာရယ်။ ဒါလေးပြီးအောင် လုပ်ပေးပါနော်။ ဒါက ဆရာ့အတွက် လက်ဘရည်ဖိုး“ ဆိုပြီး တောင်းတောင်းပန်ပန် ပြောနေကြရပြန်တယ်။

စည်ပင်သာယာကိစ္စတွေလဲ ဒီအတိုင်းပဲ။ အမှန်က သက်ဆိုင်ရာ ဌာနတွေက ဒါအတွက် အခွန်ကောက်ပြီးရင် စည်ပင်ကလဲ သူတို့လုပ်ရမယ့် တာဝန်ကို ကျေပွန်အောင် လုပ်ဖို့ပဲ ရှိတယ်။ ဒီအထဲမှာမှ တာဝန်မကျေပဲ အမှိုက်ပုံတွေ ဖြစ်လာရင် စည်ပင်က လူတွေကို လက်ဖက်ရည်ဖိုးပေးပြီး ခေါ်ရှင်းခိုင်းရတယ် ဆိုတာကလဲ ရှိသေးတယ်။ စည်ပင်ဘက်ကလဲ လူတွေ အမှိုက်ကို စနစ်တကျ စွန့်ပစ်အောင် ပညာပေးရမယ်။ ပညာပေးလို့မှ မလိုက်နာရင် အရေးယူရမယ်။ ကိုယ့်တာဝန်ကိုယ်ကျေအောင် လုပ်ရမယ်။ နောက်ဆုံး မဆီမဆိုင် ကိုယ်ထူကိုယ်ထ စနစ်ဆိုပြီး အမှိုက်သန့်ရှင်းရေး ပွဲတွေ လုပ်တာက ရှိသေးတယ်။ မရှုပ်တဲ့ အလုပ်ကို အလကားနေရင်း ရှုပ်နေကြတယ်။ တကယ်က သူ့တာဝန်၊ ကိုယ့်တာဝန် ကျေပြီးရင် အပိုအလုပ်တွေ ဘာမှ လုပ်စရာ မလိုအပ်ဘူး။

ဒီလိုပဲ။ ကျောင်းဆရာ၊ ဆရာမဆိုတာကလဲ သူရဲ့ သက်ဆိုင်ရာ ကျောင်းမှာ ကျောင်းသားတွေကို ပညာရေး ၀န်ဆောင်မှု အပြည့်အ၀ ပေးရမယ်။ ဒါဟာ တာဝန်တရပ်သာ ဖြစ်တယ်။ ကျောင်းမှာ ပညာရေး ၀န်ဆောင်မှု အပြည့်အ၀ပေးပြီး ပြင်ပအချိန်မှာ ကျူရှင်သင်တာမျိုးက မြန်မာပြည်ရဲ့ စားဝတ်နေရေး အခြေအနေအရ လက်ခံပေးလို့ ရပေမယ့် ကျောင်းမှာ စာကောင်းကောင်း မသင်ပဲ ကျူရှင်မှာမှ ကောင်းကောင်းသင်တာတွေ၊ ကျူရှင်မတက်တဲ့ ကျောင်းသားကို အတန်းထဲမှာ ငြိုငြင်တာတွေ၊ ကျူရှင်မှာ မေးခွန်းကြိုထုတ် ပေးတာကကျတော့ ကျောင်းမှာ ယူထားတဲ့ တာဝန်မကျေတာပဲဖြစ်တယ်။ ဆရာကောင်းတာတွေ၊ မကောင်းတာတွေ၊ ကျင့်ဝတ်တွေကို ပြောနေတာ မဟုတ်ဘူး။ တာဝန်ယူမှုနဲ့ တာဝန်ကျေပွန်မှုကို ဆိုလိုနေတာပဲ ဖြစ်တယ်။ ဒီလခလောက်နဲ့ လောက်မှ မလောက်တာ လို့ ပြောစရာရှိတယ်။ မြန်မာပြည်ရဲ့ စီးပွားရေး အခြေအနေအရ ဒါက အမှန်တရားပဲ။ ဒီလိုဆို ဒီလခနဲ့ အလုပ်ကို မလုပ်ပဲ ပြင်ပမှာ ကျူရှင်သင်စားလို့လဲ ဖြစ်နိုင်တာပဲ။ ဒီအလုပ်ကို လက်ခံပြီး လုပ်တယ်ဆိုရင်တော့ ဒီအလုပ်ရဲ့ တာဝန်ကို ကျေပြွန်ရမှာပဲ ဖြစ်တယ်။ ကျွန်မတို့ မြန်မာပြည်မှာက ဒီလိုဝန်ဆောင်မှု သဘောတရားတွေက ပြောင်းပြန်ဖြစ်နေတယ်။ ဆရာသမားဆိုတော့ မှားတာတွေ လုပ်နေမှန်းသိတဲ့ မိဘတွေကလဲ မပြောရဲကြဘူး။ ကျောင်းသားတွေကလဲ မဝေဖန်ရဲကြဘူး။ အမှန်ကတော့ ဒီကျောင်းကပေးတဲ့ ၀န်ဆောင်မှုကို လာယူတာဖြစ်တဲ့အတွက် ကျောင်းက ပေးအပ်မယ်ဆိုတဲ့ ၀န်ဆောင်မှု အပြည့်အ၀ မရရင် complaint တက်ပိုင်ခွင့် ရှိကိုရှိတယ်။

တက္ကသိုလ်၊ ကောလိပ်မှာလဲ ဒီအတိုင်းပဲ။ ကျွန်မတို့ လက်ထက်မှာတုန်းက ဗြောင်ကြီးကို ကျူရှင်မှာ မေးခွန်းတွေ အောက်ပေး၊ အဖြေတွေ အောက်ပေး၊ စာမေးပွဲနီးလာတော့ အုပ်စုလေးတွေ ဖွဲ့ပြီး ရွှေဆွဲကြိုးကန်တော့ခိုင်းတဲ့ ဆရာမတွေပါ တွေ့ဖူးတယ်။ ရွှေဆွဲကြိုးတောင် ဘယ်ဆိုင်က ဆွဲကြိုးမှ ဆိုတာကလဲ ပါသေးတယ်။ ဒီကိစ္စ မေမေ့ကို ပြန်ပြောတော့ “ထားလိုက်ပါ သမီးရယ်။ ဆရာဆိုတာ မပြစ်မှားကောင်းဘူး“ တဲ့။ ကျွန်မက ဆရာဆိုတာကို ပြစ်မှားတာ မဟုတ်ဘူး။ ဆရာဆိုတာနဲ့ပဲ သူ့လုပ်ရပ်မှန်သမျှ မှန်တယ်လို့ ထောက်ခံနေစရာ မလိုအပ်ဘူး။ သူပြောသမျှ အမှန်တွေလို့ ခေါင်းညိတ်နေစရာ မလိုအပ်ဘူး။ ဒီကျောင်းကို သွားတက်မှုမှာ ကျွန်မဘက်က အချိန်၊ အားထုတ်မှုနဲ့ ငွေကုန်တယ်။ ဒါက ကျွန်မလိုချင်တဲ့ ပညာရေး ၀န်ဆောင်မှုကို ရဖို့ဖြစ်တယ်။ ပညာဆိုတာကို တတ်ဖို့ဖြစ်တယ်။ စာမေးပွဲ အောင်ဖို့ မဟုတ်ဘူး။ ဒီအတွက် ကျွန်မနဲ့ ကျောင်းနဲ့အကြားမှာ ပညာဝန်ဆောင်မှု အပေးအယူ contract ရှိတယ်။ ကျောင်းက ဒီလိုဝန်ဆောင်မှုပေးမယ်ဆိုပြီး ကျွန်မဆီက ငွေယူထားတယ်။ အချိန်တောင်းထားတယ်။ ဒီငွေတွေရယ်၊ နိုင်ငံတော်က ချမှတ်ထားတဲ့ ပညာရေးဘတ်ဂျက်ရယ်ကနေ ကျောင်းလည်ပတ်တယ်။ ဆရာတွေကို ပညာရေးဝန်ဆောင်မှုပေးရမယ်ဆိုပြီး နိုင်ငံတော်နဲ့ ကျောင်းက ခန့်ထားတယ်။ ဒီတော့ ဆရာတွေကလဲ လိုအပ်တဲ့ တာဝန်ကျေပြွန်မှု ရှိရမယ်။ ဒါကို ကျွန်မမိခင်ကို ကျွန်မပြန်ပြောဖြစ်ခဲ့တယ်။

ဆေးပညာရှင်နဲ့ လူနာအကြားမှာကလဲ ဒီအတိုင်းပဲ ဖြစ်တယ်။ ၀န်ဆောင်မှုဆိုင်ရာ သဘောတရားတွေက ပြောင်းပြန်ဖြစ်နေတယ်။ အမှန်က ကျန်းမာရေးအခွင့်အလမ်းဆိုတာ လူတိုင်း ခံစားခွင့်ရှိတဲ့ မွေးရာပါ အခွင့်အလမ်းပဲဖြစ်တယ်။ ဒါပေမယ့် နိုင်ငံတော်က ကျန်းမာရေး ၀န်ဆောင်မှုကို အပြည့်အ၀ မပေးနိုင်ဘူး။ နိုင်ငံတွေမှာ လူထုက အစိုးရကို အခွန်ပေးပြီး အခွန်ငွေကနေ ကျန်းမာရေးဘတ်ဂျက်ချပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပြုတာတွေတို့၊ ကျန်းမာရေးအာမခံလုပ်ငန်းတွေကို လူတွေက ပိုက်ဆံပေးရပြီး ကျန်းမာရေးမကောင်းတဲ့အခါ ကုန်ကျစရိတ်ကို အာမခံလုပ်ငန်းတွေက ပြန်ပေးတာတို့ ဆိုပြီး ပုံသဏ္ဍာန်အမျိုးမျိုးရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးပညာရှင်တွေနဲ့ ဆေးကုသခံသူတွေအကြားမှာ ကျန်းမာရေး ၀န်ဆောင်မှု contract ရှိတယ်။ လူတွေသေတိုင်းလဲ ဆေးပညာရှင် အမှားလို့ ပြောလို့ မရနိုင်သလို၊ လူတွေ ရှင်သွားတိုင်းလဲ ဆေးပညာရှင်က အသက်ကယ်တာလို့ချည်းပဲ ပြောနေလို့မရဘူး။ ကျွန်မအမေမှာ သူကျင်လည်ခဲ့ရတဲ့ အသိုင်းအ၀ိုင်းကြောင့် တခါတရံမှာ ကြက်တူရွေးကတော်တော် မယ်ဘော်ကဲကဲ ကိစ္စလေးတွေ ရှိပေမယ့် ကျွန်မ နှစ်သက်တဲ့ အကျင့်လေးတွေ တချို့လဲ ရှိတယ်။ အဲဒါကတော့ ညသန်းခေါင်အချိန်တွေမှ မြို့အနီးတ၀ိုက်က ရွာတွေကနေ လူနာလာခေါ်ရင်လဲ အ၀တ်ကောက်လဲပြီး လိုက်တတ်တဲ့အကျင့်၊ သူအင်မတန် နှစ်သက်တဲ့ ဒေါက်မြင့်ဖိနပ်လေးတွေ စီးလို့ မရလို့ ဖိနပ်ကိုင်ပြီးသွားရလဲ လူနာအတွက်ဆိုရင် ဖိနပ်ကိုင်ပြီး ခြေဖ၀ါးချည်းသွားရလဲ သွားတဲ့အကျင့်နဲ့ သူ့ကိုယ်သူ ကျေးဇူးရှင်အဖြစ် မသတ်မှတ်တတ်တဲ့ အကျင့်ပဲ။ ဆရာဝန်တယောက်အနေနဲ့ သူလုပ်သင့်တယ်လို့ ထင်တာကို ဘာမျှော်ကိုးမှုမှမရှိပဲ သူလုပ်ပေးတာဖြစ်တယ်လို့ သူအမြဲတမ်း ပြောလေ့ရှိတယ်။ မှတ်မှတ်ရရ ရွာတရွာက လူနာမိသားစုက အသက်သခင် ကျေးဇူးရှင်ပါဆိုပြီး ငှက်ပျောခိုင်ကြီး တခိုင်ကိုချ၊ ဆန်လေးပြည်လောက် အိတ်လေးဆွဲပြီး လာကန်တော့တယ် ဆိုတုန်းက ပြန်ပြောတဲ့စကား။ “ကျွန်မတို့ ဆရာဝန်တွေကို အသက်သခင်ကျေးဇူးရှင်တွေလို့ သတ်မှတ်လို့ မရဘူးလေ။ အဲလိုသာ သတ်မှတ်စတမ်းဆို ဆေးရုံမှာ သေတဲ့ လူနာတောင် ရှိပါဦးမလား။ လူနာရဲ့ကံရယ်၊ အချိန်မှီလာခေါ်ပေးတဲ့ ဦးလေးတို့ မိသားစုရယ်၊ ကျွန်မရဲ့ ဆေးပညာအတတ်ရယ် ပေါင်းစပ်သွားလို့ပါ။ ဒေါ်ဒေါ် ကျွန်မကို ကျေးဇူးတင်မနေနဲ့။ မိသားစုကို ကျေးဇူးတင်“ တဲ့။ ကျွန်မမှာ ကျွန်မအမေကို တစိမ့်စိမ့် ကြည့်ပြီး ချစ်လိုက်ရတာ မပြောပါနဲ့တော့။ သူအမှန်ကို ဆိုတယ်လေ။ ကျေးဇူးရှင်ဖြစ်ရ နည်းလား ဆိုပြီး ကျေးဇူးမတင်တင်အောင် ထိုင်ပြောနေတာမှ မဟုတ်တာပဲ။

ကျွန်မအဖေနဲ့ကျတော့ ဒီလိုကိစ္စနဲ့ပဲ ပတ်သက်ပြီး စိတ်အခန့်မသင့် ဖြစ်ကြရဖူးတယ်။ ဆေးပညာ ကိစ္စနဲ့တော့ မဟုတ်ဘူး။ ဒီကျေးဇူးရှင် ဆိုတဲ့ ကိစ္စနဲ့။ တရက်တော့ ကျွန်မက အဖေ့ဆီ သွားတွေ့ဖြစ်တယ်။ အဲဒီမှာ လူတစုက သူ့ကို ကန်တော့နေကြတယ်။ ကျွန်မအရွယ်ကောင်မလေး တယောက်က ဘဘလို့ ခေါ်လို့။ မဆီမဆိုင် လက်အောက်မှာ တကယ်အလုပ်လုပ်သူလဲ မဟုတ်ပဲ တကယ် အလုပ်လုပ်နေသူရဲ့ ဇနီးကလဲ “ကျွန်မတို့ဆီမှာ အစ်ကိုကြီးရဲ့ ကျေးဇူးတွေက အများကြီးပါ“ ဆိုပြီး အပေါ်ယံက သကာရည်လောင်း၊ စိတ်ထဲက မပါတဲ့ မျက်နှာကြီးနဲ့ အပြောကောင်းလို့။ အဖေကလဲ မိန့်မိန့်ကြီး ထိုင်လို့။ ကျေးဇူးရှင်ကြီးအဖြစ် သြ၀ါဒတွေ ခြွေနေလိုက်တာ။ တယောက်က တယောက်ထက် ရာထူးပိုကြီးတာ၊ အရင်စောမွေးလို့ လုပ်ငန်းအတွေ့အကြုံများတာနဲ့ပဲ ကိုယ့်အရည်အချင်းနဲ့ ကိုယ် သက်ဆိုင်တဲ့ အလုပ်လုပ်နေတဲ့အပေါ်မှာ သွားကန်တော့နေစရာ လိုအပ်သလား။ “အသက်တရက်တမနက် ကြီးလို့ ကန်တော့ရမယ်“ လို့ တွင်တွင်ကြီး လူကြားကောင်းအောင် ပြောနေသူတွေက လမ်းဘေးမှာ တောင်းစားနေတဲ့ အဖိုးအိုကြီးတွေ၊ သင်္ချိုင်းက သုဘရာဇာအိုကြီးတွေကို ဘယ်နှစ်ခေါက်များ သွားထိုင်ကန်တော့ကြဖူးလဲ။ အသက်ကြီးရင် ကန်တော့ရမယ် ဆိုတာက ကိုယ့်အတွက် အကျိုးကျေးဇူးပြုပေးနေတဲ့ အသက်ကြီးသူတွေအတွက်ပဲလား။ ဒါဆိုလဲ အသက်ကြီးလို့ ကန်တော့တာ မဟုတ်ပဲ ကိုယ့်အတွက် အကျိုးပြုနေလို့ ကန်တော့တယ်လို့ ပွင့်ပွင့်လင်းလင်း ဆိုလိုက်ရင် ဘာဖြစ်သွားမှာလဲ။ ဒီနေရာမှာ ကန်တော့ခံသူကလဲ စဉ်းစားစရာရှိတာက ကိုယ်က ကိုယ့်လုပ်သက်နဲ့ကိုယ် အတွေ့အကြုံနဲ့ အဆက်အသွယ်နဲ့ စီမံခန့်ခွဲရေးရာထူးရနေလို့ ဒီရာထူးနဲ့ ဆိုင်တဲ့ တာဝန်ကို လုပ်နေတာ၊ ကိုယ်စီမံခန့်ခွဲနေရသူတွေကလဲ သူတို့ရဲ့ အရည်အချင်းနဲ့ အလုပ်အကိုင်နဲ့ ဆိုင်တဲ့ တာဝန်ကို ထမ်းဆောင်နေတာ။ ဘာဆိုင်လို့ ရာထူးကြီးတာနဲ့ အကန်တော့ခံပြီး ကျေးဇူးရှင် သတ်မှတ်ခံချင် နေကြရတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ခေတ်ဘယ်အခါက စခဲ့မှန်းမသိတဲ့ ဒီထုံးတမ်းစဉ်လာကြီးကတော့ မြန်မာတွေဆီမှာ အရိုးကို စွဲလို့။ နောက်ဆုံး န၀တ၊ နအဖ ခေါင်းဆောင်တွေတောင် ဘယ်သွားသွား ဘယ်လာလာ အကန်တော့ ခံပွဲတွေ လုပ်ကုန်ကြပါရောလား။

ကိုယ့်ဟာကို လေးစားစရာတွေ့လို့ ကန်တော့ချင်လွန်းလို့ ကန်တော့တာ၊ ကျေးဇူးရှင်သတ်မှတ်တာတွေကို မလုပ်သင့်ဘူးလို့ ဆိုလိုနေတာမဟုတ်ပါ။ စိတ်ထဲက မပါပဲ အစဉ်အလာအရ လုပ်နေကြတာတွေကတော့ ကြာလာရင် လူ့အဖွဲ့အစည်းအတွက် ကောင်းလှတာတော့ မဟုတ်။ အကျိုးလိုလို့ ညောင်ရေလောင်းတာတွေ သိပ်များလာပြီး၊ ရာထူးတက်လမ်းအခွင့်အလမ်းတွေဟာ အရည်အချင်းပေါ် မူတည်တာ မဟုတ်ပဲ အထက်လူကြီးပေါ် မူတည်တာတွေ ဖြစ်လာတတ်တယ်။ အဲဒီအခါ နိုင်ငံတော်ရဲ့ ထုတ်လုပ်မှုစွမ်းအားကို ထိခိုက်တယ်။ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ပျက်စီးလာတတ်တယ်။ ငယ်စဉ်ကာလမှာလဲ ဆရာ၊ ဆရာမတွေကို လက်ဆောင်ပဏ္ဍာပေး ကန်တော့၊ အလုပ်လုပ်စဉ်ကာလမှာ အထက်လူကြီးတွေကို တံစိုးလက်ဆောင်ပေး ကန်တော့နဲ့ စစ်မှန်တဲ့ အရိုအသေပေးမှုမဟုတ်ပဲ အခွင့်အရေး ရလိုမှုနဲ့ အရိုအသေ ပေးချင်ယောင်ဆောင်တဲ့ လူတွေ ပါဝင်ရုန်းကန်လှုပ်ရှားနေတဲ့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဟာ အပေါင်းလက္ခဏာ ဖြစ်လာမှာ မဟုတ်တာတော့ အသေအချာပဲ။

ဆေးပညာရှင်တွေနဲ့ ကျေးဇူးရှင် ကဏ္ဍအကြောင်း ပြန်ဆက်ကြရအောင်ပါ။ နိုင်ငံတော်က ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ ပေးတဲ့ နိုင်ငံတွေမှာ လူနာတွေ ကျန်းမာရေး ပြန်ကောင်းလာတယ်ဆိုတာမှာ ကျေးဇူးရှင်တွေက အများကြီးပဲ ဖြစ်တယ်။ နိုင်ငံတော်ကျန်းမာရေးစနစ်၊ အခွန်ထမ်းပြည်သူလူထု၊ ကျန်းမာရေးဘတ်ဂျက်ခွဲဝေမှုပုံစံ၊ အရေးပေါ် တယ်လီဖုန်း အော်ပရေတာ၊ အရေးပေါ်ဖုန်းကို ကိုယ်တိုင်ဖုန်းဆက်တာ မဟုတ်ရင် ဆက်ခေါ်ပေးတဲ့ မိသားစုဝင်၊ သူငယ်ချင်း၊ တက်စီနဲ့သွားတာဆိုရင် တက်စီမောင်းသူ၊ ဘတ်စ်နဲ့သွားရင် ဘတ်စ်မောင်းသူ၊ ကျန်းမာရေး စောင့်ရှောက်မှုမှာ ပါဝင်လုပ်ဆောင်တဲ့ ဆရာဝန်၊ ဆရာမ၊ ဓာတ်ခွဲပညာရှင်၊ ဆေးရုံသန့်ရှင်းရေးသမား၊ ဆေးဝါးပြည့်စုံမှု၊ ဆေးဝါးတွေ ဆေးရုံမှာ အဆင်သင့်ဖြစ်နေအောင် ထုတ်ပေးတဲ့ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းတွေ၊ ဆေးစတိုခန်းနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေ၊ ဘယ်လိုရောဂါကို ဘယ်လိုဆေးဝါးနဲ့ ကုသသင့်တယ်ဆိုတာ တီထွင်ပေးခဲ့တဲ့ ဆေးပညာရှင်ကြီးတွေ၊ ဒီဆရာဝန်၊ ဆရာမတွေကို မွေးထုတ်ပေးခဲ့တဲ့ တက္ကသိုလ်၊ ကောလိပ်တွေက ဆရာတွေ၊ ဆေးပညာစာအုပ်ရေးသားခဲ့သူတွေ တသီသတန်းကြီးပဲ ဖြစ်တယ်။ အားလုံးက ကိုယ်ထမ်းဆောင်ရမယ့် တာဝန်တွေကို မှန်မှန်ကန်ကန် ထမ်းဆောင်နေကြလို့ ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားကြီး ကောင်းကောင်းမွန်မွန် လည်ပတ်နေတာသာဖြစ်တယ်။ တဦးတယောက်တည်းရဲ့ စွမ်းအားတွေကြောင့် မဟုတ်ဘူး။ ဒီယန္တရားထဲ ပါသူတွေအားလုံးဟာ ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုကို ပေးနေကြသူတွေဖြစ်တယ်။ ကိုယ်တိုင်ကလဲ လူတယောက်အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံစားခွင့်ရှိတယ်၊ အခွန်ထမ်းပြည်သူ တယောက်အနေနဲ့ ကိုယ်နဲ့ ထိုက်သင့်တဲ့ ၀န်ဆောင်မှုကို ရသင့်တဲ့အတွက် ဒီဝန်ဆောင်မှုရဲ့ စားသုံးသူ ဖြစ်လာရတာဖြစ်တယ်။ နိုင်ငံတော်က တာဝန်ယူတဲ့ ဆေးရုံတွေမှာ မဟုတ်ပဲ တခြားပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းမှာဆို ပိုရှင်းတယ်။ ဒါက ဈေးဝယ်သလိုပဲဖြစ်တယ်။ ကိုယ်က ကျန်းမာရေးဝန်ဆောင်မှုဆိုတဲ့ ကုန်ပစ္စည်းလိုချင်တယ်။ ဒီအတွက် ငွေပေးတယ်။ ဆရာဝန်တွေ၊ ဆရာမတွေဘက်က ကျန်းမာရေးဝန်ဆောင်မှု ကုန်ပစ္စည်းကို ရောင်းတယ်။ ၀န်ဆောင်မှုဆိုတာက ကိုင်တွယ်လို့ရတဲ့ အကောင်အထည်ပြ မဟုတ်တဲ့အတွက် မကြိုက်လို့ ဆိုပြီး ပြန်လဲလို့မရဘူး။ ဒါပေမယ့် ၀န်ဆောင်မှု မကောင်းရင်တော့ စားသုံးသူတယောက်အနေနဲ့ Complaint တက်ခွင့်ရှိရမယ်၊ လျော်ကြေး တောင်းခွင့်ရှိရမယ်၊ ထိခိုက်နစ်နာမှုရှိရင် တရားဥပဒေနဲ့အညီ ဖြေရှင်းခွင့်ရှိရမယ်။

စားသောက်ဆိုင်တခုမှ စားပွဲထိုးရဲ့ ၀န်ဆောင်မှုကို မကျေနပ်တဲ့အခါ ဆိုင်မန်နေဂျာကို တိုင်တန်းကြတယ်။ ရုံးငှာနဆိုင်ရာတခုခုမှာ ၀န်ထမ်းရဲ့ ၀န်ဆောင်မှုကို မကျေနပ်တဲ့အခါ သက်ဆိုင်ရာ ဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ တိုင်တန်းမှု ပြုရမယ်။ ကျောင်းဆရာမရဲ့ Professional Misconduct ကို သက်ဆိုင်ရာ ပညာရေးဌာနတွေဆီ တိုင်ရမယ်။ ပြည်သူ့ဆေးရုံမှာဆိုရင်လဲ ဆေးရုံအကြီးအကဲကို တိုင်တန်းရမယ်။ ကျန်းမာရေးဝန်ကြီးဌာနကို တိုင်တန်းရမယ်။ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးရမယ်။ လိုအပ်သလို အရေးယူတာတွေ လုပ်ရမယ်။ ပုဂ္ဂလိကဆေးရုံမှာဆိုရင်လဲ သက်ဆိုင်ရာ ဆေးပညာရှင်တွေနဲ့ ပတ်သက်ပြီး တရားဝင်တိုင်ကြားမှုပြုလုပ်ရမယ်။ ပုဂ္ဂလိက ဆေးရုံက စုံစမ်းရေးဘုတ်အဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုလုပ်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ လူနာနဲ့ ပတ်သက်ပြီး၊ ဆေးပညာရှင်ရဲ့ ညံ့ဖျင်းမှု၊ မတော်တဆဖြစ်မှုကြောင့် ထိခိုက်နစ်နာမှုရှိတယ်ဆိုရင် ဒီလူနာကို ကျန်းမာရေးဝန်ဆောင်မှုပေးတာက ပုဂ္ဂလိက ဆေးရုံဖြစ်လို့ပဲ။ ဆေးရုံနဲ့ လူနာအကြားမှာ ၀န်ဆောင်မှု contract ရှိတယ်။ ဆေးရုံနဲ့ ဆေးပညာရှင်အကြားမှာလဲ အလုပ်ခန့်ထားမှုနဲ့ ဆိုင်တဲ့ contract ပဲဖြစ်ဖြစ်၊ ကော်မရှင်စား contract ပဲဖြစ်ဖြစ် ရှိတယ်။ ဒါကို ချိုးဖောက်မှု ပြုတဲ့အခါမှာ Medical Negligence ဖြစ်မှုဟာ တရားမမှု မြောက်တယ်။ တခါတရံမှာ ရာဇ၀တ်မှု မြောက်တာလဲ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နစ်နာတဲ့ လူနာရှင်ဘက်က လိုအပ်တဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေကို ကျွမ်းကျင်နားလည်သူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်တယ်။

အခုတလော ရန်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ ခွဲစိတ်မှု အမှားအယွင်းကနေ လူသေဆုံးမှုပြဿနာနဲ့ ပတ်သက်ပြီး အင်တာနက်အွန်လိုင်းပေါ်မှာ အတော်ကို သတင်းတွေ ပျံ့နှံ့နေတယ်။ ဒီကိစ္စကို သေချာကြည့်မယ်ဆိုရင် တရားမျှတမှုနဲ့ ၀န်ဆောင်မှုဆိုင်ရာ ပြဿနာတွေကို တွေ့မြင်ရမှာဖြစ်တယ်။ ဆေးရုံက ကျန်းမာရေး စောင့်ရှောက်မှု ၀န်ဆောင်မှုကို ငွေနဲ့ရောင်းတယ်။ လူနာရှင်ဘက်က ဆေးရုံကို ဆေးဝါးကုသ စရိတ်ပေးရတယ်။ တနည်းဆိုရင် ၀န်ဆောင်မှုကို ၀ယ်ယူတယ်။ ဆေးရုံက ဆေးပညာရှင်တွေကို လုပ်ခ (သို့မဟုတ်) ကော်မရှင်ပေးပြီး ဆေးပညာအသုံးချခိုင်းထားတယ်။ ဒီအတွက် ဆေးရုံနဲ့ လူနာရှင်အကြားမှာ၊ ဆေးရုံနဲ့ ဆေးပညာရှင်တွေအကြားမှာ contract တွေ ရှိတယ်။ အဲဒီမှာ လူနာသေတယ်။ ဒီလို လူနာသေမှုဟာ ဆရာဝန်ရဲ့ ခွဲစိတ်မှုအမှားအယွင်းကြောင့်လို လူနာရှင်ဘက်က မီဒီယာကနေတဆင့် ထုတ်ဖော်စွပ်စွဲထားတယ်။ ဒါနဲ့ ပတ်သက်ပြီး မီဒီယာရဲ့ ရေးသားချက်တွေက မမျှတဘူးလို့ သုံးသပ်သူတွေလဲ ရှိတယ်။ ဆောင်းပါးတွေမှာ ရေးသားထားချက်တွေမှာ လူနာရှင်ရဲ့ ပြောကြားချက်တွေကို ကိုးကားထားတယ်။ ဒီတော့ တဘက်တည်းအမြင်လို့လဲ ဆိုနိုင်တယ်။ ဒါပေမယ့် ဒီလို ဆိုရအောင် မီဒီယာဘက်က သက်ဆိုင်ရာဆေးခန်းနဲ့ ဆရာဝန်ကို ဆက်သွယ်ခဲ့တာ မရှိဘူးဆိုတာသေချာမှ တဘက်သတ်လို့ ဆိုနိုင်မှာဖြစ်တယ်။

တကယ်လို့ မီဒီယာဘက်က ဆက်သွယ်မေးမြန်းပြီးမှ သက်ဆိုင်တဲ့ ဆေးခန်းနဲ့ ဆရာဝန်တွေက လိုအပ်တဲ့ ထုတ်ဖော်ပြောကြားမှု၊ ငြင်းဆိုမှု ဘာမှ မလုပ်တာဆိုရင်တော့ မီဒီယာရဲ့ ကိုးကားရေးသားချက်ကို ဘက်လိုက်တယ်လို့ မဆိုနိုင်ဘူး။ ဒီနေရာမှာ သက်ဆိုင်ရာ ဆရာဝန်ကို လူသတ်မှု တရားခံအနေနဲ့ ရေးသားဖြန့်ဝေချက်တွေက မှားတယ်။ လူသေစေမှုအတွက် သံသယဖြစ်ထားခြင်း ခံရသူ၊ surgical error ဖြစ်တဲ့ ဆရာဝန်တယောက်အနေနဲ့ စွပ်စွဲသတ်မှတ်ခံထားရသူ အနေနဲ့သာ ဥပဒေကြောင်းအရ သုံးနှုန်းလို့ ရမှာဖြစ်တယ်။ ခွဲစိတ်မှုတွေတိုင်းမှာ risks တွေရှိတယ်။ ဒီ risks တွေကို လူနာ (သို့) လူနာရှင်ကို ကြိုတင်ပြောဆိုဖို့ ဆရာဝန်ဆီမှာ တာဝန်ရှိတယ်။ ကျွန်မတို့ မြန်မာပြည်မှာက ဆရာဝန်တွေကလဲ “ငါပြောတော့ကော သူတို့က ဘာနည်းလည်မှာလဲ“ လို့ အယူအဆရှိတယ်။ လူနာတွေကလဲ “ဆရာတို့ကပဲ နားလည်တာပါ။ ဆရာတို့ လုပ်သင့်တာလုပ်ပါ“ လို့ ဆိုတတ်ကြတယ်။ တကယ်က အဲလိုမဟုတ်ဘူး။ ဆရာဝန်တွေ၊ ဆေးပညာရှင်တွေဘက်က လူနာဘက်က နားလည်နိုင်တဲ့ စကားလုံး အသုံးအနှုန်းနဲ့ ဖြစ်နိုင်ချေရှိတဲ့ risk တွေကို ရှင်းထားရမယ်။ လူနာတွေဘက်ကလဲ နားလည်အောင် မေးရမယ်။ အဲဒီလိုဖြစ်လာရင် risk ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ဆရာဝန်အမှားလို့ စိတ်ထဲက ကြိတ်ပြီး သတ်မှတ်ထားမှုတွေ တော်တော်နည်းသွားမယ်။ ဆေးသမားဂုဏ်ဆိုတာကို ထောက်ထားပြီး ဖွင့်မပြောကြတဲ့ လူနာတွေ၊ လူနာရှင်တွေ မြန်မာပြည်မှာ အများကြီးပဲ။ စိတ်ထဲကနေ ဒီဆရာဝန် ငါ့အမေကို သတ်တယ်လို့ တွေးနေကြတဲ့ လူနာရှင်တွေ မရှိဘူးလို့ ဘယ်သူတပ်အပ်ပြောနိုင်သလဲ။ ဒါတွေဟာ စိတ်ထဲမှာ ပြောနေရမယ့် အရာတွေ မဟုတ်ဘူး။ မျက်မှောက် ရှင်းရမယ့် အရာတွေသာဖြစ်တယ်။ risk နဲ့ error ကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာဖို့လိုတယ်။ ဒါမှ risk ကို error လို့ထင်ပြီး သက်ဆိုင်တဲ့ ဆရာဝန်၊ ဆရာမတွေကို စိတ်ထဲက နားကြည်းနေတာတွေ၊ မယုံမကြည်ဖြစ်တာတွေ လျော့နည်းသွားမှာဖြစ်တယ်။ အဲဒီလိုပဲ error တွေ ဖြစ်ရင်လဲ လုပ်နေတဲ့ ဆေးပညာရှင်တွေကို သူတို့အမှားတွေ သူတို့သိအောင် ထောက်ပြလိုက်သလိုဖြစ်တယ်။ တခြားဆေးပညာရှင်တွေ သင်ခန်းစာ ယူလို့ ရလာမှာဖြစ်တယ်။

လူတယောက်ကားမောင်းသွားရင် မဆင်မခြင်မောင်းမှုကြောင့် လူသေစေမှုဖြစ်ရင် ဥပဒေအရ အရေးယူဆောင်ရွက်ရမှုတွေ ရှိတယ်။ ဒီလိုပဲ ဆရာဝန်တယောက်ရဲ့ အမှား (error) ကြောင့် လူသေစေမှု ဖြစ်တာမှာ ဆရာဝန်မို့ဆိုပြီး ချန်လှပ်ထားခွင့်ရှိသလား။ ဥပဒေကြောင်းအရ တရားမမှု၊ ရာဇ၀တ်မှု တခုခုမှာ ပြစ်ဒဏ်နဲ့ ညီမျှတဲ့ ပေးဆပ်မှုကို တော့ ပြန်လည်ပေးဆပ်ရမှာပဲဖြစ်တယ်။ ကျွန်မတို့ စကောတလန်က ကျန်းမာရေးနဲ့ပတ်သက်တဲ့ အက်ဥပဒေတွေထဲမှာ Surgical Errors ဆိုတာကို
(၁) မှားယွင်းသော ခွဲစိတ်မှု ပြုလုပ်ခြင်း
(၂) ရောဂါနှင့် မသက်ဆိုင်သော မှားယွင်းသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွင် ခွဲစိတ်ခြင်း
(၃) မေ့ဆေးပေးမှုနှင့် ပတ်သက်ပြီး ခွဲစိတ်နေစဉ် ဖြစ်ပွားလာသော အမှားများ
(၄) cosmetic surgery အမှားများ ကို ထည့်သွင်းဖော်ပြထားပါတယ်။
ဒီလိုအမှားတွေနဲ့ ပတ်သက်ပြီး ဆရာဝန်ရဲ့ ဆေးကုသခွင့် လိုင်စင်ရုတ်သိမ်းမှု၊ ရာဇ၀တ်မှုမြောက်ရင် ဥပဒေအရ အရေးယူမှု၊ တရားမမှုမြောက်ရင် လျော်ကြေးပေးဆောင်ရမှု စတာတွေ ရှိတယ်။

ဒီတော့ အခုကိစ္စမှာ သက်ဆိုင်ရာဆရာဝန်ကို တရားခံအဖြစ် စွပ်စွဲနေတာတွေ၊ လူထုကို သတင်းပေးတဲ့ မီဒီယာက တဘက်သတ်ပဲ သတင်းယူခဲ့တာလား၊ ပါဝင်ပတ်သက်နေသူတွေက ပြောဆိုဖို့ ငြင်းဆန်ပြီး ရှောင်ပြေးနေတာလား ဆိုတာ မသေချာခင်မှာ မီဒီယာဘက်လိုက်မှုလို့ ပြောဆိုနေတာတွေထက်စာရင် တကယ်ဖြစ်သင့်တာကတော့ နစ်နာသူတွေဘက်ကနေ တရားဝင်တိုင်ကြားမှုတွေ၊ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး စုံစမ်းပေးဖို့တောင်းဆိုမှုတွေ၊ လိုအပ်ရင် Post-Mortem စစ်ဆေးမှုတွေ၊ ဆေးကုသမှုနဲ့ ဆေးစစ်ချက်မှတ်တမ်းတွေကို ဥပဒေဘက်တော်သားအကူအညီနဲ့ တောင်းဆိုကြည့်ရှုစစ်ဆေးခိုင်းမှုတွေ၊ surgical risks လား၊ surgical errors လားဆိုတာ လေ့လာဆန်းစစ်ပြီး error တွေ၊ Medical Negligence တွေ ဖြစ်နေခဲ့ရင်လဲ တရားစွဲဆိုမှုတွေ ပြုလုပ်သင့်တဲ့ ကိစ္စရပ် တခုသာဖြစ်တယ်။ ဒီလိုလုပ်ဆောင်ချက်တွေကသာ တရားမျှတမှုနဲ့ ၀န်ဆောင်မှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။

လူနာတွေဘက်က ဆရာဝန်ဘက်ကို “ ဆေးကုသခွင့် လိုင်စင်ကို လူသတ်လိုင်စင်များ မှတ်နေလား မသိဘူး“၊ “အဲဒီဆရာဝန်ပေါ့။ တို့အဖေကို သတ်လိုက်တာ“၊ “မြန်မာပြည်က ဆေးကျောင်းသားတွေ အဆင့်မရှိဘူး။ ဆရာဝန်တွေတကယ်မတတ်ဘူး။ စင်ကာပူသွားကုကြ“၊ “ဆရာဝန်တွေလဲ ငွေမျက်နှာပဲ ကြည့်နေကြတယ်“ ဆိုတဲ့ စကားလုံးတွေ ထွက်ပေါ် ပြောဆိုမှုတွေဟာ အမှန်တကယ် တတ်ကျွမ်းနားလည်ပြီး လူနာတွေအပေါ်မှာ တကယ်စေတနာထားတဲ့၊ တာဝန်ကျေတဲ့ ဆရာဝန်တွေကိုပဲ ရမ်းပြီး စော်ကားလိုက်သလို ဖြစ်စေနိုင်ပါတယ်။ တပြိုင်နက်တည်းလိုမှာပဲ ဆရာဝန်တွေဘက်က လူနာတွေဘက်ကို ဂရုမစိုက်ပဲ “သူတို့က ဘာနားလည်မှာလဲ“၊ “တို့ကိစ္စတွေထဲ လာပြောရအောင် ဆရာဝန်မို့လား“၊ “နောက်လာမယ့် လူနာတွေ အများကြီးရှိသေးတယ်။ မေးစရာရှိရင်လဲ ရှေ့က ဆရာမကို မေးလိုက်လေ။ တို့က ဆရာဝန်။ ဒါတွေလိုက်ရှင်းမပြနေနိုင်ဘူး“၊ “ငါမှားသွားလဲ မသိချင်ယောင်ဆောင် နေလိုက်လဲ ငါ့လိုလူမျိုးက ဘယ်သူက ဘာလာလုပ်လို့ ရမှာမို့လဲ“ ဆိုတဲ့ အတွေးအခေါ် တွေ မထားရှိဖို့ လိုအပ်ပါတယ်။ ဆရာဝန်တွေ၊ ဆရာမတွေ၊ ဆေးပညာရှင်တွေဘက်က ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုအတတ်ပညာကို ရင်းပြီး ဘ၀ရပ်တည်ရေး၊ ၀င်ငွေရရေး လုပ်ဆောင်ပါတယ်။ လူနာတွေဘက် ငွေကြေးနဲ့ရင်းပြီး ဒီဝန်ဆောင်မှုကို ၀ယ်ယူပါတယ်။ ပစ္စည်းဝယ်မယ့်သူက ကိုယ်ဝယ်မယ့်ပစ္စည်းရဲ့ အရည်အသွေးကို ကြည့်ရမယ်။ ကောင်းကျိုးဆိုးကျိုးတွေ နားလည်ရမယ်။ ၀န်ဆောင်မှု မှန်မှန်ကန်ကန် မရှိရင် complaint တက်ရပါမယ်။ ပစ္စည်းရောင်းသူဘက်ကလဲ ကိုယ့်ပစ္စည်း အရည်အသွေးကို တောက်ပြောင်အောင် လုပ်ရမယ်။ မှန်ကန်သင့်တော်တဲ့ ၀န်ဆောင်မှုကို ပေးရမှာပဲဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုမကြာသေးမီက မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ တခြား နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တယ်ဆိုရင် ဥပဒေကြောင်းအရ ရှာဖွေစုံစမ်း ဖော်ထုတ်စစ်ဆေးရမယ့် တရားမျှတမှုနဲ့ ၀န်ဆောင်မှုဆိုင်ရာ ပြဿနာတခုပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ အကောင်အထည် ဖော်နိုင်မလား ဆိုတာကတော့ တည်ဆဲ ဥပဒေတွေနဲ့ သက်ဆိုင်ပါတယ်။ အကောင်အထည်မဖော်နိုင်ဘူး ဆိုရင်တော့ တရားမျှတမှုကို မဆောင်ကျဉ်းပေးနိုင်တဲ့ နအဖ စစ်အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက် ကြောင့်လို့ပဲ ဆိုရပါလိမ့်မယ်။ နောက်ထပ်အားနည်းချက် တခုလဲရှိပါတယ်။ တခါတုန်းက ကျွန်မနဲ့ မြန်မာပြည် အကြောင်းတွေကိုလဲ စဉ်ဆက်မပြတ်လေ့လာနေတဲ့ ပရော်ဖက်ဆာတယောက်နဲ့ မြန်မာတွေအကြောင်း စကားပြောဖြစ်တုန်းက သူကပြောပါတယ်။ “နင်တို့ မြန်မာတွေက အာဏာရှင်စနစ်ကို တကယ်ကော နှစ်နှစ်ကာကာ ဖယ်ရှားလိုကြတာလား။ အာဏာရှင်ဆန်တဲ့ လူ့ဘောင်ထဲက အတွေးအခေါ်တွေကိုကော ပြောင်းလဲနေကြပြီလား။ လွတ်လပ်မှုဆိုတာ ကိုယ်က စတာဖြစ်တယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်နေတယ် ဆိုတဲ့ နင့်ဆီမှာတောင် တခါတလေ ငါပေးလိုက်တဲ့ မှတ်ချက်တွေကို နင်ပြန်မငြင်းဘူး။ ငါက ငြင်းအောင် ပြောလဲမငြင်းဘူး။ ကိုယ့်ကိုယ်ကိုက စပြီးပြင်ဖို့ လိုတယ်“ လို့ ပြောပါတယ်။ ကျွန်မသေချာပြန်ပြီး စဉ်းစားကြည့်ရင်း ပြင်ဖို့ ကြိုးစားရပါတော့တယ်။

ကျွန်မတို့ဆီမှာ မသိမသာ အရိုးစွဲနေတဲ့ “လူကြီးတွေ စကားပြောနေရင် လူငယ်တွေက လူကြီးတွေနဲ့ တန်းတူရည်တူ ယှဉ်ပြီး မပြောရဘူး၊ မငြင်းခုံရဘူး“၊ “ဆရာတွေဆိုရင် ပြန်မပြောရဘူး၊ မိဘစကားကို အလုံးစုံ နားထောင်ရမယ်“၊ “ရုံးရောက်ဂတ်ရောက် မဖြစ်ချင်ဘူး“၊ “တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ရင် ခေါင်းပဲ နာလိမ့်မယ်“၊ “ကိုယ့်အလွန်မဖြစ်စေနဲ့၊ သည်းခံလိုက်“၊ “ပြုသူအသစ်၊ ဖြစ်သူအဟောင်း“၊ “သည်းခံခြင်းကသာ အောင်မြင်ပါတယ်၊ ကိုယ့်ဘ၀ ၀ဋ္ဋ်ကြွေးနဲ့ ကိုယ်ပါ“၊ “ အတိတ်က သူ့ကို ဘာလုပ်ခဲ့မိမှန်းမှ မသိတာ။ ဒါကြောင့် ပြန်ခံရတာ နေမှာပါ။ စိတ်ထဲ မထားနဲ့တော့“၊ “သူ့တရားသူစီရင်မှာပါ“ ဆိုတဲ့ အတွေးအခေါ်တွေနဲ့ကတော့ တရားမျှတမှု ရလာဖို့ ဆိုတာ မလွယ်ကူပါဘူး။ ခက်တာက ဒီအတွေးတွေကလဲ ကိုယ့်ထက် အင်အားကြီးသူတွေရှေ့မှာမှ ပေါ်လာတတ်တာတွေကလဲ ရှိသေးရဲ့။ အင်အားနည်းရင်တော့ သည်းခံဖို့ စိတ်က ပျောက်သွားတတ်ပြန်သေးတယ်။ ဥပမာ- ခွေးတကောင်က ကလေးကို ကိုက်လိုက်ပြီဆိုပါတော့။ သည်းခံဖို့အတွေးက မထွက်လာဘူး။ တုတ်ဆွဲပြီး ရိုက်ပစ်တော့တာပဲ။ အဲ- ရဲတယောက်က အပြစ်မရှိတဲ့ ကိုယ့်ကလေးကို မှောင်ရိပ်ခိုမှုနဲ့ ဖမ်းသွားပြီး တညလုံး စခန်းမှာ ရိုက်လိုက်ပြီ ဆိုပါတော့၊ ငွေပေးပြီးလဲ သွားရွေးလာရသေး။ မတရားတာလဲ ခံရသေး။ အချုပ်အနှောင်ခံရတဲ့ ၀ဋ္ဋ်ကြွေးပါလာလို့လား မသိဘူး ဆိုပြန်ရော။ ဒီလိုသာ ပြောစတမ်းဆိုရင် ခွေးကိုက်ခံရမယ့် ၀ဋ္ဋ်ကြွေးပါလာလို့ပါလို့ကော ဘာလို့ မတွက်ကြသလဲ။ အဓိကကတော့ ဘယ်သူက ကိုယ့်ကို ထိခိုက်ရင် ပြန်လုပ်မယ်၊ ဘယ်သူက ထိခိုက်ရင် ပြန်မလုပ်ဘူး ဆိုပြီး စိတ်ထဲမှာကိုက ဖိနှိပ်မှုကို လက်ခံနေလို့ ဖိနှိပ်ခံနေရခြင်းသာ ဖြစ်တယ်။

ဒါကြောင့် တရားမျှတမှုနဲ့ ၀န်ဆောင်မှုရေးရာ ပြဿနာတွေကို တရားမျှတမှုကို အလိုရှိသူတိုင်းက မားမားမတ်မတ် ရင်ဆိုင်ရပ်တည်ဖို့ လိုအပ်လှပါကြောင်းနဲ့ ဖိနှိပ်မှုနဲ့ မတရားမှုဆိုတာ ဖိနှိပ်တာတွေ၊ မတရားတာတွေကို ခေါင်းငုံ့ခံနေသူတွေပဲ ကြုံတွေ့ရမယ့် ပြဿနာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ခင်မမမျိုး (၂၅၊ ၁၁၊ ၂၀၀၉)။

အပြည့်ဖတ်မည်...

Wednesday, November 25, 2009

မောင်ခိုင်လမ်းက အစိုးရဖုန်းရုံးရဲ့လုပ်စားချက်။

မြန်မာပြည်တွင် မိုဘိုင်းဖုန်း (ဟမ်းဖုန်း) ကိုင်သူများ ဒုက္ခတွေ့နေရပါတယ်။ ပိုက်ဆံရှိလို့ ကိုင်တယ်ဆိုပေမယ့် လိုအပ်လို့ ကိုင်ကြတာပါ။ အလုပ်အတွက်ပဲ ဖြစ်ဖြစ် လူမှု့ဆက်သွယ်ရေး ကျန်းမာရေး လိုအပ်ချက်များကြောင့် ဟမ်းဖုန်း ကိုင်ကြခြင်းဖြစ်ပါတယ်။

ရန်ကုန် မောင်ခိုင်လမ်းရှိ အစိုးရ ဖုန်းရုံးရဲ့လုပ်စားချက်ကတော့ လက်လန်ပါတယ်။ နိုင်ငံခြားမှ ပြန်ရောက်လာသူ တစ်ယောက် ခံရပုံက ဒီလိုပါ။ သူ့ဖုန်းက ပထမ ပိုက်ဆံဆောင်ဖို့ ကျန်လို့ ဖုန်းဖြတ်ထားပါတယ်။ သူပြန်ရောက်ပြီး ပိုက်ဆံ ငါးသောင်း (၅၀၀၀၀) သွားသွင်းလိုက်ပါတယ်။ လက်ကျန်ငွေ ၆၀၀၀ နဲ့ဆို ၅၆၀၀၀ ပါ။ (၁၀) ရက်လောက်ပဲ ပြောရသေးတယ် ၂၇၀၀၀ ကုန်သွားလို့၊ ပိုက်ဆံ ၅၀၀၀၀ မကျန်တဲ့ အတွက် ဖုန်းလိုင်းဖြတ်မယ်လို့ massage ပို့ပါတယ်။

(၁၀) ရက်အတွင်း သူ ဒီလောက် မသုံးတဲ့ အတွက် ဒီလောက် ကျစရာမရှိဘူးလို့ ပြောပြီး ဖုန်းဘေလ် အသေးစိတ် တွက်ခိုင်းပါတယ် ယနေ့ ထိ ( ၃ ရက်ရှိပါပြီ)။ ဖုန်းရုံးမှ မတွက်ပေးပဲ ယောင်ဝါးဝါး လုပ်နေပါတယ်။ ဖုန်းလိုင်းဖြတ်မည်ဆိုးသောကြောင့် နောက်ထပ် ၅ သောင်း သွားသွင်းလိုက်ရပါတယ်။ အနိမ့်ဆုံးလက်ကျန် ၅ သောင်းရှိရမည်ဟု ပြောပါတယ်။ မရှိရင် ဖုန်းလိုင်းဖျက်မယ်လို့ ပြောပါတယ်။ ဖုန်းဘေလ်ကို သက်သက်ဆောင်ရပါတယ်။ ၅ သောင်းထဲက မလျှော့ပါဘူး စပေါ်တင်သလို ဖြစ်သွားပါတယ်။ ကိုယ့်ဖုန်းကို ကိုယ် စပေါ်တင်ပြီး ကိုင်သလိုဖြစ်နေပါတယ်။


သူက မသိလို့ လိုက်စုံစမ်းကြည့်တော့ တခြားသူတွေလည်း သူ့လိုပဲ ဆိုတာ သိရပါတယ်။ ကားပွဲစား တစ်ယောက်ကိုဆို အသားတင် ၁ သိန်း သွင်းခိုင်းပါတယ် ဖုန်းဘေလ်ကျသလောက် သက်သက်ဆောင်ရပါတယ်။ ဟိုတယ်လုပ်ငန်းရှင် အမျိုးသမီးတဦးကိုဆို ၁သိန်းခွဲ ဆောင်ခိုင်းပါတယ် ဖုန်းဘေလ်ကျသလောက် သက်သက်ဆောင်ရပါတယ်။ နောက်တခုက ဒီလ ဘေလ် ၂ သောင်းဖိုး (သို့) ၃သောင်းဖိုး ပြောဆိုပါက နောက်လတွင် ၁ သိန်း သွင်းခိုင်းပါတယ် မသွင်းလျှင် ဖုန်းလိုင်းဖြတ်မည်ဟု ပြောဆိုပါတယ်။ ဒီလ ၂ သောင်း (သို့) ၃ သောင်းဖိုး ပြောပေမယ့် နောက်လ ယခုလောက် ပြောချင်မှ ပြောပေလိမ့်မယ်။ ဒီဥပဒေကို သူလည်း နားမလည်ဘူးလို့ ပြောဆိုပါတယ် နိုင်ငံခြားတွင်ဆို ကိုယ်ပြောသလောက်သာ ကုန်ပါတယ် ဒီလို အပို တောင်းတာ မရှိတဲ့အပြင် အခါကြီး ရက်ကြီးများတွင် ၁၅ ဒေါ်လာဖိုး ဒေါ်လာ ၂၀ ဖိုး အပိုပေးတာမျိုးတောင် ရှိပါတယ်။နောက် စပေါ်သဘောမျိုး သွင်းထားရသော ၅ သောင်း၊ ၁ သိန်းကိုလည်း ဖုန်းမကိုင်တော့လျှင် ပြန်ပေးမပေးကိုတော့ သူလည်း ရှင်းရှင်းလင်းလင်း မသိဘူးဟု ပြောဆိုပါတယ်။

ဒီ မြန်မာပြည်ဥပဒေကိုတော့ သူနားမလည်တော့ဘူး ဒီအစိုးရ လုပ်ပုံကိုတော့ နားမလည်နိုင်အောင် ဖြစ်မိကြောင်းပြောပါတယ်။ တီဗီထဲ သတင်းစာထဲတွင် အကောင်းများပြနေသလောက် အပြင်တွင် တကယ်ဖြစ်ပျက်နေတာကိုတော့ စိတ်ပျက်မိကြောင်း ပြောဆိုပါတယ်။

ဒီလို ခံရတဲ့လူတွေ အများကြီးရှိကြောင်း ပြောဆိုပါတယ်။ ပြည်သူလူထုကို အနုနည်းနှင့် နှိပ်စက်နေတာတော့ အမှန်ပင် ဖြစ်သည်။ ခံလိုက်ရသော ပြည်သူလူထုမှ မကျေမနပ် ဖြစ်နေကြပြီး ဘယ်ကို ဘယ်လို မေးမြန်းတိုင်းတမ်းရမှန်းမသိ ဖြစ်နေပါတယ်။ ဖုန်းလိုင်းဖြတ်လိုက်လျှင်လည်း ဒုက္ခရောက်မည်ဆိုး၍ သီးခံနေကြရပါတယ်။ နောက်ထပ်ကြားရသည့် သတင်းကတော့ နောက်နှစ် (၂၀၁၀) တွင် အိမ်ဖုန်းများပါ ယခုကဲ့သို့ စပေါ်သဘောမျိုးသွင်းရမည်ဟု ကြားသိနေရလို့ စိတ်အတော်ညစ်မိသည်ဟု ပြောဆိုပါတယ်။

(ပေးပို့ လာသော မိတ်ဆွေတစ်ဦးအား အထူးကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

Tuesday, November 24, 2009

စမတ် နောက်ကို သန်းရွှေ လိုက်တော့မှာလား။

ထိုင်းဝန်ကြီးချူပ်ဟောင်း စမတ်ဟာ မြန်မာပြည်မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားပြီး သံဃာတော်တွေကို အကြမ်းဘက်နှိမ်နင်းခဲ့တဲ့ နအဖကို ၂၀၀၈ ခုနှစ် မတ်လ (၁၄) ရက်နေ့ မှာ ရှေးဦးစွာ သွားရောက်တွေ့ ဆုံခဲ့သူ ဖြစ်ပါတယ်။ မြန်မာပြည်ကို သွားရောက်လည်ပတ်ခဲ့စဉ်တုန်းက နအဖခေါင်းဆောင်ကြီး သန်းရွှေနဲ့  သိန်းစိန်တို့  ကို တွေ့ ဆုံခဲ့ပါတယ်။











သံဃာသတ်နေတဲ့ နအဖခေါင်းဆောင်တွေကို ဗုဒ္ဒဘာသာဝင်ကောင်းတွေပါလို့  စမတ်ကနေ မြှောက်ပင့်လိမ်ညာပြောဆိုခဲ့ပါတယ်။ ဒီလိုမျိုး နအဖကို အပြေးအလွှား တွေ့ ဆုံခဲ့ပြီး မဟုတ်တယုတ်တွေ ပြောဆိုခဲ့တဲ့ စမတ်ကို မြန်မာပြည်သူတွေနဲ့  ထိုင်းပြည်သူတွေက ချဉ်လွန်းလို့  ၀က်ခေါင်း လို့  ခေါ်ကြပါတယ်။

စမတ်ရဲ့  နောက်ထပ် စော်ကားမှုကတော့ ဂမ်ဘာရီ ထိုင်းနိုင်ငံကို ရောက်တုံးက ပြောလိုက်တဲ့ စကားဘဲ ဖြစ်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ကို ဘေးဖယ်ထားပြီး မြန်မာ့အရေးကို ဆောင်ရွက်သင့်သည်” ဟု နအဖအလိုကျ စမတ်ကနေ ပြောလိုက်တာပါ။

ထိုင်းဝန်ကြီးချူပ်ဟောင်း စမတ်ဟာ ထိုင်းနိုင်ငံ ရွေးကောက်ပွဲကို ကျင်းပပြီး မဲတွေ လိမ်လည်ခဲ့လို့  ထိုင်းပြည်သူတွေက ဆန္ဒပြကန့် ကွက်တာကြောင့် ၀န်ကြီးချူပ်ရာထူးကနေ ပြုတ်ကျခဲ့ရပါတယ်။

အောက်ဖေါ်ပြပါ ကာတွန်းပုံကတော့ - (ကာတွန်းပုံအား အသေးစိတ် ကြည့်ရှူရန်အတွက် ပုံပေါ် mouse click နှိပ်၍ ကြည့်ရှူနိုင်ပါတယ်)။

















သံဃာသတ် နအဖနဲ့  ထိုင်းနိုင်ငံ ၀န်ကြီးချူပ်ဟောင်း လူသတ်သမား Samak Sundaravej တို့ ရဲ့  အကြောင်း ဖေါ်ပြထားတဲ့ ကာတွန်းပုံလေးကလည်း ပီပြင်ပါတယ်။ ဒီကာတွန်းကို သေသေချာချာ ကြည့်ရင် ယုတ်မာသူအချင်းချင်း တွေ့ ဆုံတာကို ဖေါ်ပြထားပါတယ်။ ဗုဒ္ဒဘာသာဝင်အတုဖြစ်တဲ့ နအဖခေါင်းဆောင်ကြီးရဲ့  ရဟန်းသံဃာတွေ သတ်ဖြတ်မှုကို ကဲ့ရဲ့ ရှုတ်ချ လှောင်ပြောင်သရော်ထားတာ ဖြစ်ပါတယ်။

လူသတ်သမား လူယုတ်မာနှစ်ဦး ထိုင်ပြီး လက်အုပ်ချီနေတဲ့ဟန်မှာ - နအဖခေါင်းဆောင်ကြီးရဲ့  ရင်ဘတ်မှာ သံဃာတော်ကို လက်နှစ်ဘက်နဲ့  ညှပ်ပြီး သတ်ဖြတ်တဲ့ပုံသဏ္ဍန် ရေးဆွဲထားပြီး၊ ထိုင်းဝန်ကြီးချူပ်ဟောင်း စမတ်ရဲ့  ရင်ဘတ်မှာလည်း ထိုင်းပြည်သူကို လက်နှစ်ဘက်နဲ့  ညှပ်ပြီး သတ်ဖြတ်တဲ့ပုံသဏ္ဍန် ရေးဆွဲထားပါတယ်။

အခုတော့ ထိုင်းဝန်ကြီးချူပ်ဟောင်း စမတ် ဒီနေ့  မနက် (၈) နာရီ (၄၈) မိနစ်မှာ သေဆုံးသွားပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ရွေးကေက်ပွဲကို မဲတွေလိမ်ညာပြီး ၀န်ကြီးချူပ် ဖြစ်ခဲ့သူ စမတ်တော့ သွားရှာပြီ ဖြစ်ပြီး၊ နအဖခေါင်းဆောင်ကြီး သန်းရွှေလည်း မကြာခင်မှာ ၂၀၁၀ ရွေးကောက်ပွဲစိတ်ဝေဒနာနဲ့  စမတ်နောက်ကို အမြန်လိုက်ပြီး ကြွမြန်းတော့မှာလားဆိုတာ မြန်မာပြည်သူတွေ စောင့်ကြည့်နေပါတယ်။

အပြည့်ဖတ်မည်...

Monday, November 23, 2009

နအဖရဲ့  ပညာရေးနဲ့  ကျန်းမာရေး လုပ်ဆောင်မှုတွေက အဆင်အတန်း နိမ့် ကျလွန်းတယ်ဆိုတာ သက်သေရှိတယ်။

(ဒီဆောင်းပါးလေးကို အစအဆုံး ဖတ်ကြည့်စေချင်ပါတယ်)။

Burma's Current Education and Health Rankings

အပြည့်ဖတ်မည်...

သန်းရွှေရဲ့  ဒံပေါက်နဲ့ ဒေါ်လာနှစ်ရာတန်။


















သန်းရွှေရဲ့  စိတ်ဓါတ်စစ်ဆင်းရေးက တော်တော်ကောင်းတာပဲ၊ ဘာကြောင့်လဲဆိုတော့ (၁၂-၁၁-၀၉)နေ့မှာ သိရီလင်္ကာနိုင်ငံရောက်တယ်၊ မြန်မာစာသင်သံဃာတော် ၃၀၀-လောက်အ၀င်အထွက်ရှိတဲ့ မကုဋာရာမ မြန်မာကျောင်းကို မလာရဲပါဘူး။ တကယ် လာခဲ့ရင်လည်း ပြဿနာတက်မှာ ကျိမ်းသေတယ်။ ကျောင်းကလည်း ကားလေးတစီးစာ ၀င်ရရုံလေးပဲ ရှိပါတယ်။ ပြဿနာတက်ရင်တော့ သန်းရွှေ ဇော်ချွေး ပြန်ရုံမကဘူး ဖင်မွေးတောင် ထောင်လာမယ်။

သန်းရွှေရောက်တော့လည်း ကြည့်ဦးလေ ဗုဒ္ဒ္ဓစွယ်တော်ရှိတဲ့ ဂန္ဓီမြို့ကို သွားတယ်၊ ဗိုက်နာလို့ ဆေးရုံတင်ရတယ်။ အရှင်မဟိန္ဒပင့်ဆောင်လာတဲ့ ဗောဓိပင်ရှိရာ အနုရာထပူရမြို့ ကိုရောက်တော့ ဗောဓိပင်ဖူးမယ့်လုပ်တော့ မိုးက အကြီးအကျယ် ရွာတယ်။

အဲ ပြောရပြန်ပြီ ကိုလံဘိုမြို့ ရောက်တော့ သိရီလင်္ကာနိုင်ငံရှိ လက်ရှိအတိုက်ခံပါတီက (မြန်မာပြည်သားတယောက်မှမပါ) ဆန္ဒပြကြ ပြန်တယ်။ ဂန္ဓီမြို့ကိုရောက်စဉ်တော့ နအဖ၏ ရိက္ခာနဲ့  ကျောင်းတက်နေတဲ့ ဦးဇင်း ( ၅ ) ပါးကို ဆွမ်းကပ်တယ်၊ ဒေါ်လာ( ၂၀၀ ) စီ လှူသွားတယ်တော့ သတင်းရတာပဲ။

သန်းရွှေပြန်သွားတော့ အေးပြီ မှတ်တာ၊ ဘယ်ဟုတ်မလဲ။ သံရုံးကို စီစဉ်ခိုင်းသွားတာလေ။ ကြည့်ကြပါဦ - ဒီနေ့ဗျာ မြန်မာကျောင်းသို့ သံရုံးက လာပြီး ဒံပေါက်ဆွမ်းနဲ့ သင်္ကန်းတစုံ၊ ရူပီးငွေ (၂၁၀၀၀ = US 200) လှူတယ်ဗျာ။ ဘုန်းပေးလိုက်တဲ့ ဆရာတော်တွေကလည်း အားရပါးရဆိုပဲ။ ဘုန်းပေးတဲ့ ဆရာတော်တွေကိုလည်း အပြစ်မပြောချင်ပါဘူး။

ဒါပေမယ့်ဗျာ မိမိတို့ သာသနာ့ညီနောင်တွေရဲ့ သွေးတွေ၊ ချွေးတွေ၊ မေတ္တာပို့ခဲ့တဲ့ အသံတွေ၊ ထောင်ရောက်နေတဲ့ အဖော်ရဟန်းတွေ၊ ပျံလွန်တော်မူခဲ့တဲ့ သံဃာတော်တွေ၊ ရှောင်ပုန်းပြေးလွှာနေရတဲ့ ဆရာတော်တွေ၊ ဘုန်းကြီးကျောင်းတွေကို ရန်သူစခန်းတခုကြီးလို ၀င်စီးခဲ့တာတွေ၊ လက်ရှိ အပိတ်ခံထားရဆဲ သာသနာ့ပိုင် နယ်မြေတွေ၊ ပြောစရာတွေက အများကြီးပါပဲ။

အထက်က ပြောခဲ့တဲ့အချက်တွေကို မျက်လုံးစုံမှိက်ပြီး ဘုန်းပေးတဲ့ ဆရာတော်တွေကိုတော့ တော်တော်လေး အံ့သြမိပါတယ်။

(မှတ်ချက် ။ ။ အလှူခံတဲ့အထဲမှာ ၂၀၀၇-စက်တင်ဘာလ ၁၈-ရက်နေ့တွင် ကိုလံဘိုမြို့ရှိ မဟာဝိသုဒ္ဓါရာမကျောင်းက သိမ်အတွင်း၌ ကံဆောင်တော်မူကြတဲ့ ဆရာတော် (၄၈)ပါး မပါပါ။ ပြီးတော့ သာသနာ့စိတ်ဓါတ်ပြင်းပြတဲ့ ဆရာတော်များ မပါဝင်ပါ။) ဤသို့ သတင်းရရှိပါသည်။

လင်္ကာဒီပ စာသင်သားလေး။

(သတင်းပေးပို့ လာသော မိတ်ဆွေတစ်ဦးအား အထူးကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

Sunday, November 22, 2009

ယုတ်မာရိုင်းစိုင်းလွန်းလှသော နအဖကို ဆန့် ကျင်တော်လှန်တိုက်ထုတ်ရန် မည်သည့်နည်းဖြင့် ဖြစ်စေ မှန်ကန်တရားသည်။


















အချိန်မဖြုန်းပါနှင့်။ ၂၀၁၀ သည် စောင့်ရန်နှစ် မဟုတ်ပါ။ ၂၀၀၉ သည် နောက်ဆုံး အခွင့်အရေး ဖြစ်နိုင်ပါသည်။ တရားဥပဒေဆိုတာ မရှိတော့တာ ထင်ရှားနေပါပြီ။ သင့်ကို အချိန်မရွေး တွေ့ ရာ ပုဒ်မနဲ့  ဖမ်းနိုင်သည်။ ထို့ အတွက် စစ်မှန်သော ဒီမိုကရေစီရဖို့ ၊ တိုင်းပြည်နှင့် လူမျိုး အာဏာရှင်လက်အောက်မှ လွတ်မြောက်ဖို့  ဘာဘဲလုပ်လုပ် တရားသည်။

အပြည့်ဖတ်မည်...

နအဖ ဟာ ပြည်သူတွေရဲ့ဘဝကို အစီအစဉ်တကျ ဖျက်ဆီးနေတာပါ။

“သူရာထောင်ချောက်”

(နအဖ ဟာ ပြည်သူတွေရဲ့ဘဝကို အစီအစဉ်တကျ ဖျက်ဆီးနေတာပါ။ ပြည်သူတွေ ဆင်း ရဲမွဲတေလေ၊ ပြည်သူတွေရဲ့ ကျန်းမာရေး အဖက်ဖက်က ပျက်စီးနေလေ၊ သူတို့ရဲ့ အုပ်ချုပ် ရေးမဏ္ဍိုင်ခိုင်မြဲစေဖို့ ကျကျနန လုပ်ဆောင်နေတာက သေချာပါတယ်)။
























ရန်ကုန်မြို့မှာတော့ အလုပ်မရှိဈေးရောင်းဆိုတဲ့ အဆိုအမိန့်ကိုလိုက်နာကြတယ် ထင့်၊ နဲနဲလေးလူစည်တဲ့နေရာမှာ ဈေးသည်တွေဟာ ကြက်ပျံမကျပါပဲ၊ အဲဒီဈေး သည်တွေဆီကိုသွားတဲ့ (ဈေးဝယ်သူမဟုတ်) ပစ္စည်းငမ်းတဲ့ လူတွေကလည်း ကြိတ်ကြိတ်တိုးပါ။ ဒါပေမဲ့ တကယ်ရောင်းပန်းဝယ်ပန်းလှတဲ့ ဈေးသည်က အ နည်းစုပါ။ အဲဒီအနည်းစုထဲမှာ အရက်ရောင်းတဲ့လူတွေလည်း ပါတယ်လေ။

အရက်ရောင်းတဲ့ပုံစံတွေကလည်း အစုံပါပဲ၊ တချို့ကဟော်တယ်ကြီးတွေပေါ်မှာ ဘားကောင်တာတွေနဲ့ရောင်းတယ်။ ဒါလည် ရောင်းနေရတာပဲ၊ တချို့က ဘော လုံးပွဲရှိတဲ့နေ့ဆိုရင် ဟော်တယ်ဘားတွေမှာ အရက်သောက်ရင်း ဘောပွဲကြည့် ကြပါတယ်။ အရက်အကောင်းစားကို ငြိမ့်ငြိမ့်လေးသုံးဆောင်ရင်းနဲ့ ဘောလုံးပွဲ ကိုရင်ခုန်ခံစားကြတာပေါ့၊ တချို့ကြတော့ အရေးကြီးတဲ့ စီးပွားရေးကိစ္စတွေကို အေးအေးဆေးဆေး ဆွေးနွေးလို့ရတဲ့ ဟော်တယ်ဘားတွေကို ရွေးချယ်ကြ တယ်။ ဒါကတော့ ရန်ကုန်မြိုရဲ့လူနည်းစုပါ၊ တကယ့်ကို လက်တဆုပ်စာ လူ နည်းစုပါ။ ဒါပေမဲ့ ဒေါ်လာနဲ့ရှင်းရတဲ့ဘားတွေကတော့ ကိုက်ပါတယ်။

နောက်တမျိုးကတော့ ဘီယာစတေရှင်ပါ။ ဒါပေမဲ့ ကာရာအိုကေနဲ့တွဲဖွင့်ထားတဲ့ ဆိုင်တွေပေါ့၊ တချို့က မိန်းကလေးတွေပါ မွေးထား ပြီး လိင်ပါရောင်းချကြပါတယ်။ တချို့ကတော့ အဲဒီလိုမျိုး မလုပ်ကြပါဘူး၊ လုပ်တယ်လို့လဲ နာမည်ထွက်မှာစိုလို့ သီးချင်းဆိုတဲ့ကောင်မ လေးတွေကို ကားနဲ့လိုက်ကြို လိုက်ပို့လုပ်ပေးပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ၊ အဲဒီလိုဆိုင်မျိုးတွေက တော်ရုံလူတော့ ဖွင့်လို့မရပါ ဘူး။ ပတ်သက်ရာပတ်သက်ကြောင်း စစ်အုပ်စုနဲ့အပေးအယူရှိမှ ရနိုင်တဲ့အခွင့်အရေးပါ။ ဒါတင်မကပါဘူး ရဲ၊ ကြံ့ဖွံ့ အစရှိသည်တို့နှင့် ပါ ဆက်ဆံရေးအသင့်အတင့်၊ အပေးယူအသင့်အတင့်တော့ ရှိရပါမယ်။

အဲဒီဆိုင်တွေကလည်း မဆိုးပါဘူး၊ ရောင်းရပါတယ်။ ဒါပေမဲ့ တခုတော့ရှိပါတယ်။ သီးချင်းဆိုတဲ့ ကောင်မလေးတွေက ခပ်မိုက်မိုက်နဲ့ ဆွဲဆောင်မှုရှိဖို့တော့ လိုပါတယ်။ ပြီးတော့ ပန်းကုံးစွပ်တဲ့ကိစ္စမှာ အဆင်ပြေချောမွေ့အောင် စီမံထားရပါမယ်။ ကာရာအိုကေ ခေတ်ဦး တုန်းကတော့ အဲဒီလိုဆိုင်တွေမှာဆိုနေရင်းနဲ့ အောင်မြင်တဲ့အဆိုတော်ဖြစ်သွားတဲ့ အမျိုးသား၊ အမျိုးသ္မီးတွေရှိခဲ့ဖူးပါတယ်။

အဲဒီဆိုင်တွေမှာလာပြီ စားသောက်ကြတဲ့လူတွေကတော့ လူလတ်တန်းစား သုံးနိုင်စွဲနိုင်တွေလည်းရှိသလို၊ ပျော်ချင်တဲ့၊ ပျော်တတ်တဲ့ ကြေးရတတ် အဖိုးကြီးတွေလည်းပါပါတယ်။ ဒီဆိုင်တွေမှာက ဘီယာအပြင် တန်ဖိုးကြီးအရက်မျိုးစုံကို ရရှိနိုင်ပါတယ်။ တချို့လုပ်ငန်း ရှင်တွေလည်း ပါမစ်ရဖို့အတွက် ရုံးကတာဝန်ရှိ အရာရှိကြီးတွေကို ဒီလိုဆိုင်တွေမှာ ဧည့်ခံကြရပါတယ်။ အရက်သောက်လိုက် ပန်းကုံး စွပ်လိုက်နဲ့ အရာရှိကြီးလုပ်သမျှကို လုပ်ငန်းရှင်က ကုန်ကျခံရတာကိုး၊ ပါမစ်လည်းရရော ကုန်ကျစရိတ်စုစုပေါင်းထဲမှာ ဧည့်ခံစရိတ်ပါ ထည့်လိုက်တော့ ပါမစ်ရဲ့တန်ဖိုးဟာ ဈေးတက်သွားပါတော့တယ်။

နောက်တမျိုးက ဘီယာစတေရှင်ပါပဲ၊ သိပ်အကြီးအကျယ်ကြီးတော့မဟုတ်ပါဘူး၊ ကာရာအိုကေလဲ မပါတာများပါတယ်။ ပါခဲ့ရင်လည်း DVD နဲ့ ကိုယ်ဖာသာကို air con ခန်းတွေမှာဆိုကြတာပါ။ စတိတ်ရှိုးပါခဲ့ရင်တောင် နေ့စဉ်မဟုတ်ပဲ စနေ၊ တနင်္ဂနွေ လောက်ကို ခပ်ပေါပေါအဆိုတော်တွေ ဆိုကြတာပါ။ အများအားဖြင့်တော့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ များပါတယ်။ အဲဒီဆိုင်တွေကိုတော့ ပိုက်ဆံ ရှိတဲ့လူတိုင်း ဖွင့်နိုင်ပါတယ်။ ရဲကင်းကြေးပေးမယ်။ ကြံ့ဖွံ့ရန်ပုံငွေထည့်မယ်။ ရပ်ကွက်ဥက္ကဋ္ဌ အလှူငွေတောင်းရင်လည်း ပေးရပါ တယ်။ အဲဒီဆိုင်တွေလည်းမဆိုးပါဘူး ဝင်ငွေဖြောင့်ပါတယ်။ သူကဘီယာရောင်းမယ် ပြည်တွင်းဖြစ် အရက်မျိုးစုံရောင်းမယ်။ ဒီလိုဆိုင် တွေဘယ်လောက်များများ သူ့ဖောက်သည်နဲ့သူ အလုပ်ဖြစ်ပါတယ်။ နောက်တခုက ဘီယာစတေရှင်နဲ့ ဘိနဲ့ ရောဖွင့်ထားတာပါ။ ဒါမျိုး ကတော့ ပိုင်တဲ့လူရှိမှ ဖွင့်လို့ရမှာပါ။ သုဝဏ္ဏမြို့ပေါ် ဆန်းမှတ်တိုင်မှာဖွင့်ထားတဲ့ ဘီယာစတေရှင်က ရဲမှူးကြီးသမီး ပိုင်တာဖြစ်ပြီး၊ ကောင်မလေးတွေကိုဝင်ဖမ်းတာ တခါမှမတွေ့ဖူးပါဘူး။ ဆိုင်ကကောင်မလေးတွေက နေ့လည်ပိုင်းမှာစားပွဲထိုးလုပ်၊ ဆိုင်ရဲ့ ဝေယျာ ဝစ္စတွေလုပ်ပြီး ညရောက်မှ အော်ဒါလိုက်ကြတာပါ။ အဲလိုဆိုင်မျိုး တောင်၊ မြောက်လမ်းဆုံက ဗိုလ်ချုပ်သန်းရွှေ တူမပိုင်တဲ့ ဆိုင်လည်း ရှိပါတယ်။ ပြည်တွင်းမှာအလွန် အန္တရာယ်ကြီးလာတဲ့ HIV ၊ AIDS ရဲ့ ပင်ရင်းဌာနတွေထဲက တခုပေါ့။

ဆင်ခြေဖုံးတွေမှာ ဘီယာစတေရှင်တွေတော်တော်များများ ရှိပါတယ်။ အလုပ်လက်မဲ့များလေ ဆိုင်တွေမှာအရက်သောက်သူတွေများ လာလေပါပဲ။ ကျမ သူငယ်ချင်းရဲ့ သားလေးက ၁၀ တန်းအောင်ပြီး အလုပ်ဝင်လုပ်ပါတယ်။ သူ့အလုပ်မှာ တခါတရံ ဘီယာတိုက်တာ မျိုးတွေ ရှိပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာ အလုပ်သမားတွေလျော့လိုက်တော့ အဲဒီကလေး ပါသွားပါတယ်။ အလုပ်တွေ ထပ်လျှောက်ပေမဲ့ အလုပ်မရတဲ့အခါမှာ ကလေးကစိတ်ဓါတ်ကျပြီး နေ့တိုင်းလိုလို ဘီယာဆိုင်မှာ သွားသောက်ဖြစ်နေပါတယ်။ ဒီလိုလူမျိုး ဒုနဲ့ဒေး ပါ။

ရပ်ကွက်ကျောင်းတွေရဲ့ ပတ်ပတ်လည်မှာ မြေကွက်အပိုတွေရှိနေ တတ်ပါတယ်။ အဲဒီအကွက်တွေမှာ ကြံ့ဖွံ့အဖွဲရဲ့ ရန်ပုံငွေအဖြစ် ဆိုင် ခန်းတွေဆောက်ပြီး ငှားတာရောင်းတာတွေ လုပ်ကြပါတယ်။ အဲဒီ် ဆိုင်တွေရဲ့ ဈေးနှုန်းတွေကမြင့်တော့ တော်ရုံလုပ်ငန်းရှင်တွေ ဝယ်ဖို့ ငှားဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ အခုလိုလုပ်ငန်းတွေ အရှုံးပေါ်နေ တဲ့အချိန်မှာ ဆိုင်အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို လျော့ချနေကြတာ ပါ၊ ဒီတော့ အမြတ်များတဲ့ အရက်ဆိုင်လုပ်ငန်းတွေကပဲ ငှားရမ်းကြ တာများပါတယ်။ ဒါကြောင့် ကျောင်းတွေရဲ့ပတ်ပတ်လည်မှာ စား သောက်ဆိုင်တွေ၊ ဘီယာဆိုင်တွေ ဝိုင်းနေပါတယ်။

ဆိုင်ပိုင်ရှင်တွေကလည်း စည်းမစောင့်ကြပါဘူး အဖြူ၊ အစိမ်းတွေနဲ့ ဘီယာဆိုင်ထဲဝင်ရင် မောင်းမထုတ်ပါဘူး၊ ရောင်းပေးလိုက်ကြ တာပါပဲ။ အထက်တန်းကျောင်းသားလေးတွေထဲမှာ အရက်ဘီယာသောက်သုံးမှုတွေ များလာပါတယ်။ ကျမတို့ ငယ်ငယ်တုန်းက အ ထက်တန်းကျောင်းမှာ အရက်မူးပြီးရစ်တဲ့ကျောင်းသားဆိုတာ မတွေ့ဖူး၊ မကြားဖူးပါဘူး။ အခုတော့ အထက်တန်းကျောင်းမှာ ကျောင်း သားတွေအရက်မူးလို့ ပြဿနာတက်တဲ့အကြောင်းတွေ ခဏ ခဏ ကြားနေရပါတယ်။

ကျမ စာသင်တဲ့ကလေးတွေ သူတို့အချင်းချင်းပြောနေတာကို ကျမ ကြားခဲ့ရတာပါ။ သူတို့က ရေသန့်ပုလင်းထဲကရေကို ဆေးထိုအပ်နဲ့ စုပ်ထုတ်ပစ်လိုက်ပြီး၊ အရက်ဖြူကို ဆေးထိုးအပ်နဲ့ပဲ ပြန်ပြီးစုပ်ထည့်လိုက်ပြီး စာသင်ခန်းထဲမှာ ခပ်တည်တည်နဲ့ ရေသောက်သလို သောက်နေတာတဲ့၊ ဒါနဲ့ ကျမက မနေနိုင်လို့ အဲဒါဘယ်နှစ်ယောက်လောက်ရှိလဲဆိုတော့ ခပ်ဆိုးဆိုးတွေကတော့ သောက်နေတာပဲ တဲ့ တိုင်းပြည်ရဲ့အညွန့်ဖူးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တတ်နေပြီဆိုရင် ဒီတိုင်းပြည်ရဲ့အနာဂတ်ဟာ ဘာတွေဖြစ် လာမလဲဆိုတာ လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။

နောက်တမျိုးကတော့ စာသောက်ဆိုင်တွေပါ။ အဲဒီအထဲမှာ အရက်ပုန်းဆိုင်တွေလည်း ပါဝင်ပြီး။ အစိုးရဖွင့်တဲ့ CS-4 ဆိုင်တွေလည်း ပါပါတယ်။ ကျမတို့ပြည်တွင်းမှာထုတ်လုပ်တဲ့ အပေါစားအရက်တွေကို ရောင်းချပေးတာပါ။ ပြည်တွင်းထုတ်အရက်တွေဟာ အမျိုးစား များသလို တံဆိပ်တွေလည်းအများကြီးပါပဲ။ ပြီတော့ အရက်ကြော်ငြာတွေကလည်း ဘယ်သွားသွားမလွတ်ပါဘူး။ အရက်ကိုတော့ ကြော်ငြာခွင့်ပြုထားပါတယ်။ အရက်ထုတ်လုပ်သူတွေဟာ စစ်အစိုရနဲ့ပက်သက်တဲ့ လူတွေချည်းပဲကိုး၊ ဒါမှမဟုတ်ရင်တော့ အရက်ခိုး ချက်တဲ့လူတွေဟာ ရဲကို တနင့်တပိုးပေးထားကြတဲ့ လူတွေချည်းပါပဲ။

ဒေါက်တာနေဝင်းက ကျမကိုပြောပြဖူးတယ်။ အရက်မှာ မီသိုင်းအယ်ကိုဟောနဲ့ အီသိုင်းအယ်ကိုဟောဆိုပြီး ၂ မျိုး ရှိတယ်တဲ့၊ မီသိုင်း ဟာ အဆိပ်ဖြစ်ပြီးတော့ သူချည်းပဲသောက်ရင် ချက်ချင်းကိုသေစေတယ်တဲ့၊ သန်စင်တဲ့အီသိုင်းရဖို့အတွက် အဆင့်ဆင့်ပေါင်းခံချက် လုပ်ရတာကြောင့် သန့်စင်တဲ့ အီသိုင်းဟာဈေးကြီးတယ်တဲ့၊ ဒါကြောင့် နိုင်ငံခြားအရက်တွေဟာ တန်ဖိုးကြီးနေတာပေါ့တဲ့၊ သန့်စင်တဲ့ အီသိုင်းဟာ လူကိုစွဲလမ်းတဲ့စိတ်ဖြစ်ပေါ်စေပေမဲ့ တဖြည်းဖြည်းပဲ စွဲလမ်းစေတယ်တဲ့၊ အလွန်အကျွံသုံးစွဲရင် အန္တရာယ်ဖြစ်နိုင်ပေမဲ့ limit သုံးစွဲရင်ကျန်းမာရေးကို ထောက်အကူပြုတယ်တဲ့။ ဒေါက်တာကိုယ်တိုင်က Grand Royal လို အရက်မျိုးကို limit နဲ့ သောက် တဲ့ သူပါ။

ဒါပေမဲ့ ပြည်တွင်းကထုတ်လုပ်တဲ့အရက်တွေဟာ သန့်စင်တဲ့ အီသိုင်းအဆင့်ကိုရောက်ဖို့ အတော်လိုသေးတဲ့အပြင် မီသိုင်းရာခိုင်နှုန်း တော်တော်များများ ပါဝင်နေပါတယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ်တုန်းက ရွှေပြည်သာမြို့နယ်အတွင်းကလူတွေ ဆေးရုံကို တရာကျော် ရောက်လာပါတယ်။ အားလုံးဟာအဆိပ့်သင့်တဲ့ လက္ခဏာတွေနဲ့ပါ အတော်များများလည်း သေဆုံးသွားပါတယ်။ စစ်ဆေးကြည့်တော့ မီိသိုင်းရာနှုန်း တော်တော်များများပါတဲ့ အရက်ကိုသောက်မိလို့တဲ့။ ဒီအဖြစ်ပျက်တွေမှာ လူတွေသေဆုံးကုန်ကြပေမဲ့ ဘယ်သူကိုမှ အ ရေးမယူသလို ဘယ်အရက်ဆိုင်ကိုမှ ပိတ်မပစ်ပါဘူး။

အရက်ဆိုင်တွေဆိုတာက ရဲတွေရဲ့ စီးပွားရေးစစ်မျက်နှာပြင်ဖြစ်ပြီး ကြံ့ဖွံ့တို့ ရပ်ကွက်ဥက္ကဋ္ဌတို့ရဲ့ငွေတွင်းလည်းဖြစ်ပါတယ်။ အရက် ဆိုင်ဆိုတာ သူတို့တတွေရဲ့ဒေါက်တိုင်ပါ။ ဒါကြောင့် ဘယ်လိုပြဿနာတွေဖြစ်ဖြစ် ဒေါက်တိုင်တွေကိုတော့ ရိုက်မချိုးကြပါဘူး။

ဗိုလ်ချုပ်ကြီးမောင်အေးဟာ အရက်ကြိုက်တဲ့သူအဖြစ် အလွန်နာမည်ကြီးပါတယ်။ တကယ့်အကောင်းစား အရက်တွေကိုသောက်ပြီး အသည်းဆရာဝန်တွေနဲ့ ထပ်တလဲလဲပြသပြီး သူရဲ့ကျန်းမာရေးကို စောင့်ရှောက်နေပေမဲ့၊ ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးအ တွက် ပြည်တွင်းထုတ်အရက်တွေကို အရည်အသွေးစစ်ဆေးတာတို့၊ မြှင့်တင်တာတို့လုပ်ဖို့ကို စဉ်းကိုမစဉ်းစားတာကတော့ အသေအ ချာပါပဲ။

ပြည်တွင်းထုတ် အရက်ဖြူတွေဟာ အရမ်းကိုဈေးပေါပါတယ်။ တပုလင်းကို ၄၀၀ ကျပ် ပဲရှိပါတယ်။ အဲဒီအရက်တွေရဲ့ ပုလင်းခွံတွေပေါ်မှာ ပါဝင်ပစ္စည်းနဲ့ ရာခိုင်နှုန်းကို ဘယ်တော့မှ ဖော်ပြလေ့မရှိပါဘူး။ ဒါ့အပြင် ပြင်းအားကိုလည်း ဘယ်တော့မှ ဖော်ပြ မထားပါဘူး။ အဲဒီလို ဘာမှန်းမသိတဲ့အရက်တွေကို မော်ဒလ်မတွေက မလုံ့တလုံ ဝတ်ပြီး တုံးလုံးပက်လက်လှဲပြီး ကြော်ငြာကြပါတယ်။ အဲဒီ ကြော်ငြာတွေက ရန်ကုန် တမြို့လုံး အနှံအပြားပါပဲ။ ဘယ်စာပေစိစစ်ရေးကမှ မစိစစ်ပါဘူး။ ကြော်ငြာလွတ် လပ်ခွင့် ပေးထားပါတယ်။

နအဖ ဟာ ပြည်သူတွေရဲ့ဘဝကို အစီအစဉ်တကျ ဖျက်ဆီးနေတာပါ။ ပြည်သူတွေ ဆင်းရဲမွဲတေလေ၊ ပြည်သူတွေရဲ့ကျန်းမာရေး အဖက်ဖက်က ပျက်စီးနေလေ၊ သူတို့ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ခိုင်မြဲစေဖို့ ကျကျနနလုပ်ဆောင်နေတာက သေချာပါတယ်။

အရက်ဖြူထက် ပြင်းအားများပြီး၊ ဈေးလည်းပိုပေါတဲ့၊ အန္တရာယ်လည်းကြီးတဲ့ အရက် အမျိုးအစားတွေကိုလည်း ကြော်ငြာအားကောင်းကောင်းနဲ့ ရောင်းချပေးနေပါတယ်။ လစ်ကွာ၊ စပျစ်ဝိုင်၊ နာနတ်ဝိုင်၊ မကျည်းဝိုင်ဆိုတာတွေပါ၊ ဝိုင်ဆိုလို့ အပျော့စားလို့ မထင်ပါနဲ့ အဲဒီ အမျိုးအစားဟာ ဘီယာမတ်ခွက်တခွက်ကို အရက်ဖြူတပိုင်းနဲ့ညီမျှပါတယ်။ အရက်ဟာ ရေရောသောက်လို့ရပြီး လစ်ကွာတို့ဝိုင်တို့ ဟာ ရေရောဖို့မလိုတဲ့အတွက် ပြင်းအားတိုင်းရင် အရက်ထက်ပိုပြင်းအားများပါတယ်။ မြန်မာနိုင်ငံအနှံအပြားမှာ ကြော်ငြာမျိုးစုံနဲ့ တွင်တွင်ကျယ်ကျယ် ရောင်းချနေတာပါ။ တခွက်ကို ကျပ် ၁၅၀ ပဲ ကျသင့်တော့ ဈေးလည်းတော်တော်ပေါပါတယ်။ အဲဒီ ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေသူတွေကတော့ စစ်အုပ်စုနဲ့ပက်သက်ရာပက်သက်ကြောင်းတွေပါပဲ။ ဘယ်ကျန်းမာရေးဌာန ရဲ့ စစ်ဆေးချက် အာမခံချက်တွေ မရှိပါဘူး။

အရက်ကိုသောက်လိုက်တဲ့အခါ ဦးနှောက်ထဲကို အောက်ဆီဂျင်အရောက်နည်းသွားလို့ လူဟာ တဖြည်းဖြည်းမူးလာတာပါ။ အရက် ဟာ တဖြည်းဖြည်းချင်းပဲမူးပြီး၊ အဲဒီ လစ်ကွာဆိုတာကတော့ ချက်ချင်ဆောင့်ပြီး မူးလာလေ့ရှိပါတယ်။ ဦးနှောက်ထဲကို အောက်ဆီဂျင် အရောက်နည်းသွားအောင်လုပ်တဲ့ရာနှုန်းက လစ်ကွာကပိုများပုံရပါတယ်။ ဒါကြောင့် လစ်ကွာသောက်တဲ့လူတွေဟာ အာရုံကြောရော ဂါကိုပိုပြီး ဖြစ်စေပါတယ်။

ကျမရဲ့ မိတ်ဆွေတဦးဟာ အရက်ကို limit နဲ့ သောက်တတ်တဲ့လူပါ။ သူက လစ်ကွာတွေပေါ်လာတော့ ပိုဈေးချိုပြီး၊ ပိုမူးလို့ လစ်ကွာ ကို သောက်ပါတယ်၊ လစ်ကွာကိုသောက်ပြီး နောက်တနေ့ မနက်မှာ အာရုံကြောတွေဟာ ထိုင်းမှိုင်းနေတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ ဆက်ပြီးသောက်ဖြစ်ပါတယ်။ ဒီလိုသောက်ရင်းကနေ အာရုံကြောရောဂါ စဖြစ်လာပြီး၊ ပြီးခဲ့တဲ့လက အာရုံကြောတွေ အလုပ်မ လုပ်ဘဲ သေတဲ့ရောဂါနဲ့ သေဆုံးသွားပါတယ်။ ဒီလိုလူမျိုးတွေ ဘယ်နှစ်ယောက်ရှိနေတယ်ဆိုတာ ကျမတို့ မသိရပါဘူး။

အရက်မူးလာတဲ့အခါမှာ တဖြည်းဖြည်းအသိစိတ်ပျောက်ပြီး မသိစိတ်ကလွှမ်းမိုးလာပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ဒုစရိုက်အမှုတွေကို ကျူးလွန်ဖို့ ဝန်မလေးတတ်ပါဘူး။ အရက်မူးတဲ့ အခိုက်အတန့်မှာ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါကြောင့်လည်း ပြစ်မှုကျူးလွန်တာတွေ၊ ဒုစရိုက်မှုတွေ ထူထပ်ပေါများလာပါတယ်။

ဒီလိုအဖြစ်အပျက်မျိုးကို ၂၀၀၇ ခုနှစ် စက်တင်ဘာလ အရေးတော်ပုံမှာတွေ့ရပါတယ်။ သံဃာနဲ့ကျောင်းသား ပြည်သူတွေကိုပစ်တဲ့ ရဲတွေ၊ စစ်သားတွေဟာ တစုံတရာမူးနေပါတယ်။ သူတို့ဟာ မူးမူးရူးရူးနဲ့ အသိမဲ့ရန်လိုစွာ လက်နက်မဲ့ပြည်သူတွေကို ပစ်ခတ်နေတာ ကို တွေ့ရပါတယ်။

HAWK အဖွဲ့က ကိုအောင်ဆွေဦး (ကွယ်လွန်) ပြောပြခဲ့ဖူးတာက၊ သူတို့ ဝမ်းခမှာတိုက်ပွဲဖြစ်တုန်းက သူတို့အဖွဲ့က တောင်ကုန်းပေါ်က နေစီးပြီး ပစ်နေတာတဲ့၊ အောက်ကတက်လာတဲ့ နအဖ(န၀တ) ရဲဘော်တွေဟာ ကမူးရှူးထိုး အသိမဲ့ အတင်းတက်လာတယ်တဲ့၊ နောက်ဆုံး အပေါ်ကပစ်တဲ့လူက သနားပြီးမပစ်ချင်တော့ဘူးတဲ့ ကျဆုံးသွားတဲ့ရဲဘော် အတော်များများဟာ ကလေးစစ်သားတွေဖြစ် ပြီး အရက်တွေကိုမူးနေအောင် တိုက်ထားတယ်တဲ့။

အဆုံးသတ်တော့ နအဖ ဟာ သူရဲ့အာဏာခိုင်မြဲရေးအတွက် ပြည်သူတွေကို မှိုင်းအမျိုးမျိုးတိုက်ပါတယ်။ အရက်ကြိုက်သူတွေကို အ ရက်မှိုင်း၊ ငွေကြိုက်သူကို လောင်းကစားမှိုင်းတွေနဲ့ ဖျက်ဆီးထားပါတယ်။ သူတို့ ရည်ရွယ်ချက်ရဲ့အဆုံးသတ်ကတော့ အာဏာခိုင်မြဲ ရေးပဲ ဖြစ်ပါတော့တယ်။

ခင်ငြိမ်းသစ်။

(နေ့ သစ် http://www.naytthit.com/ မှ ပြန်လည် ဖေါ်ပြခြင်း ဖြစ်ပါသည်)။

အပြည့်ဖတ်မည်...

ပေါ့ဆမှု၊ လစ်လျူရှူမှုနဲ့  လူသားချင်းမစာနာတဲ့သူများကြောင့် မိန်ကလေးတစ်ဦး အသက်ဆုံးရှုံးခဲ့ရ။

ရန်ကုန်မြို့ရှိ နာမည်ကြီးပုဂ္ဂလိကအထူးကုဆေးခန်းကြီးက သွေးလွန်တုတ်ကွေးဖြစ်နေတဲ့ မိန်းခလေးတဦးအား မှားယွှင်းစွာ ခွဲစိတ်ကုသပြီး သာမာန်လူနာတဦးကဲ့သို့ပစ်ထားခြင်းကြောင့် အသက်ဆုံးရှုံးသွားပါတယ်။

ဒီသတင်းကို လျှပ်တစ်ပြက်သတင်းဂျာနယ်မှ ဖေါ်ပြချက်အရ သိရပါတယ်။ ဒီလို ပေါ့ဆမှု လစ်လျူရှူမှုနဲ့  လူသားချင်းမစာနာတဲ့ တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူသင့်ပါတယ်။

(သတင်းအား အကျယ်ချဲ့ ဖတ်ရှူရန်အတွက် ပုံပေါ် mouse click နှိပ်၍ ဖတ်ရှူနိုင်ပါတယ်)။

အပြည့်ဖတ်မည်...

နာဂစ် မိဘမဲ့ကလေးများအကြောင်း မှတ်တမ်းရုပ်ရှင် - “Orphans of Burma Cyclone”



ယခုဖေါ်ပြသော “နာဂစ် မိဘမဲ့ကလေးများအကြောင်း မှတ်တမ်းရုပ်ရှင် - Orphans of Burma Cyclone” ကို ဒီဗွီဘီ (Democratic Voice of Burma – DVB) တီဗွီ သတင်းထောက် တီနဲ့ ဇက်တို့ မှ နအဖရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ ကြီးမားနေတဲ့ အချိန်မျိုးမှာ စွန့်စွန့်စားစား သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး၊ ယခုအခါမှာ ဒီမှတ်တမ်းရုပ်ရှင်ဟာ Rory Peck ဆုပေးဖို့ လန်ဒန်ရှိ ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်လိုက်ပါတယ်။

အပြည့်ဖတ်မည်...

ကိုဖိုးတုတ်နှင့် ကိုကံမြင့်တို့ အား မတရားဖမ်းဆီးထောင်ချထားခြင်းသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချူပ် ILO ၏ ဥပဒေများကို နအဖမှ ချိုးဖောက်ခြင်း ဖြစ်။

StatementonSPDCviolation Normal.doc 21 Nov2009 1

အပြည့်ဖတ်မည်...

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ကျင့်ဝတ်စောင့်ထိန်းမှု မရှိသော ဗီဒီယိုအခြေခံအဖွဲ့။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့မှ လူကြီးများ အမည်ခံ ဗီဒီယိုလုပ်ငန်း ထုတ်လုပ်ဖြန့်ချိသည့် လုပ်ငန်းရှင်များသည် ဗီဒီယိုလုပ်ငန်းရှင် (ဌားရမ်းဆိုင်) များကို လွန်စွာမှ အနိုင်ကျင့် နှိပ်စက်နေသော အဖွဲ့အစည်းဖြစ်သည်။

လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် စိစစ်ခြင်းမရှိဘဲ၊ ကျင့်ဝတ်စောင့်ထိန်းမှု မရှိဘဲ ပရမ်းပတာ လုပ်ငန်းလိုင်စင်များ ချပေးသဖြင့် တစ်လမ်းထဲတွင်ပင် လေးငါးခြောက်ဆိုင်ထိ ရှိသည့်လမ်းများ ရှိပြီး၊ တစ်ချို့နေရာများတွင် ဆိုင်များကပ်လျှက်၊ တစ်ချို့နေရာများတွင် မျက်စောင်းထိုး၊ တစ်ချို့နေရာများတွင် တစ်အိမ်ကျော် နှစ်အိမ်ကျော်ထိ ဗီဒီယိုဌားရမ်းဆိုင်များ ဖောင်းပွလျှက် ရှိနေသည်။

အရင်းစစ်က အမြစ်လှန်ဆိုသလို ထိုကဲ့သို့ ဖြစ်နေရသည်မှာ ဗီဒီယိုအခြေခံအဖွဲ့ ဗဟိုတွင် တာဝန်ထမ်းဆောင်နေကြသူများမှာ ဗီဒီယိုထုတ်လုပ်/ဖြန့်ချီ လုပ်ငန်းရှင်များ ဖြစ်သဖြင့် မိမိတို့တိုက်များမှ ဖြန့်ချိသောကားများ ရောင်းရလျှင်ပြီးရော ဌားရမ်းဆိုင်များ များလာလျှင် ယင်းတို့အတွက် တွက်ချေကိုက်သဖြင့် လုပ်ငန်းလိုင်စင်များကို တစ်ကယ့်ကို ပရမ်းပတာ စည်းမဲ့ကမ်းမဲ့ ချပေးနေခြင်းပင် ဖြစ်သည်။

ယခုအခါ မီးက ပျက်၊ စာမေးပွဲများက နီး၊ အဆိုးဆုံးကတော့ လိုင်စင်မရှိသည့် ဘမ်းခင်းပြီး ရောင်းသည့် နိုင်ငံခြားဇာတ်ကားတွဲများ၊ ကိုရီးယားကားများကို လွယ်လင့်တကူ ဈေးပေါပေါ (တစ်ခွေ သုံးရာကျပ်ခန့်) ဖြင့် ၀ယ်ယူကြည့်ရှုနိုင်သဖြင့် ဗီဒီယိုဌားရမ်းဆိုင်များမှာ လုပ်ငန်းမရပ်ဆဲအောင် မနည်းကျားကန်ကြိုးစားနေရသည်။

ဗီဒီယိုဌားရမ်းဆိုင်များမှာ လုပ်ငန်းလိုင်စင်၊ ကျန်းမာရေးလိုင်စင်၊ မီးသတ်ထောက်ခံချက်၊ စည်ပင်လိုင်စင်၊ နှစ်စဉ်အခွန်ငွေများကို နိုင်ငံတော်အတွက် ထမ်းဆောင်နေသော အခွန်ထမ်း ပြည်သူများ ဖြစ်ပါသည်။ ဗီဒီယိုဌားရမ်းဆိုင်ဆိုတာ ကြီးပွားချမ်းသာရေးဆိုတာ ယောင်လို့တောင် မစဉ်းစားဖြစ်၊ နေ့စဉ် ထမင်းလေးပုံမှန်စားရဖို့သာ ရုန်းကန်နေရသော လုပ်ငန်းငယ်များသာ ဖြစ်သည်။

ထိုကဲ့သို့ အဘက်ဘက်မှ ကျပ်တည်းနေသော ဌားရမ်းဆိုင်များကို အောက်ဖေါ်ပြပါ စာကဲ့သို့ မ၀ယ်မနေရ စာများ၊ မယူမနေရ စာများ မကြာခဏဆိုသလို ရောက်ရှိလာတတ်ပါသည်။

(စာပါ အချက်အလက်များအား ဖတ်ရှူရန်အတွက် စာပုံပေါ် mouse click နှိပ်၍ ဖတ်ရှူနိုင်ပါသည်)။
























ယခုစာတွင်တော့ ပြက္ခဒိန်ကို တစ်ခုမဟုတ် နှစ်ခု မ၀ယ်မနေရ ၀ယ်ရမည်တဲ့၊ တစ်ခု နှစ်ထောင် နှစ်ခု လေးထောင်ဆိုတာ ဌားရမ်းဆိုင်များအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ပါသည်။ တစ်ခုလောက်ဆို တော်သေးသည်။ အဆိုးဆုံးနှင့် အမိုက်ရိုင်းဆုံးက "ပျက်ကွက်ပါက မိမိတာဝန်သာဖြစ်ပါသည်" ဆိုတဲ့ လူမိုက်ဆန်ဆန် ဂုဏ်ကျက်သရေ မရှိစွာ အနိုင်ကျင့် ချိန်းခြောက်ထားသည့်စာသား ဖြစ်သည်။

ယင်းကဲ့သို့ ချိန်းခြောက်ရအောင် ဌားရမ်းဆိုင်များသည် တရားမ၀င် လုပ်ငန်းများ မဟုတ်၊ နိုင်ငံတော်သို့ တရားဝင် အခွန်ထမ်းဆောင်နေသော တရားဝင်လုပ်ငန်းများ ဖြစ်သည်။ ဤကဲ့သို့ ရောင်းချချင်သည်ဆိုပါလျှင် တရားမ၀င် ရပ်ကွက်တိုင်း၊ လမ်းတိုင်းထိပါ ရောက်ရှိနေသောနိုင်ငံခြားကားများနှင့် ကော်ပီကူးခွေ အရောင်းဆိုင်များကိုသာ ရောင်းချသင့်ပါကြောင်းနှင့် ယခုကဲ့သို့  မတရား အနိုင်ကျင့် ရောင်းချမှုသည် သာမန် ရိုးသားစွာဖြင့် တရားဝင် လုပ်ကိုင်နေသော ပြည်သူ့ စီးပွားရေး လုပ်ငန်းများအပေါ် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့မှ မမှန်ကန်သော လုပ်ရပ် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

အပြည့်ဖတ်မည်...

ဥပဒေဘက်တော်သားတွေ ဖြစ်သင့်တဲ့ ရဲတွေက ဥပဒေမဲ့ တိုင်းသူပြည်သားတွေအပေါ် ထင်ရာစိုင်းပြီး ရိုင်းစိုင်းနေတာက ဒီလိုလား။

ယခုလ (၁၉) ရက်နေ့ ည (၇) နာရီချိန်ခန့်တွင် လှည်းကူးမြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင် ကိုမင်းနိုင်ကို လှည်းကူးရဲ ရကတ/၃၅၇၅၁ တပ်ကြပ်ဝေဖြိုးဦးမှ ရန်ကုန်-ပဲခူးလမ်း ထောက်ကြန့်က ဆံပင်ညပ်ဆိုင်ရှေ့တွင် NLD က မင်းနိုင်ဆိုတာ မင်းလားဟု မေးရာ ကိုမင်းနိုင်မှ မင်းတို့က ရဲပဲ သိမှာပေါ့ကွာဟု ပြန်လည်ပြောဆိုရာတွင် NLD ကို ရဲကရိုက်တယ်ကွာဟု ဆိုကာ မျက်နှာကို ဖိနပ်နဲ့ ၆ ချက် ၇ ချက်ခန့် ရိုက်မှု့ဖြစ်ပွားခဲ့သည်။

အမှု့ဖွင့်ထားတယ်၊ ရိုက်မှု့ဆိုတဲ့အတွက် ဆေးစစ်ချက် သွားယူရာတွင် မျက်နှာအရိုက်ခံရတာကို သွေးရော ဆီးရော စစ်ပါတယ်၊ မူးနေတယ်လို့ ပြန် ဂွင်ဆင်နိုင်တယ်၊ ရိုက်တဲ့ ရဲက မူးနေပါတယ်၊ အရိုက်ခံရတဲ့ ကိုမင်းနိုင်မှာမူ နားအူနေလို့ နားဆေးရုံက ဆေးစစ်ချက် ထပ်သွားယူနေရတယ်။

အတိုက်အခံဆိုတာလည်း ပြည်သူပါပဲ။ မှားရင် ထောက်ပြ၊ မမှန်တာတွေ့ရင် မမှန်ဘူး ပြောရဲတာ အတိုက်အခံ (ပြည်သူ) ပါပဲ။

ပြည်သူ့ ရဲဆိုတာ အဲ့ဒီလို လုပ်လို့ ရပါသလား။ ပြည်သူကို ကာကွယ်ဖို့ လား နှိပ်စက်ဖို့လား။ ဒီလို ပြည်သူတွေကို အစိုးရအဖွဲ့အစည်းတွေက နှိပ်စက်ညှင်းပန်းနေတာကို သိသိရဲ့နဲ့ မသိချင် ယောက်ဆောင်နေတာလား၊ တကယ် မသိတာလားလို့ မေးချင်လိုက်တာ ဗိုလ်ချုပ်မှုးကြီးရယ်။ တိုင်းပြည်ကို မိဘလို အုပ်ချုပ်တယ်တဲ့လား ပေါရိသာဒလို မိဘမျိုးလားကွယ်။ တပ်မတော်သာ အမိ တပ်မတော်သာ အဖ တဲ့လား။ ကျွန်တော် မိဘမဲ့ ဖြစ်ချင်လိုက်ပါတာ။

(သတင်းပေးပို့ လာသူတစ်ဦးအား ကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

Saturday, November 21, 2009

ဖြူးဆရာတော်ဘုရားကြီး၏ အရေးပေါ်ကျန်းမာရေးသတင်း။














ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖလန်ကောက်ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါဝေဒနာကို ဆေးကုသမှုခံယူလျှက် ရှိနေပါသည်။

ဆရာတော်သည် လွန်ခဲ့သော ၂-နှစ်က ကျောက်ကပ်အစားထိုးခဲ့ရာမှ ကျောက်ကပ်သို့ ပိုးဝင်ရောက်မှုကြောင့် ယခုအချိန်တွင် အရေးပေါ်ကုသမှုခံယူလျှက်ရှိပါသည်။

ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများနှင့် ခေတ်မှီစက်ကိရိယာများဖြင့် ကုသလျှက်ရှိရာ ကုသစရိတ်မှာ တစ်ရက်လျှင် ကျပ်သိန်း(၃၀)ခန့် ကုန်ကျလျှက်ရှိပါသည်။ ယခုအချိန်အထိ ကုန်ကျငွေမှာ ကျပ်သိန်းငါးရာ ကျော်လာပြီဖြစ်ပါသည်။

သို့ပါသောကြောင့် ဆရာတော်ဘုရားကြီ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ကြည်ညိုကြသော တပည့်ဒါယကာ၊ ဒါယိကာမများအနေဖြင့် ဘေသဇ္ဇဒါန ကျန်းမာရေးဆေးအလှူတော်အတွက် စွမ်းနိုင်သမျှ ကုသိုလ်တော် ပါဝင်လိုကြပါလျှင် အောက်ပါဖုံးနံပါတ်များသို့  ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း ကုသိုလ်အကျိုးမျှော်၍ အသိပေးနှိုးဆော်ကြေညာအပ်ပါသည်။

(ဆရာတော်ဘုရားကြီး - http://www.phyusayadaw.com/biography.html)

ထိုင်းနိုင်ငံ။

ဦးအဂ္ဂဝရ (ခေတ္တ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ)
ဖုံးနံပါတ်။ ။+၆၆ ၈ ၁၄၃၉ ၄၅၉၆။
ဆန်စစ်ကရစ်ယူနီဗာစီတီ၊ ဗာရာဏသီ၊ အိန္ဒိယ
ဓမ္မရက္ခိတ ဖြူးမဟာစည်၊ ရန်ကုန် နှင့်
မဟာစည်သာသနာ့ရိပ်သာ၊ ဖြူးမြို့။

စင်္ကာပူနိုင်ငံ။

ကိုညီညီလွင်+ မစမ်းမြ
ဖုံးနံပါတ်။ ။ +၆၅ ၉၀၀၉၆၈၂၀၊ +၆၅ ၉၈၅၁၇၆၆၀

မြန်မာနိုင်ငံ။

ဦးစန္ဒာသီရိ၊ ဦးစန္ဒောဘာသ။

အကျိုးတော်ဆောင်အဖွဲ့ -

ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ၊
အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈ ၊ ၅၀၁၈၄၆ (Ext- ၁၈၁) ၊ ၀၉၅၀ - ၁၇၅၅၄

အပြည့်ဖတ်မည်...

Thursday, November 19, 2009

ထင်ရာစိုင်းနေကြတဲ့ သန်းရွှေရဲ့  မြေး နေရွှေသွေးအောင်နဲ့  အပေါင်းအပါများ။
























နေရွှေသွေးအောင် (ခ) ဖိုးလပြည့်နဲ့  တွဲပြီး မည်သူ့ ကိုမျှ ဂရုမစိုက်ဘဲ နှစ်ယောက်ပေါင်းကာ ထင်ရာစိုင်းနေသောသူ တစ်ဦးမှာ ဆေးဝန်ထမ်း ညွှန်ချူပ် ဗိုလ်ချူပ် သန်းအောင်ရဲ့  သမက်ဖြစ်သူ ချိုလေးဆိုသူ ဖြစ်ပါတယ်။

နေရွှေသွေးအောင်နဲ့  ချိုလေးတို့ ဟာ သန်းရွှေရဲ့ အရှိန်အ၀ါ၊ မိဘဖြစ်သူတွေရဲ့  အရှိန်အ၀ါကို သုံးပြီး မြန်မာပြည်မှာ သောင်းကျန်းဆိုးရွားနေသူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ချိုလေးဟာ နေရွှေသွေးအောင်ကို အမှီပြုပြီး သူလုပ်ချင်တာတွေကို လုပ်ချင်သလို လုပ်ပါတယ်။ သူနဲ့ အတူ နေရွှေသွေးအောင်ကလည်း တွဲချက်ညီညီ ထင်ရာစိုင်းပါတယ်။

ချိုလေးဟာ လိုင်စင်မဲ့ကားတွေကို လိုင်စင်ရအောင်လုပ်ဖို့ အတွက် နေရွှေသွေးအောင်ကို အသုံးချပါတယ်။ ဒီလိုလုပ်လို့ ရတဲ့အတွက် နေရွှေသွေးအောင်ကိုလည်း ကဲချင်တိုင်းကဲဖို့ အတွက် အတူတူ သွားလာကြပါတယ်။ သူတို့ နှစ်ယောက် အတူတူ တစ်တွဲတွဲ သွားလာတဲ့အခါမှာ မော်ဒယ်ဂဲလ် (Model Girls) တွေနဲ့  ချိန်းချက်ပြီး သွားလာကြတယ်။ သူတို့ သွားတဲ့ ကားတွေပေါါ်မှာလည်း အချက်ပြမီးလုံးကို ကားပေါ်တင်ပြီး အထူးကား (VIP car) အနေနဲ့ သိသာအောင် ပြပြီး ကြွားဝါ လုပ်ပြလေ့ ရှိကြောင်းကိုလည်း သိရှိရပါတယ်။ ဒီလို ချိုလေးရဲ့  ကပ်ဖားပြီး ပေါင်းသင်းမှုကို နေရွှေသွေားအောင်ကလည်း နဂိုကမှ သန်းရွှေရဲ့  မြေးဆိုပြီး ထင်ရာစိုင်းနေသူပီပီ အနှစ်ခြိုက်ကြီး ကြိုက်နှစ်သက်ကာ ကဲချင်တိုင်း ကဲနေပါတယ်။

နေရွှေသွေးအောင်နဲ့  ချိုလေးတို့  ညတိုင်းနီးပါး သွားရောက်လေ့ရှိတာကတော့ မြရိပ်ညို ဖြစ်ပါတယ်။ သူတို့ နှစ်ဦးသွားတဲ့အခါတိုင်း သူတို့ နဲ့  ချိန်းချက်ထားတဲ့ မော်ဒယ်ဂဲလ်တစ်ချို့ ပါ ပါရှိပါတယ်။ နေရွှေသွေးအောင်၊ ချိုလေးတို့ နဲ့ အတူ အပေါင်းအပါတွေကတော့ ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီအုပ်စုပိုင်ရှင်ဖြစ်သူ ၀င်းအောင်ရဲ့ သားရယ်၊ နအဖ၀န်ကြီး စိုးသာရဲ့ သား အောင်စိုးသာတို့ ပါ ပါပါတယ်။

ကဲချင်တိုင်းကဲကြတဲ့အခါမှာ မူးယစ်ဆေးဝါးသုံးစွဲတာတွေ မိန်ကလေးတွေနဲ့  အတူအိပ်တာတွေ လုပ်ကြပါတယ်။ သူတို့ က အစပြုပြီး အနှိပ်ခန်းတွေကို သွား၊ ကလပ်တွေကိုသွားပြီး သောင်းကျန်းတာမို့  နောက်ဆုံး ဒီအနှိပ်ခန်းတွေ ကလပ်တွေ ထင်ပေါ်ကျော်ကြားလာပြီး မသိနားမလည်တဲ့ အသက်အရွယ် မပြည့်သေးသူလေးတွေပါ သွားရောက်တာတွေ ဖြစ်လာကာ လူသိရှင်ကြားဖြစ်လာလို့  တစ်လောကမှသာ နေ့ ခင်းဖွင့်တဲ့ ဒေးကလပ် (Day Club) တွေ ပိတ်ပြလိုက်တာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် တိတ်တိတ်ပုံး ရှိနေသေးတဲ့ နေရွှေသွေးအောင်တို့ လို ပျက်စီးချင်တိုင်းပျက်စီး ထင်ရာစိုင်းချင်တိုင်း ထင်ရာစိုင်းနေတဲ့ အပေါင်းအပါ လူငယ်တွေ ဆုံတွေ့ ရာ နေရာတွေ ရှိနေပါသေးတယ်။ ဒီနေရာတွေမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး မိန်းကလေးများနဲ့  ဖြစ်ချင်တိုင်း ဖြစ်နေတာတွေ ရှိနေပါတယ်။

နေရွှေသွေးအောင်တို့  အုပ်စုရဲ့ အတွင်းမှာဘဲ အချင်းချင်း ဂွင်လုကြလို့  နောက်ဆုံး နေရွှေသွေးအောင်ရဲ့  ယုတ်မာတဲ့ စနက်ကြောင့် တင်အောင်မြင့်ဦးရဲ့  သားဖြစ်သူ (ဗိုလ်ကြီးဟောင်း) နိုင်လင်းဦး (တေဇာစောဦး) ပိုင်ဆိုင်တဲ့ ရန်ကုန် ကမ္ဘာအေး ဘုရားလမ်းမပေါ်ရှိ အနုပညာ ဦးစီးဌာနပိုင် မြေနေရာပေါ်မှာ ရှိတဲ့ “7 Lekker” ကဖေးဆိုင် ဖျက်ဆီးခံလိုက်ရတာပါဘဲ။ နိုင်ငံတော်မြေနေရာကွက်ပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်လို့ ရမလားဆိုပြီး မသိတဲ့သူတွေ အထင်ကြီးရအောင် အကြောင်းပြချက်နဲ့  နေရွှေသွေးအောင်က ပြောဆိုဖျက်ဆီးပြလိုက်ပေမယ့် တကယ်တော့ နေရွှေသွေးအောင်ရဲ့  အချင်းချင်းအပေါ် ကောက်ကျစ်ယုတ်မာမှုဘဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို အတွင်းသိ အစင်းသိကြသူတွေက သိကြပါတယ်။ ဒါကြောင့် သန်းရွှေ သေရင် နေရွှေသွေးအောင်တော့ သတိသာထားပေတော့လို့  ကြိမ်းဝါးနေကြပါတယ်။ ထို့ အတူ စစ်တပ်အတွင်းက ဗိုလ်ချူပ် အတော်များများဟာလည်း နေရွှေသွေးအောင်ကို မကျေမနပ်ဖြစ်နေတယ်လို့  သိရှိရပါတယ်။

နေရွှေသွေးအောင်ကနေ နိုင်လင်းဦးရဲ့  ကဖေးဆိုင်ကို ဖျက်ပြစ်လိုက်တဲ့ အဓိက အကြောင်းရင်းကတော့ နေရွှေသွေးအောင်က အဲ့ဒီနေရာမှာ သူတို့ အပေါင်းအပါတွေ ကဲလို့ ရအောင် သီးသန့် ကလပ် (VIP club) တစ်ခုလုပ်ချင်လို့  ပြောဆိုရာကနေ ပြဿနာ စဖြစ်တာပါဘဲ။ ဒါကို နိုင်လင်းဦးက လက်မခံတဲ့ အတွက် နေရွှေသွေးအောင်က ချိုလေးရဲ့  မြှောက်ပင့်မှု၊ ကဖေးဆိုင် အစုရှယ်ယာပါတဲ့ အောင်စိုးသာရဲ့  ဘက်လိုက်မှုတွေကြောင့် ဒီလို အချင်းချင်း ဆော်ထည့်လိုက်တာ ဖြစ်ပါတယ်။

ဒီလိုမျိုး နေရွေသွေးအောင်ကို အနီးကပ် မြှောက်ပင့်သွေးထိုးနေသူ ချိုလေးနဲ့  နဂိုကမှ ဘယ်သူကိုမှ ဗိုလ်မထားချင်တဲ့ နေရွှေသွေးအောင်တို့  ရဲ့  စနက်ဖြစ်ပါတယ်။

ချိုလေးဟာ နေရွှေသွေးအောင်ကို မျောက်ပြဆန်တောင်းသလို လုပ်ပြီး စီးပွားရေးသောင်းကျန်းလာလို့  မသမာသော ငွေကြေးများနဲ့  ပြည့်စုံလာနေပါတယ်။ ချိုလေးဟာ အရပ် (၆) ပေ (၁) လက်မခန့် ရှိပြီး ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်တွေ ထိုးထားပါတယ်။ သူ့ မှာ ဆရာဝန်မတစ်ဦးနဲ့  အိမ်ထောင်ကျပြီး သမီး နှစ်ယောက်ရှိပေမယ့် သမီးချင်း နှမချင်း မစာနာဘဲ မိန်းကလေးတွေကို နေရွှေသွေးအောင်နဲ့  ပေါင်းပြီး ဖျက်ဆီးသောင်းကျန်းနေသူ ဖြစ်ပါတယ်။

နေရွှေသွေးအောင်ရယ် ချိုလေးရယ် အောင်စိုးသာတို့ ရယ်ဟာ ဂိုဏ်းအုပ်စုဖွဲ့ ထားပြီး ဂိုဏ်းအုပ်စုနာမည်ကို “ဆင်စွယ်” လို့  သတ်မှတ်ထားကြောင်းနဲ့  သူတို့ သွားလာသောင်းကျန်းတဲ့ နေရာတွေမှာ ဒီနာမည်ကို အသုံးပြုကြောင်း သိရှိရပါတယ်။

ယခင် မဆလတစ်ပါတီ အာဏာရှင်နေ၀င်းရဲ့  မြေးတွေ သောင်းကျန်းပြီး ဂိုဏ်းဖွဲ့ ထားတဲ့ စကော်ပီယံ “Scorpion” ဂိုဏ်းထက် ပိုဆိုးတဲ့ သန်းရွှေရဲ့ မြေး နေရွှေသွေးအောင်ရဲ့  ဂိုဏ်းအုပ်စုကြောင့် သူတို့ အချင်းချင်း ဇတ်တူသားစား ဆော်ကြနှက်ကြတာအပြင် သူတို့ ရဲ့  အစပြုလုပ်ရပ်များကြောင့် အခြားသော မသိ နားမလည်သည့် အချို့ သော လူငယ်လူရွယ် ယောင်္ကျာလေး မိန်းကလေးများပါ ပျက်စီးမှု လမ်းကြောင်းပေါ်ရောက်ရှိနေတာ တွေ့ ရှိနေရပါတယ်။

တင်အောင်မြင့်ဦးရဲ့  သား နိုင်လင်းဦးကို နေရွှေသွေးအောင် လူကြားကောင်းအောင် ပြောခဲ့တဲ့ “နိုင်ငံတော်မြေနေရာကွက်ပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်လို့ ရမလား” ဆိုတဲ့စကားအတိုင်း ပြောကြေးဆိုရင် “ပြည်သူတွေ ပိုင်ဆိုင်တဲ့ မြန်မာပြည်မြေပေါ်မှာ ဒီလို ထင်ရာစိုင်းလို့  ရသလား” ဆိုတာပါ။

အပြည့်ဖတ်မည်...